အမြင့်ဆယ်တောင်စီရှိသောခေရုဗိမ်နှစ်ပါးကို သံလွင်သားဖြင့်ထုလုပ်၍ သန့်ရှင်းရာဌာနတော်တွင်ထား၏။
၃ ရာ 6:31 - မြန်မာ့စံမီသမ္မာကျမ်း သန့်ရှင်းရာဌာန၏အဝင်ဝတံခါးကို သံလွင်သားဖြင့် ပြုလုပ်ထားပြီး တံခါးတိုင်၌ ကျည်းဘောင်ငါးထပ်ပါရှိ၏။ Common Language Bible အလွန်သန့်ရှင်းရာဌာနအဝင်ဝ၌သံလွင် သားတံခါးရွက်နှစ်ရွက်ကိုတပ်ဆင်ထား၍ တံခါးပေါက်ထိပ်ပိုင်းမှာအခုံးချွန်ပုံသဏ္ဌာန် ရှိ၏။- Garrad Bible အ တွင်း ခန်း သို့ ဝင် ရန်၊ ငါး ထောင့် ကုံး တံ ခါး ဘောင် ခွေ လျက်၊ သံ လွင် သား တံ ခါး ရွက် ကို လုပ် ပြီး လျှင် Judson Bible ဗျာဒိတ်ဌာနတော်ဝင်ဝဖို့ သံလွင်သား တံခါးရွက်နှစ်ရွက်ကို လုပ်၍၊ တံခါးထုပ်နှင့်တံခါးတိုင်တို့သည် ထရံငါးစုတစ်စုကို စားကြ၏။ |
အမြင့်ဆယ်တောင်စီရှိသောခေရုဗိမ်နှစ်ပါးကို သံလွင်သားဖြင့်ထုလုပ်၍ သန့်ရှင်းရာဌာနတော်တွင်ထား၏။
အိမ်တော်အတွင်းခန်း၊ အပြင်ခန်းတို့၏ကြမ်းခင်းများကိုလည်း ရွှေဖြင့်မွမ်းမံထား၏။
သံလွင်သားတံခါးရွက်နှစ်ရွက်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံတို့ကို ပန်းပုလက်ရာမြောက်စွာထုလုပ်ထားပြီး ရွှေဖြင့်မွမ်းမံထား၏။ ခေရုဗိမ်ပုံနှင့် စွန်ပလွံပင်ပုံတို့ကို ရွှေဖြင့်ကပ်ထား၏။
မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အိမ်တော်တံခါး၊ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် ဗိမာန်တော်ပင်မဆောင်၏တံခါးကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
သွေးကိုယူပြီးလျှင် သိုးသငယ်ကိုစားသောသူတို့နေသောအိမ်များ၏တံခါးတိုင်နှစ်ဖက်နှင့် တံခါးထုပ်တို့၌ သုတ်လိမ်းရမည်။
ငါသည် တံခါးပေါက်ဖြစ်၏။ မည်သူမဆို ငါ့အားဖြင့်ဝင်လျှင် ကယ်တင်ခြင်းခံရမည်။ ထိုသူသည် ဝင်ထွက်ကာ ကျက်စားရာကိုတွေ့ရလိမ့်မည်။
ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။
ထိုမေတ္တာတော်၏အလျား၊ အနံ၊ အမြင့်၊ အနက်တို့ မည်မျှရှိသည်ကို သန့်ရှင်းသူအားလုံးနှင့်အတူ သဘောပေါက်နိုင်စွမ်းရှိသဖြင့်