ထိုအခါ ထိုပရောဖက်သည် မိမိမျက်နှာကို ပဝါဖြင့်အုပ်၍ ထွက်သွားပြီး ရှင်ဘုရင်ကြွအလာကို လမ်းဘေးတွင်စောင့်နေ၏။
ပရောဖက်သည်မိမိ၏မျက်နှာကိုအဝတ် ဖြင့်စည်းပြီးလျှင် ရုပ်ဖျက်လျက်လမ်းနံဘေးတွင် အာဟပ်မင်းအလာကိုစောင့်ဆိုင်းလျက်နေ၏။-
မျက် ခုံး ပေါ် တွင် အ ဝတ် ပတ် စည်း၍ အ သွင် ပြောင်း လျက် လမ်း တွင် ဘု ရင် မင်း ကို ငံ့ လင့် ရန် သွား လေ ၏။
ထိုပရောဖက်သည် သွား၍ မိမိမျက်နှာကို ပုဝါနှင့်ဖုံးအုပ်လျက် ရှင်ဘုရင်ကို ငံ့လင့်၏။
ထို့ကြောင့် ယွာဘသည် တေကောမြို့သို့ လူလွှတ်၍ ထိုမြို့မှ လိမ္မာပါးနပ်သောအမျိုးသမီးတစ်ဦးကို ခေါ်လာစေပြီးလျှင် “ယခု သင်သည် ဆီမလိမ်းဘဲ ငိုကြွေးမြည်တမ်းရာဝတ်စုံကိုဝတ်ပြီး လူသေအတွက် နေ့ရက်များစွာငိုကြွေးမြည်တမ်းနေသောမိန်းမကဲ့သို့ ဟန်ဆောင်ငိုကြွေးလျက်
ယေရောဗောင်က သူ့မိဖုရားအား “သင့်ကို ယေရောဗောင်၏မိဖုရားမှန်း လူတို့မသိအောင် ရုပ်ဖျက်ပြီး ရှိလောမြို့ရှိပရောဖက် အဟိယထံသို့သွားလော့။ သူက ငါ့အား သင်သည် ဤလူမျိုးကို အုပ်ချုပ်ရမည်ဟု ပြောခဲ့သောသူဖြစ်၏။
ထိုပရောဖက်က အခြားလူတစ်ယောက်နှင့်တွေ့သောအခါ “ငါ့ကို ရိုက်ပါ”ဟု ဆိုလျှင် ထိုလူလည်း သူ့ကို ပြင်းစွာရိုက်လိုက်၍ သူဒဏ်ရာရသွားလေ၏။
ထိုအခါ ပရောဖက်သည် မိမိမျက်နှာတွင် အုပ်ထားသောပဝါကို အလျင်အမြန်ဖယ်လိုက်ရာ ပရောဖက်တစ်ပါးဖြစ်ကြောင်းကို အစ္စရေးဘုရင်သိရလေ၏။
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ငါသည် ရုပ်ဖျက်ပြီး တိုက်ပွဲဝင်မည်။ သင်မူကား သင်၏မင်းဝတ်တန်ဆာတို့ကို ဝတ်ဆင်ပါလော့”ဟု ဆိုပြီး အစ္စရေးဘုရင်သည် ရုပ်ဖျက်၍ စစ်ပွဲထဲသို့ဝင်လေ၏။
သင်တို့သည် အစာရှောင်ကြသောအခါ သူတော်ကောင်းယောင်ဆောင်သောသူတို့ကဲ့သို့ မျက်နှာညှိုးငယ်ခြင်းမရှိစေကြနှင့်။ အကြောင်းမူကား သူတို့သည် မိမိတို့အစာရှောင်နေကြောင်း လူတို့ရှေ့၌ထင်ရှားစေရန် မျက်နှာရှုံ့မဲ့ထားတတ်ကြ၏။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။