ပြိုင်ဖက်အချင်းချင်း တစ်ဦးနှင့်တစ်ဦး ခေါင်းကိုဖမ်းဆွဲ၍ နံဘေးကို ဓားနှင့်ထိုးကြရာ အားလုံးလဲကျသေဆုံးကြလေ၏။ ထို့ကြောင့် ဂိဗောင်မြို့ရှိ ထိုနေရာကို ဟေလကသဇ္ဇုရိမ် ဟုခေါ်ဆိုကြ၏။
၃ ရာ 20:20 - မြန်မာ့စံမီသမ္မာကျမ်း ရန်သူတို့နှင့် တစ်ယောက်လျှင်တစ်ယောက်ချင်း တိုက်ခိုက်ကြရာ ဆီးရီးယားတပ်သားတို့ ထွက်ပြေးကြသဖြင့် အစ္စရေးတပ်သားတို့သည် သူတို့ကို လိုက်လံတိုက်ခိုက်ကြ၏။ ထိုစဉ် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးသည် မြင်းစီးသူရဲတို့နှင့်အတူ မြင်းစီးပြီးထွက်ပြေးလွတ်မြောက်သွား၏။ Common Language Bible သူတို့အသီးသီးတစ်ယောက်ကျသတ်ဖြတ် ကြ၏။ ထိုအခါရှုရိတပ်သားတို့သည်ထွက်ပြေး ကြသဖြင့် ဣသရေလတပ်မတော်သည်သူတို့ နောက်မှအပြင်းလိုက်ကြ၏။ ထို့ကြောင့်ဗင်္ဟာဒဒ် သည်မြင်းတပ်သားအချို့နှင့်အတူမြင်းစီး၍ ထွက်ပြေးလေသည်။- Garrad Bible မြို့ တွင်း မှ ချီ ထွက် လျက် အ သီး အ သီး တစ် ယောက် ကျ လုပ် ကြံ သ ဖြင့် ရှု ရိ တပ် ပျက် ပြေး ကြ ရာ၊ ဣ သ ရေ လ တပ် သား တို့ လိုက် ကြ ၏။ ရှု ရိ ဘု ရင် ဗ င်္ဟာ ဒဒ် မင်း မူ ကား မြင်း စီး လျက် မြင်း စီး သူ ရဲ အ ချို့ နှင့် ထွက် ပြေး ၍ လွတ် လေ ၏။ Judson Bible ရန်သူတို့ကို လူတိုင်းတစ်ယောက်စီ သတ်ကြသဖြင့် ရှုရိလူတို့သည် ပြေးကြ၏။ ဣသရေလလူတို့သည်လိုက်ကြသဖြင့် ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် မြင်းစီး၍ မြင်းစီးသူရဲတို့နှင့်အတူ အလွတ်ပြေး၏။ |
ပြိုင်ဖက်အချင်းချင်း တစ်ဦးနှင့်တစ်ဦး ခေါင်းကိုဖမ်းဆွဲ၍ နံဘေးကို ဓားနှင့်ထိုးကြရာ အားလုံးလဲကျသေဆုံးကြလေ၏။ ထို့ကြောင့် ဂိဗောင်မြို့ရှိ ထိုနေရာကို ဟေလကသဇ္ဇုရိမ် ဟုခေါ်ဆိုကြ၏။
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်၌ ကျန်ရှိသောရွှေငွေများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာအားလုံးကိုယူပြီး မိမိအမှုထမ်းတို့လက်သို့အပ်လိုက်၏။ ထို့နောက် အာသမင်းကြီးသည် ဒမတ်စကပ်မြို့၌နန်းစံသော ဟေဇယုန်မင်းကြီး၏မြေးတော်၊ တာဗရိမ္မုန်မင်းကြီး၏သားတော် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
နယ်မြေခံစစ်သူကြီးတို့၏တပ်သားများနှင့် သူတို့နောက်တွင် လိုက်ပါလာသောစစ်သည်တို့သည် မြို့ထဲမှ ထွက်လာကြပြီး
အစ္စရေးဘုရင်လည်း ထွက်လာပြီး မြင်းတပ်၊ ရထားတပ်များကို တိုက်ခိုက်၍ ဆီးရီးယားတပ်သားတို့ကိုလည်း အကြီးအကျယ်သတ်ဖြတ်လေ၏။
ထိုအခါ အဆီးရီးယားဘုရင် သနာခရိပ်မင်းကြီးသည် တပ်ဆုတ်၍ လှည့်ပြန်သွားပြီး နိနေဝေမြို့၌ စံမြန်းလေ၏။
ရှင်ဘုရင်သည် စစ်သည်အလုံးအရင်းကြောင့် ကယ်တင်ခြင်းခံရသည်မဟုတ်။ စစ်သူရဲသည် ကြီးမားသောခွန်အားကြောင့် လွတ်မြောက်ခွင့်ရသည်မဟုတ်။
လူမျိုးတကာတို့သည် မငြိမ်မသက်ဖြစ်ကြ၏။ တိုင်းနိုင်ငံတို့သည် တုန်လှုပ်ကြ၏။ ကိုယ်တော်သည် မိမိအသံကိုလွှင့်တော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။
နေသနိ၏သားဣရှမေလမူကား လူရှစ်ယောက်နှင့်အတူ ယောဟနန်ထံမှ အမ္မုန်အမျိုးသားတို့ပြည်သို့ ထွက်ပြေးလွတ်မြောက်သွား၏။
သင်တို့ထဲမှ ငါးယောက်သည် အယောက်တစ်ရာကိုလိုက်လိမ့်မည်။ အယောက်တစ်ရာသည် အယောက်တစ်သောင်းကိုလိုက်လိမ့်မည်။ သင်တို့၏ရန်သူတို့သည် သင်တို့၏ရှေ့မှောက်၌ ဓားလက်နက်ဖြင့် ကျဆုံးကြရလိမ့်မည်။
နဿလိနယ်၊ အာရှာနယ်နှင့် မနာရှေနယ်တစ်လျှောက်လုံးမှ အစ္စရေးအမျိုးသားတို့ စုစည်းကြပြီး မိဒျန်လူမျိုးတို့ကို လိုက်ကြ၏။