Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ရာ 7:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 တရားစီရင်​ရာ တရားပလ္လင်​ခန်းမဆောင်​ကို​လည်း တည်ဆောက်​၏​။ ထို​တရားစီရင်​ရာ​ခန်းမဆောင်​သည် ကြမ်းခင်း​မှ​ဒိုင်း​အထိ သစ်ကတိုးသား​များ​ဖြင့် ပြီး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 အ​မှု​အ​ခင်း​များ​ကို​ရှော​လ​မုန်​စစ်​ဆေး​စီ​ရင် သည့် တ​ရား​စီ​ရင်​ရာ​ခန်း​မ​ဆောင်​ဟု​ခေါ်​သော ရာ​ဇ​ပလ္လင်​ခန်း​ကို​ကြမ်း​ပြင်​မှ​ဒိုင်း​များ​အ​ထိ သစ်​က​တိုး​သား​ပျဉ်​ဖြင့်​ခင်း​ကာ​ထား​လေ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 တ ရား ပ လ္လင် တည် ၍ တ ရား စီ ရင် ရန် စ မုတ် ဆောင် တော် လုပ် ရာ ကြမ်း ခင်း မှ မျက် နှာ ကြက် တိုင် အောင်၊ သစ် က တိုး ပျဉ် ဖြင့် ခင်း ကာ လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 တ​ရား​စီ​ရင်​ရာ က​နား​ပြင်​တည်း​ဟူ​သော တ​ရား​ပ​လ္လင်​တည်​ရာ က​နား​ပြင်​ကို​လည်း​လုပ်၍၊ ကြမ်း​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် အာ​ရဇ်​ပျဉ်​ပြား​တို့​နှင့် မိုး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 7:7
8 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ထိုသို့​ရှင်ဘုရင်​စီရင်​လိုက်​သော​အမှု​ကို ကြားသိ​ရ​သောအခါ ရှင်ဘုရင်​၏​နှလုံးသား​ထဲတွင် ဘုရားသခင်​၏​ဉာဏ်ပညာ​တည်နေ​သောကြောင့်​သာ ဤသို့​စီရင်​နိုင်​ကြောင်း​ကို သိ​ကြ​သောကြောင့် ရှင်ဘုရင်​ကို ကြောက်ရွံ့ရိုသေ​ကြ​လေ​၏​။


ဤ​များပြား​လှ​သော​ကိုယ်တော်​၏​လူမျိုး​တော်​ကို မည်သူ​အုပ်ချုပ်​နိုင်​ပါ​မည်နည်း​။ ထို့ကြောင့် ကိုယ်တော့်​အစေအပါး​အား ကိုယ်တော်​၏​လူမျိုး​တော်​ကို စီရင်အုပ်ချုပ်​နိုင်​ရန်​နှင့် အကောင်း​အဆိုး​ကို ဝေဖန်ပိုင်းခြား​နိုင်​ရန်​အတွက် သိနားလည်​နိုင်​သော​နှလုံးသား​ကို ပေး​တော်မူ​ပါ​”​ဟု တောင်းလျှောက်​၏​။


အိမ်​တော်​၏​ပင်မဆောင်​ရှေ့​ဆင်ဝင်​သည် အိမ်​တော်​မျက်နှာစာ​အကျယ်​ရှိ​သည့်​အတိုင်း အလျား​အတောင်​နှစ်ဆယ်​၊ အနံ​မှာ အိမ်​တော်​ရှေ့​၌ အတောင်​တစ်ဆယ်​ရှိ​၏​။


အကြောင်းမူကား ထို​အရပ်​၌ တရားစီရင်​ရာ​ပလ္လင်​များ​တည်းဟူသော ဒါဝိဒ်​အမျိုးအနွယ်​၏​ပလ္လင်​များ​ရှိ​၏​။


တရားစီရင်​ရာ​ပလ္လင်​ပေါ်တွင်​ထိုင်​သော ရှင်ဘုရင်​သည် မကောင်းမှု​ရှိသမျှ​ကို မိမိ​၏​မျက်စိ​ဖြင့် လွင့်သွား​စေ​တတ်​၏​။


သူ​၏​အာဏာစက်​သည် အစဉ်​တိုးပွား​၍ ငြိမ်သက်​ခြင်း​သည် အဆုံး​မ​ရှိ​။ ဒါဝိဒ်​၏​ရာဇပလ္လင်​ပေါ်တွင်​ထိုင်​၍ နိုင်ငံ​တော်​ကို ယခု​မှစ၍ နောင်ကာလ​အစဉ် တရားမျှတ​ခြင်း၊ ဖြောင့်မတ်​ခြင်း​တို့​ဖြင့် တည်တံ့​ခိုင်မြဲ​စေ​မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စိတ်အားထက်သန်​စွာ​ဖြင့် ဤ​အမှု​ကို ပြု​တော်မူ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ