ထိုအခါ မိက္ခာယက “အရှင်မင်းကြီး ဘေးကင်းစွာအမှန်ပြန်လာရသည်ဆိုလျှင် အကျွန်ုပ်အားဖြင့် ထာဝရဘုရားမိန့်မှာသည်မဟုတ်”ဟု ပြန်ပြောပြီးလျှင် “လူအပေါင်းတို့၊ ငါ့စကားကို မှတ်ထားကြလော့”ဟု ဆို၏။
မိက္ခာက``အကယ်၍ဘုရင်မင်းကောင်းမွန်ချော မောစွာပြန်လည်ရောက်ရှိလာပါမူအကျွန်ုပ် ဆင့်ဆိုသောစကားများသည်ထာဝရဘုရား မိန့်တော်မူသောစကားများမဟုတ်နိုင်။ အို လူ အပေါင်းတို့၊ ငါပြောသည်ကိုနားထောင်ထား ကြလော့'' ဟုဆို၏။
မိ က္ခာ က၊ အ ကယ်၍ ဘု ရင် မင်း ချမ်း သာ စွာ ပြန် လာ ရ လျှင် ထာ ဝ ရ ဘု ရား သည် အ ကျွန်ုပ် အား ဖြင့် ဗျာ ဒိတ်ပေး တော် မူ သည် မ ဟုတ် ဟူ၍ လည်း ကောင်း၊ အို လူ မျိုး အ ပေါင်း တို့ နာ ခံ ကြ လော့ ဟူ၍ လည်း ကောင်း ဆို လေ ၏။
မိက္ခာကလည်း၊ မင်းကြီးသည် ငြိမ်ဝပ်စွာပြန်လာရလျှင် ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မမူ၊ အိုလူများအပေါင်းတို့၊ နားထောင်ကြလော့ဟု ဆို၏။
ထိုအခါ ဧလိယက တပ်သားငါးဆယ်အုပ်တပ်မှူးအား “ငါသည် ဘုရားသခင်၏လူမှန်လျှင် မိုးကောင်းကင်မှမီးကျပြီး သင်နှင့် သင့်လူအယောက်ငါးဆယ်ကို လောင်ကျွမ်းပါစေသော”ဟုဆိုလျှင် မိုးကောင်းကင်မှမီးကျလာပြီး တပ်မှူးနှင့် သူ၏တပ်သားအယောက်ငါးဆယ်ကို လောင်ကျွမ်းလေ၏။
ဧလိယကလည်း “ငါသည် ဘုရားသခင်၏လူမှန်လျှင် မိုးကောင်းကင်မှမီးကျလာပြီး သင်နှင့်သင့်လူအယောက်ငါးဆယ်ကို လောင်ကျွမ်းပါစေသော”ဟုဆိုလျှင် မိုးကောင်းကင်မှမီးကျလာပြီး တပ်မှူးနှင့် သူ၏တပ်သားအယောက်ငါးဆယ်ကို လောင်ကျွမ်းပြန်၏။
ထိုအခါ မိက္ခာယက “အရှင်မင်းကြီး ဘေးကင်းစွာ အမှန်ပြန်လာရသည်ဆိုလျှင် အကျွန်ုပ်အားဖြင့် ထာဝရဘုရားမိန့်မှာသည်မဟုတ်”ဟု ပြန်ပြောပြီးလျှင် “လူအပေါင်းတို့ ငါ့စကားကို မှတ်ထားကြလော့”ဟု ဆို၏။
ငါသည် ငါ့အစေအပါး၏စကားကို တည်စေ၏။ ငါ့စေတမန်တို့၏အကြံဉာဏ်ကို အထမြောက်စေ၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့သည် လူတို့နေထိုင်ရာအရပ်ဖြစ်လိမ့်မည်’ဟူ၍လည်းကောင်း၊ ယုဒမြို့တို့နှင့်ပတ်သက်၍ ‘ထိုမြို့တို့သည် တည်ဆောက်ခြင်းခံရမည်။ မြို့၏ပြိုပျက်ရာတို့ကို ငါပြန်လည်ထူထောင်မည်’ဟူ၍လည်းကောင်း ငါမိန့်ဆို၏။
သို့ရာတွင် သင်နှင့်တကွ လူအပေါင်းတို့အား ငါပြောသောစကားကို နားထောင်လော့။
အစ္စရေးအမျိုးသားတို့၊ သင်တို့နှင့် သင်တို့မျိုးနွယ်စုအပေါင်းတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့သောထာဝရဘုရားက သင်တို့အား ဆန့်ကျင်၍ မိန့်တော်မူသောစကားကို နားထောင်ကြလော့။
အို လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ အို မြေကြီးနှင့် မြေကြီးသားအပေါင်းတို့၊ အာရုံစိုက်ကြလော့။ သန့်ရှင်းရာဗိမာန်တော်၌စံတော်မူသောအရှင်၊ ဘုရားရှင်ထာဝရဘုရားသည် သင်တို့ကို ဆန့်ကျင်၍ သက်သေခံတော်မူလိမ့်မည်။
ဤလူတို့သည် လူတိုင်းသေသကဲ့သို့ပင် သေရကြလျှင်၊ လူတိုင်းတွေ့ကြုံရသကဲ့သို့ပင် တွေ့ကြုံရကြလျှင် ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူသည်မဟုတ်။
ဒါဝိဒ်ကိုယ်တိုင် ခရစ်တော်ကို ‘သခင်’ဟု ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ သူ၏သားဖြစ်နိုင်မည်နည်း”ဟု မိန့်တော်မူ၏။ များစွာသောလူထုပရိသတ်သည် ကိုယ်တော်၏စကားတော်ကို ဝမ်းမြောက်စွာနားထောင်နေကြ၏။