ထိုသို့ အာမနုန်သည် နှမတာမာကို ချစ်သောစိတ်ဖြင့် စိတ်ဖိစီးကာဖျားလေ၏။ နှမတော်သည် အပျိုစင်ဖြစ်သောကြောင့် သူ့အား မည်သို့ရယူရမည်ကို အာမနုန်တွေးမရဘဲ အခက်တွေ့နေ၏။
၃ ရာ 21:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ “ဘိုးဘေးတို့၏အမွေမြေကို အရှင်မင်းကြီးအား မပေးနိုင်ပါ”ဟု ယေဇရေလမြို့သားနာဗုတ်ဆိုသောစကားကြောင့် အာဟပ်မင်းကြီးသည် စိတ်မကျေမနပ်ဖြစ်၍ မျက်နှာသုန်မှုန်လျက် နန်းတော်သို့ပြန်သွားကာ အစာလည်းမစား သလွန်တော်ပေါ်တွင် တစ်ဖက်သို့လှည့်၍ လှဲနေလေ၏။ Common Language Bible အာဟပ်သည်နာဗုတ်၏စကားကြောင့်စိတ် မချမ်းမသာဖြစ်၏။ အမျက်ထွက်၍နန်းတော် သို့ပြန်တော်မူ၏။ သူသည်နံရံဘက်သို့လှည့်၍ အိပ်ရာပေါ်တွင်လှဲလျောင်းကာပွဲတော်မတည် ဘဲနေ၏။- Garrad Bible ဘိုး ဘ ပိုင် မြေ ကို မ ဆက် လို ဟု ယေ ဇ ရေ ရ လ မြို့ သား နာ ဗုတ် ငြင်း ဆို သော ကြောင့် အာ ဟပ် မင်း သည် စိတ် မျက် ငြို ငြင် စွာ နန်း တော် သို့ ဝင် ပြီး လျှင် ပွဲ တော် မ တည်။ သာ လွန် ပေါ် တွင် မျက် နှာ မ ပေး ဘဲ လျောင်း နေ လေ ၏။ Judson Bible ဘိုးဘေးမှ အမွေခံသောမြေကို မပေးရဟု ယေဇရေလမြို့သား နာဗုတ်လျှောက်သော စကားကြောင့် အာဟပ်မင်းသည်ညစ်ညူးသောစိတ်နှင့် ညှိုးငယ်လျက်၊ နန်းတော်သို့သွား၍ အစာကိုမစား၊ မျက်နှာကိုလွှဲ၍ သလွန်ပေါ်မှာ အိပ်လျက်နေ၏။ |
ထိုသို့ အာမနုန်သည် နှမတာမာကို ချစ်သောစိတ်ဖြင့် စိတ်ဖိစီးကာဖျားလေ၏။ နှမတော်သည် အပျိုစင်ဖြစ်သောကြောင့် သူ့အား မည်သို့ရယူရမည်ကို အာမနုန်တွေးမရဘဲ အခက်တွေ့နေ၏။
သူက အာမနုန်အား “အို ဘုရင့်သားတော်၊ အဘယ်ကြောင့် တစ်နေ့ထက်တစ်နေ့ ပိန်လာသနည်း။ အကျွန်ုပ်အား ပြောပြ၍မရသလော”ဟု ဆိုလျှင် အာမနုန်က “ငါ့ညီ အဗရှလုံ၏နှမ တာမာကို ငါချစ်မိနေပါပြီ”ဟု ပြန်ပြော၏။
ထိုအခါ အစ္စရေးဘုရင်သည် စိတ်မကျေမနပ်ဖြစ်၍ မျက်နှာသုန်မှုန်လျက် မိမိနန်းတော်ရှိရာရှမာရိမြို့သို့ ပြန်သွားလေ၏။
ယေဇရေလမြို့ရှိ ရှမာရိဘုရင်အာဟပ်မင်းကြီး၏နန်းတော်အနီးတွင် ယေဇရေလမြို့သားနာဗုတ်ပိုင်စပျစ်ခြံရှိ၏။
နာဗုတ်က အာဟပ်မင်းကြီးအား “ဤမြေသည် ဘိုးဘေးတို့ထံမှရထားသောအမွေမြေဖြစ်၏။ ထာဝရဘုရားတားမြစ်ထားသည်ဖြစ်၍ အရှင်မင်းကြီးအား ပေး၍မရပါ”ဟု ပြန်လျှောက်၏။
ထိုအခါ မိဖုရားယေဇဗေလသည် သူ့ထံသို့ဝင်လာပြီး “အရှင်သည် အစားအစာမစားဘဲ စိတ်မကျေမနပ်ဖြစ်နေသည်မှာ အဘယ်ကြောင့်နည်း”ဟု မေးလျှင်
သို့သော် ဘုရင့်နန်းတော်တံခါးတွင် ဂျူးလူမျိုးမော်ဒကဲထိုင်နေသည်ကို ငါမြင်နေရသရွေ့ ဤအရာအားလုံးသည် ငါ့အတွက် ဘာမျှအကျိုးမရှိ”ဟု ဆိုလေ၏။
အကယ်စင်စစ် ဒေါသသည် ဆိုးမိုက်သောသူကို သတ်တတ်၏။ မနာလိုစိတ်သည်လည်း ဉာဏ်နုံ့သောသူကို သေစေတတ်၏။
မျက်စိဖြင့်မြင်ရခြင်းသည် စိတ်ကူးယဉ်နေခြင်းထက် ပို၍ကောင်း၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
နေထွက်လာသောအခါ ဘုရားသခင်သည် အလွန်ပူပြင်းသောအရှေ့လေကို တိုက်ခတ်စေ၍ ယောနခေါင်းပေါ်သို့ နေပူရှိန်ကျသဖြင့် သူသည် မောပန်းပြီး သေချင်စိတ်ပေါက်လေ၏။ ထို့ကြောင့် သူက “အကျွန်ုပ်အသက်ရှင်သည်ထက် သေသည်က သာ၍ကောင်းပါ၏”ဟု ဆိုလေ၏။
ထိုအခါ ဘုရားသခင်က ယောနအား “ကြက်ဆူပင်ကြောင့် သင်အမျက်ထွက်သင့်သလော”ဟု မေးတော်မူလျှင် ယောနက “သေလုမတတ် အမျက်ထွက်သင့်ပါ၏”ဟု လျှောက်လေ၏။
လူသည် မိမိတပ်မက်ခြင်း၏ဆွဲငင်ရာသို့လိုက်ပါလျက် လှည့်ဖြားဆွဲဆောင်ခြင်းခံရကာ ဖြားယောင်းသွေးဆောင်ရာသို့ ရောက်တတ်၏။
ရှောလုမင်းကြီးက “ငါမစားပါ”ဟု ငြင်းဆန်သော်လည်း သူ၏အစေအပါးတို့နှင့်ထိုမိန်းမက တိုက်တွန်းသဖြင့် သူသည် သူတို့၏စကားကိုနားထောင်၍ မြေပေါ်မှထကာ ခုတင်ပေါ်တွင် ထိုင်လေ၏။