ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ နှဲ၊ လင်းကွင်း စသည့်ထင်းရှူးသားဖြင့်ပြုလုပ်ထားသောတူရိယာအမျိုးမျိုးတို့ကို တီးမှုတ်လျက် ထာဝရဘုရားရှေ့တော်တွင် ပျော်မြူးကြ၏။
၃ ရာ 6:15 - မြန်မာ့စံမီသမ္မာကျမ်း အိမ်တော်အတွင်းနံရံကို သစ်ကတိုးပြားများဖြင့် တည်ဆောက်၏။ အိမ်တော်ကြမ်းပြင်မှ မျက်နှာကြက်အထိ အတွင်းနံရံများကို သစ်သားများဖြင့် အုပ်ထား၏။ အိမ်တော်ကြမ်းခင်းကိုမူ ထင်းရှူးပြားများဖြင့် ခင်းထား၏။ Common Language Bible အတွင်းနံရံများကိုကြမ်းမှမျက်နှာကျက် တိုင်အောင် သစ်ကတိုးသားပျဉ်ဖြင့်ဖုံးအုပ်ပြီး လျှင် ကြမ်းကိုထင်းရှူးပျဉ်များဖြင့်ခင်းထား လေသည်။- Garrad Bible အောက် ခင်း မှ ထုပ် လျောက် တိုင် အောင် ဗိ မာန် တော် အ တွင်း နံ ရံ များ ကို သစ် က တိုး ပျဉ် ဖြင့် ကာ ၍ အောက် ခင်း ကို ကား ထင်း ရူး ပျဉ် ဖြင့် ခင်း လေ ၏။ Judson Bible ကြမ်းမှသည်အမိုးတိုင်အောင် အတွင်းထရံကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်၍၊ ကြမ်းကိုလည်း ဒုကြီးသောထင်းရှူးပျဉ်ပြားဖြင့် ပြီးစေ၏။ |
ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ နှဲ၊ လင်းကွင်း စသည့်ထင်းရှူးသားဖြင့်ပြုလုပ်ထားသောတူရိယာအမျိုးမျိုးတို့ကို တီးမှုတ်လျက် ထာဝရဘုရားရှေ့တော်တွင် ပျော်မြူးကြ၏။
တရားစီရင်ရာ တရားပလ္လင်ခန်းမဆောင်ကိုလည်း တည်ဆောက်၏။ ထိုတရားစီရင်ရာခန်းမဆောင်သည် ကြမ်းခင်းမှဒိုင်းအထိ သစ်ကတိုးသားများဖြင့် ပြီးလေ၏။
သူသည် မြို့ရိုးဖြစ်လျှင် ထိုအပေါ်တွင် ငွေပြအိုးကိုတည်မည်။ သူသည် တံခါးဖြစ်လျှင် သူ့ကိုသစ်ကတိုးသားဖြင့် ဆောက်လုပ်မည်။”
တံခါးခုံများ၊ ရာဇမတ်ကွက်ပြတင်းပေါက်ငယ်များနှင့် တံခါးခုံရှေ့ရှိ သုံးဘက်သုံးတန်မှလျှောက်လမ်းများကို သစ်သားဖြင့် အလှဆင်ထား၏။ ကြမ်းပြင်မှပြတင်းပေါက်အထိနံရံများ၊ ပြတင်းပေါက်များကိုလည်း သစ်သားဖြင့် အလှဆင်ထား၏။