Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 2:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ပြိုင်ဖက်​အချင်းချင်း တစ်ဦး​နှင့်​တစ်ဦး ခေါင်း​ကို​ဖမ်းဆွဲ​၍ နံဘေး​ကို ဓား​နှင့်​ထိုး​ကြ​ရာ အားလုံး​လဲကျ​သေဆုံး​ကြ​လေ​၏​။ ထို့ကြောင့် ဂိဗောင်​မြို့​ရှိ ထို​နေရာ​ကို ဟေလကသဇ္ဇုရိမ် ဟု​ခေါ်ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 လူ​တိုင်း​ပင်​မိ​မိ​တိုက်​ခိုက်​ရ​သူ​နှင့်​အ​ပြန်​အ​လှန် ဦး​ခေါင်း​ကို​ကိုင်​၍ နံ​ဘေး​ကို​ဋ္ဌား​နှင့်​ထိုး​လျက် သူ​တို့​အား​လုံး​ပင်​လဲ​၍​သေ​ကြ​ကုန်​၏။ ဤ အ​ကြောင်း​ကြောင့်​ဂိ​ဗောင်​နယ်​ရှိ​ဤ​အ​ရပ် ကို``ဋ္ဌား​ကွင်း'' ဟူ​၍​ခေါ်​ဆို​သ​မုတ်​ကြ​လေ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 အ သီး အ သီး တို့ သည် တစ် ယောက် ခေါင်း ကို တစ် ယောက် ဖက် လျက် နံ ဘေး ကို ဓား ထိုး လျက် လဲ သေ ကြ လေ၏။ ထို အ မှု ကို အ စွဲ ပြု၍ ဂိ ဗောင် မြို့ ရှိ ၎င်း အ ရပ် ကို ဟေ လ က သ ဇ္ဇု ရိမ် ဟု ခေါ် ဝေါ် ကြ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သူ​တို့​သည် လူ​ချင်း​တိုက်၍ လူ​တိုင်း မိ​မိ​တိုက်​ဖက်၏ ခေါင်း​ကို​ကိုင်​လျက်၊ နံ​ဘေး​ကို​ဓား​နှင့်​ထိုး​လျက် တစ်​စု​တည်း လဲ​သေ​ကြ၏။ သို့​ဖြစ်၍ ဂိ​ဗောင်​မြို့​နယ်၌​ရှိ​သော ထို​အ​ရပ်​ကို ဟေ​လ​က​သ​ဇ္ဇု​ရိမ်​ဟူ​သော အ​မည်​ဖြင့် သ​မုတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 2:16
7 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် အာဗနာ​က ယွာဘ​အား “​လုလင်​တို့​ကို​ငါ​တို့​ရှေ့​သို့ ထွက်လာ​ပြီး စစ်ထိုးကစား​စေ​မည်​”​ဟု ဆို​လျှင် ယွာဘ​က “​ထွက်လာ​ကြ​စေ​”​ဟု ဆို​၏​။


ရှောလု​မင်းကြီး​၏​သား ဣရှဗောရှက်​မင်းကြီး​ဘက်​မှ ဗင်္ယာမိန်​အမျိုး တစ်ဆယ့်​နှစ်​ယောက်​နှင့် ဒါဝိဒ်​မင်းကြီး​၏​အမှုထမ်း​တို့​ဘက်​မှ တစ်ဆယ့်​နှစ်​ယောက် ထွက်လာ​၍


ထို​နေ့​တွင် တိုက်ပွဲ​အလွန်​ပြင်းထန်​ရာ အာဗနာ​နှင့် အစ္စရေး​အမျိုးသား​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​အမှုထမ်း​တို့​ကို ရှုံးနိမ့်​သွား​၏​။


အာဗနာ​က ယွာဘ​အား ဟစ်ခေါ်​ပြီး “​ဓား​သည် အစဉ်​ဝါးမျို​ရ​မည်လော​။ အဆုံး​မှာ ခါးသီးကြေကွဲ​ရ​မည်​ကို မ​သိ​သလော​။ ကိုယ့်​ညီအစ်ကိုချင်း​ကို ဆက်၍ မ​လိုက်​ကြ​ရန် လူ​တို့​ကို မ​တား​တော့​ပြီ​လော​”​ဟု ဆို​လေ​၏​။


ရန်သူ​တို့​နှင့် တစ်ယောက်​လျှင်​တစ်ယောက်ချင်း တိုက်ခိုက်​ကြ​ရာ ဆီးရီးယား​တပ်သား​တို့ ထွက်ပြေး​ကြ​သဖြင့် အစ္စရေး​တပ်သား​တို့​သည် သူ​တို့​ကို လိုက်လံတိုက်ခိုက်​ကြ​၏​။ ထိုစဉ် ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​သည် မြင်းစီးသူရဲ​တို့​နှင့်အတူ မြင်းစီး​ပြီး​ထွက်ပြေး​လွတ်မြောက်​သွား​၏​။


ထို​အကြောင်း​ကို ဂျေရုဆလင်​မြို့​၌ နေထိုင်​သော​သူ​အပေါင်း​တို့​သည်​သိ​၍ ထို​မြေ​ကို မိမိ​တို့​ဘာသာစကား​ဖြင့် အကေလဒမ​ဟု​ခေါ်ဆို​ကြ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ သွေး​မြေ​ဟူ၍​ဖြစ်​၏။


သူ​တို့​၏​နယ်နိမိတ်​တွင် ဟေလကတ်​မြို့​၊ ဟာလိ​မြို့​၊ ဗေတင်​မြို့​၊ အာခရှပ်​မြို့​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ