ထို့ပြင် ရှင်ဘုရင်သည် ဆင်စွယ်ရာဇပလ္လင်ကြီးကို ထုလုပ်ပြီး ရွှေစင်ဖြင့်မွမ်းမံထား၏။
၃ ရာ 22:39 - မြန်မာ့စံမီသမ္မာကျမ်း ကျန်ရှိနေသော အာဟပ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာဟူသမျှ၊ ဆင်စွယ်နန်းတော်တည်ဆောက်ခဲ့ပုံ၊ မြို့များတည်ခဲ့ပုံတို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ Common Language Bible အာဟပ်မင်း၏ဆင်စွယ်နန်းတော်အကြောင်း နှင့် သူတည်ထောင်ခဲ့သောမြို့များအပါဝင် သူဆောင်ရွက်ခဲ့သည့်အခြားအမှုအရာရှိ သမျှကိုဣသရေလရာဇဝင်တွင်ရေး ထားသတည်း။- Garrad Bible အာ ဟပ် မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် နှင့် တည် ဆောက် သော ဆင် စွယ် နန်း၊ ပြု စု သော မြို့ ရွာ များ ပါ ဣ သ ရေ လ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ ၏။ Judson Bible အာဟပ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် တည်ဆောက်သော ဆင်စွယ်နန်း၊ ပြုစုသောမြို့တို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ |
ထို့ပြင် ရှင်ဘုရင်သည် ဆင်စွယ်ရာဇပလ္လင်ကြီးကို ထုလုပ်ပြီး ရွှေစင်ဖြင့်မွမ်းမံထား၏။
ရှင်ဘုရင်ပိုင် တာရှုသင်္ဘောသည် ဟိရံမင်းကြီးပိုင်သင်္ဘောနှင့်အတူ ပင်လယ်တွင် ကူးသန်းသွားလာ၏။ ထိုတာရှုသင်္ဘောသည် သုံးနှစ်တစ်ခါ ပြန်လာပြီး ရွှေငွေများ၊ ဆင်စွယ်များ၊ မျောက်ဝံများ၊ ဒေါင်းများကို ယူဆောင်လာလေ့ရှိ၏။
ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ စစ်တိုက်ခဲ့ပုံများ၊ အုပ်ချုပ်ခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော အာသမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ သူပြုခဲ့သမျှသောအရာများ၊ တည်ဆောက်ခဲ့သောမြို့များအကြောင်း စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ သူသည် အိုမင်းချိန်ရောက်သောအခါ ခြေထောက်တွင် အနာဖြစ်၏။
ကျန်ရှိနေသော နာဒပ်မင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှသောအရာများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ဇိမရိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူ၏လျှို့ဝှက်ပုန်ကန်မှုအကြောင်းများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ဩမရိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ဗာရှာမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
အာဟပ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ၏သားတော်အာခဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ကျန်ရှိနေသော အာခဇိမင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သောအရာများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ရှလ္လုံမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ရှင်ဘုရင်ကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ခဲ့ပုံများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကိုယ်တော်၏အဝတ်ရှိသမျှတို့သည် မုရန်၊ သစ်မွှေး၊ သစ်ကြံပိုးတို့ဖြင့် မွှေးကြိုင်လျက်ရှိပါ၏။ ဆင်စွယ်နန်းတော်များမှ ကြိုးတပ်တူရိယာတို့သည် ကိုယ်တော်ကိုဝမ်းမြောက်စေပါ၏။
ဒေဒန်အမျိုးသားတို့သည် သင်နှင့်ကုန်သွယ်ကြ၏။ ကမ်းရိုးတန်းရှိလူများစွာတို့သည် သင့်လက်စွဲကုန်သည်များဖြစ်ကြ၏။ သူတို့သည် သင့်ကို ဆင်စွယ်၊ သစ်နက်တို့နှင့် ပေးချေကြ၏။
လှော်တက်ကို ဗာရှန်တောင်မှလာသောဝက်သစ်ချသားနှင့် လုပ်ထား၏။ ကုန်းပတ်ကို ဆိုက်ပရပ်ကျွန်းမှလာသောထင်းရှူးသားဖြင့်လုပ်၍ ဆင်စွယ်ဖြင့် မွမ်းမံ၏။
ဆောင်းရာသီစံအိမ်၊ နွေရာသီစံအိမ်တို့ကို ငါဖြိုဖျက်ပစ်မည်။ ဆင်စွယ်အိမ်များကိုလည်းဖျက်ဆီးသဖြင့် ခမ်းနားထည်ဝါသောစံအိမ်များ ပျက်စီးရလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့သည် ဆင်စွယ်ခုတင်တွင် အိပ်လျက်၊ ညောင်စောင်းပေါ်တွင် လဲလျောင်းလျက်၊ သိုးအုပ်ထဲမှသိုးသငယ်များနှင့် တင်းကုပ်ထဲမှနွားသငယ်များကို သတ်စားလျက်၊