တောလည် 16:29 - မြန်မာ့စံမီသမ္မာကျမ်း29 ဤလူတို့သည် လူတိုင်းသေသကဲ့သို့ပင် သေရကြလျှင်၊ လူတိုင်းတွေ့ကြုံရသကဲ့သို့ပင် တွေ့ကြုံရကြလျှင် ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူသည်မဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible29 ဤသူတို့သည်ဘုရားသခင်ဒဏ်ခတ်သည် မဟုတ်ဘဲဋ္ဌမ္မတာအလျောက် သေဆုံးသည်ရှိ သော်ထာဝရဘုရားသည်ငါ့ကိုစေလွှတ် ခြင်းမဟုတ်ဟုသိမှတ်ကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible29 ဤ သူ တို့၌ လူ ခပ် သိမ်း တို့ သေ ခြင်း၊ လူ ခပ် သိမ်း တို့ ဒု က္ခ ခံ စား ခြင်း၊ ဓ မ္မ တာ အ တိုင်း ဖြစ် လျှင်၊ ငါ့ ကို ထာ ဝ ရ ဘု ရား စေ လွှတ် တော် မ မူ။ အခန်းကိုကြည့်ပါ။Judson Bible29 ခပ်သိမ်းသောလူသတ္တဝါတို့ ခံရသော သေခြင်း၊ ခပ်သိမ်းသောလူသတ္တဝါတို့ ခံရသော ဆုံးမခြင်းကိုသာ ဤလူတို့ခံရလျှင်၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မမူ။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား လူသားတို့ကြုံတွေ့ရသောအဖြစ်နှင့် တိရစ္ဆာန်တို့ကြုံတွေ့ရသောအဖြစ်သည် တစ်ခုတည်းဖြစ်၍ တစ်မျိုးသည် သေရသကဲ့သို့ အခြားတစ်မျိုးလည်း သေရ၏။ ၎င်းတို့အားလုံး၌ တူညီသောထွက်သက်ဝင်သက်ရှိ၏။ သို့ဖြစ်၍ လူသည် တိရစ္ဆာန်ထက် သာလွန်သည်မဟုတ်။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်၏။
ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ရောက်သောအခါ ပရောဖက်ဧလိယသည် ယဇ်ပလ္လင်နားချဉ်းလာ၍ “အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အစ္စရေးလူမျိုးတွင်ဘုရားသခင်ဖြစ်ကြောင်း၊ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပြီး ကိုယ်တော်၏အမိန့်တော်ဖြင့် ဤအရာအားလုံးကိုပြုခြင်းဖြစ်ကြောင်း ယနေ့ ဤလူတို့ကို သိစေတော်မူပါ။