ငါတို့ ဘိသိက်သွန်းမင်းမြှောက်ပေးခဲ့သော အဗရှလုံလည်း တိုက်ပွဲတွင် ကျဆုံးလေပြီ။ ယခုမှာ ရှင်ဘုရင်ကို ပြန်မကြွစေဘဲ အဘယ်ကြောင့်ငြိမ်နေကြသနည်း”ဟု အပြန်အလှန် ငြင်းခုံနေကြ၏။
၃ ရာ 22:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အစ္စရေးဘုရင်က မိမိအမှုထမ်းတို့အား “ရာမုတ်ဂိလဒ်မြို့သည် ငါတို့အပိုင်ဖြစ်ကြောင်းကို သင်တို့သိလျက်နှင့် ဆီးရီးယားဘုရင်လက်မှ ပြန်မသိမ်းယူဘဲ အဘယ်ကြောင့် ငြိမ်နေကြသနည်း”ဟု မိန့်ဆို၏။ Common Language Bible အာဟပ်သည်မိမိ၏မှူးမတ်တို့အား``ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကိုရှုရိဘုရင်ထံမှပြန် လည်ရရှိရန် အဘယ်ကြောင့်မည်သို့မျှမပြုဘဲ နေကြပါသနည်း။ ထိုမြို့ကိုငါတို့ပိုင်သည် မဟုတ်ပါလော'' ဟုမိန့်တော်မူ၏။- Garrad Bible ဣ သ ရေ လ ဘု ရင် မင်း က၊ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သည် ငါ တို့ ပိုင် ဖြစ် လျက် ရှု ရိ ဘု ရင် လက် မှ ပြန် မ သိမ်း ဘဲ နေ သည် ကို မ သိ ကြ လော ဟု ကိုယ့် ကျေး ကျွန် သင်း ပင်း တို့ အား မိန့် ဆို ပြီး လျှင် Judson Bible ဣသရေလရှင်ဘုရင်ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သည် ငါတို့နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့မသိလော။ ငါတို့သည် ရှုရိရှင်ဘုရင်လက်မှ မနုတ်မယူဘဲ ငြိမ်သက်စွာ နေကြပြီတကားဟု မိမိကျွန်တို့အားဆို၏။ |
ငါတို့ ဘိသိက်သွန်းမင်းမြှောက်ပေးခဲ့သော အဗရှလုံလည်း တိုက်ပွဲတွင် ကျဆုံးလေပြီ။ ယခုမှာ ရှင်ဘုရင်ကို ပြန်မကြွစေဘဲ အဘယ်ကြောင့်ငြိမ်နေကြသနည်း”ဟု အပြန်အလှန် ငြင်းခုံနေကြ၏။
ဤသို့ဖြင့် အစ္စရေးဘုရင်နှင့် ယုဒဘုရင်ယောရှဖတ်မင်းကြီးတို့သည် ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီသွားကြ၏။
ဂိလဒ်ပြည်သား၊ မနာရှေ၏သားယာဣရပိုင်သောမြို့ငယ်များမှစ၍ ဗာရှန်ပြည်ရှိ အာဂေါဘနယ်၊ ခိုင်ခံ့သောမြို့ရိုးနှင့် ကြေးနီကန့်လန့်ကျင်ရှိသည့် မြို့ခြောက်ဆယ်အပါအဝင် ရာမုတ်ဂိလဒ်မြို့၏နယ်စားမင်း ဗင်ဂေဗာ၊
သူသည် အာဟပ်မင်းကြီး၏သားတော် ယောရံမင်းကြီးနှင့်အတူ ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီ၍ ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးကို တိုက်ခိုက်ရာ ဆီးရီးယားလူမျိုးတို့လက်ချက်ဖြင့် ယောရံမင်းကြီး ဒဏ်ရာရသွား၏။
ဤသို့ဖြင့် နိမ်ရှိ၏မြေး၊ ယောရှဖတ်၏သားယေဟုသည် ယောရံမင်းကြီးကို လုပ်ကြံရန်လျှို့ဝှက်ကြံစည်လေ၏။ ထိုအချိန်တွင် ယောရံမင်းကြီးနှင့် အစ္စရေးစစ်သည်အပေါင်းတို့သည် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီး၏ရန်ကြောင့် ရာမုတ်ဂိလဒ်မြို့ကို စောင့်ကြပ်လျက်နေ၏။
ထိုမြို့သုံးမြို့မှာ ရုဗင်အမျိုးအတွက် တောကန္တာရလွင်ပြင်ရှိ ဗေဇာမြို့၊ ဂဒ်အမျိုးအတွက် ဂိလဒ်ပြည်ရှိ ရာမုတ်မြို့၊ မနာရှေအမျိုးအတွက် ဗာရှန်ပြည်ရှိ ဂေါလန်မြို့ဖြစ်၏။
ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဂျေရိခေါမြို့အရှေ့ဘက် ရုဗင်အမျိုးအနွယ်ပိုင် ကန္တာရလွင်ပြင်ရှိ ဗေဇာမြို့၊ ဂဒ်အမျိုးအနွယ်ပိုင် ဂိလဒ်ပြည်ရှိ ရာမုတ်မြို့၊ မနာရှေအမျိုးအနွယ်ပိုင် ဗာရှန်ပြည်ရှိ ဂေါလန်မြို့တို့ကို ရွေးချယ်၏။
ဂဒ်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဂိလဒ်ပြည်၊ ရာမုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ မဟာနိမ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊
“ဤမြို့သို့ ရှံဆုန်ရောက်လာပြီ”ဟူသောသတင်းကို ဂါဇမြို့သားတို့ ကြားသိသောအခါ ထိုနေရာကိုဝိုင်းထား၍ မြို့တံခါး၌ တစ်ညလုံးချောင်းမြောင်းနေကြ၏။ သူတို့က “နံနက်မိုးလင်းလျှင် သူ့ကို ငါတို့သတ်မည်”ဟု ဆိုလျက် တစ်ညလုံး တိတ်ဆိတ်စွာနေကြ၏။
သူတို့ကလည်း “လာကြ၊ သူတို့ကို သွားတိုက်ကြစို့၊ ထိုပြည်ကို ငါတို့မြင်ခဲ့ပြီ။ အလွန်သာယာသောပြည် ဖြစ်၏။ ငြိမ်မနေကြနှင့်။ တွန့်ဆုတ်မနေကြနှင့်။ ထိုပြည်ကို သွားရောက်သိမ်းပိုက်ကြစို့။