Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 18:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 သူ​တို့​က​လည်း “​လာ​ကြ​၊ သူ​တို့​ကို သွားတိုက်​ကြ​စို့​၊ ထို​ပြည်​ကို ငါ​တို့​မြင်​ခဲ့​ပြီ​။ အလွန်​သာယာ​သော​ပြည် ဖြစ်​၏​။ ငြိမ်မနေ​ကြ​နှင့်​။ တွန့်ဆုတ်​မ​နေ​ကြ​နှင့်​။ ထို​ပြည်​ကို သွားရောက်​သိမ်းပိုက်​ကြ​စို့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 သူ​တို့​က​လည်း``လာ​ကြ၊ လဲ​ရှ​မြို့​ကို​ငါ တို့​သွား​ရောက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထို နယ်​မြေ​သည်​အ​လွန်​ကောင်း​မွန်​ကြောင်း ကို​ငါ​တို့​တွေ့​မြင်​ခဲ့​ရ​ပြီ။ ဤ​အ​ရပ်​တွင် ဆိုင်း​လင့်​၍​နေ​ကြ​မည်​လော။ အ​လျင် အ​မြန်​ထို​နယ်​မြေ​ကို​ဝင်​ရောက်​သိမ်း​ယူ ကြ​ကုန်​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ထို နယ် သည် အ လွန် တ ရာ ကောင်း လှ သည် ကို ကျွန်ုပ် တို့ သိ မြင် ခဲ့ ပြီ။ သင် တို့ ဆိုင်း လင့် လို သေး သ လော။ ဝင် ရောက်၍ အ ပိုင် ယူ ရန် မ ဖင့် နွှဲ ကြ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 သူ​တို့​က၊ ထ၍ သွား​တိုက်​ကြ​ကုန်​အံ့၊ ထို​ပြည်​သည် ကောင်း​မွန်​သော ပြည်​ဖြစ်​သည်​ကို ငါ​တို့​မြင်​ပြီ။ ငြိမ်​ဝပ်​စွာ နေ​ကြ​သေး​သ​လော။ ထို​ပြည်​ကို သိမ်း​ယူ​ဝင်​စား​ခြင်း​ငှာ မ​ဖင့်​နွှဲ​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 18:9
13 ပူးပေါင်းရင်းမြစ်များ  

အားယူ​ကြ​လော့​။ ငါ​တို့​လူမျိုး​အတွက်​၊ ငါ​တို့​ဘုရားသခင်​၏​မြို့​တော်​အတွက် ငါ​တို့​ရဲရင့်​စွာ​တိုက်​ကြ​စို့​။ ထာဝရဘုရား​သည် အလို​တော်​ရှိ​သည့်​အတိုင်း လုပ်ဆောင်​ပေး​တော်မူ​လိမ့်မည်​”​ဟု အားပေးစကား​ဆို​၏​။


ထို့ကြောင့် ယခု​ကြည့်​ပါ​။ ထာဝရဘုရား​သည် မင်းကြီး​၏​ပရောဖက်​အပေါင်း​တို့​နှုတ်​၌ မုသား​မြွက်ဆို​သော​ဝိညာဉ်​ကို သွင်း​တော်မူ​ပြီ​။ မင်းကြီး​လည်း ဘေးဆိုး​နှင့်​ကြုံ​ရ​မည်​ဟူ၍ ထာဝရဘုရား​မိန့်ဆို​လေ​ပြီ​”​ဟု ဆို​၏​။


ထိုအခါ အစ္စရေး​ဘုရင်​က မိမိ​အမှုထမ်း​တို့​အား “​ရာမုတ်ဂိလဒ်​မြို့​သည် ငါ​တို့​အပိုင်​ဖြစ်ကြောင်း​ကို သင်​တို့​သိ​လျက်​နှင့် ဆီးရီးယား​ဘုရင်​လက်​မှ ပြန်​မ​သိမ်းယူ​ဘဲ အဘယ်ကြောင့် ငြိမ်​နေ​ကြ​သနည်း​”​ဟု မိန့်ဆို​၏​။


ထိုအခါ ကာလက်​သည် မောရှေ​ရှေ့​၌​ရှိ​သော လူ​တို့​ကို​တိတ်ဆိတ်​စေ​ပြီး “​ငါ​တို့​သည် ထို​ပြည်​ကို အနိုင်ရ​မည်​မှာ​သေချာ​၏​။ ယခုပင် တက်သွား​၍ ထို​ပြည်​ကို​သိမ်းပိုက်​ကြ​စို့​”​ဟု ဆို​လေ​၏​။


ပျက်စီး​တတ်​သော​အစားအစာ​အတွက်​မ​ဟုတ်​ဘဲ လူ့သား​သည် သင်​တို့​ကို​ပေး​မည့် ထာဝရ​အသက်​တိုင်အောင်​တည်မြဲ​သော​အစားအစာ​အတွက် လုပ်ဆောင်​ကြ​လော့။ အကြောင်းမူကား ခမည်းတော်​ဘုရား​သည် ထို​လူ့သား​ကို တံဆိပ်​ခတ်နှိပ်​တော်မူ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ထို့ကြောင့် ယောရှု​က အစ္စရေး​အမျိုးသား​တို့​အား “​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား ပေး​တော်မူ​သော​ပြည်​ကို သွားရောက်​သိမ်းပိုက်​ရန် မည်မျှ​အချိန်ဆွဲ​နေ​ဦး​မည်နည်း​။


သင်​တို့​ရောက်သွား​သောအခါ ကျယ်ဝန်း​သော​ပြည်​နှင့် စိတ်အေးလက်အေး​နေထိုင်​သော​လူ​တို့​ကို တွေ့​ရ​လိမ့်မည်​။ ဘုရားသခင်​သည် လိုလေသေး​မ​ရှိ ပြီးပြည့်စုံ​သော​ထို​ပြည်​ကြီး​ကို သင်​တို့​လက်​သို့ အပ်​တော်မူ​ပြီ​”​ဟု ပြန်ပြော​ကြ​၏​။


သူ​တို့​သည် အမျိုးသားချင်း​တို့​ရှိ​ရာ ဇောရာ​မြို့​၊ ဧရှတောလ​မြို့​သို့ ပြန်ရောက်​သောအခါ အမျိုးသားချင်း​တို့​က “​အခြေအနေ မည်သို့နည်း​”​ဟု မေးမြန်း​ကြ​၏​။


အို ဖိလိတ္တိ​လူမျိုး​တို့​၊ အားယူ​ကြ​လော့​။ ယောက်ျား​ပီသ​ကြ​လော့​။ သို့မဟုတ်လျှင် ဟေဗြဲ​လူမျိုး​တို့​သည် သင်​တို့​ထံ၌ ကျွန်ခံ​ခဲ့​ရ​သကဲ့သို့ သင်​တို့​သည် သူ​တို့​ထံ ကျွန်ပြန်ခံ​ရ​မည်​။ ထို့ကြောင့် ယောက်ျားပီပီ တိုက်​ကြ​လော့​”​ဟု ပြောဆို​ကြ​ပြီး


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ