သူတို့သည် မွန်းတည့်ချိန်တွင် စစ်ချီလာကြ၏။ ထိုအချိန်တွင် ဗင်္ဟာဒဒ်မင်းကြီးနှင့် သူ့ကိုစစ်ကူပေးသောအခြားဘုရင်သုံးဆယ့်နှစ်ပါးတို့သည် တဲများ၌ စားသောက်မူးယစ်နေကြ၏။
မွန်းတည့်ချိန်၌ဗင်္ဟာဒဒ်နှင့်မဟာမိတ်သုံးကျိပ် နှစ်ပါးတို့သည် မိမိတို့တဲရှင်များတွင်သေ ရည်သေရက်သောက်စားမူးယစ်နေကြစဉ်၊-
မွန်း တည့် အ ချိန်၊ ဗ င်္ဟာ ဒဒ် မင်း နှင့် တ ကွ ဝိုင်း ညီ သော မင်း သုံး ကျိပ် နှစ် ပါး တို့ ပါ ယာ ယီ နန်း တွင် သောက် စား ယစ် မူး လျက် နေ ကြ စဉ် ပင်၊ အ ဝေး ဝန် တို့၏ အ စေ အ ပါ များ တပ် ဦး ချီ ထွက် ကြ သည့် ကာ လ ရှ မာ ရိ မြို့ တွင်း မှ လူ များ ထွက် လာ ကြ ပါ သည် ဟု ဗ င်္ဟာ ဒဒ် မင်း စေ ခိုင်း သူ တို့ တင် လျှောက် ကြ သော အ ခါ မိတ် ဖွဲ့ ရန် လာ သည် ဖြစ် စေ၊
မွန်းတည့်အချိန်၌ ထွက်ကြ၏။ ဗင်္ဟာဒဒ်မင်းမူကား၊ ဝိုင်းသောမင်းကြီး သုံးဆယ်နှစ်ပါးတို့နှင့်တကွ တဲတော်၌ ယစ်မူးအောင်သောက်လျက် နေကြ၏။
ဗာရှာမင်းကြီးသည် ယေရောဗောင်အမျိုးအနွယ်ကဲ့သို့ပင် မိမိလက်ဖြင့်ပြုလုပ်သောအရာအားဖြင့် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုအလုံးစုံတို့ကိုပြု၍ အမျက်တော်ကိုနှိုးဆော်ပြီး ယေရောဗောင်အမျိုးအနွယ်ကိုလည်း ဖျက်ဆီးပစ်သောကြောင့် ဟာနနိ၏သား ပရောဖက်ယေဟုအားဖြင့် ဗာရှာမင်းကြီးနှင့် သူ၏အမျိုးအနွယ်ကိုဆန့်ကျင်ဆင့်ဆိုသော ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၏။
သူ၏အမှုထမ်း စစ်ရထားတပ်တစ်ဝက်၏တပ်မှူးဇိမရိသည် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်၏။ ဧလာမင်းကြီးသည် တိရဇာမြို့ရှိ တိရဇာနန်းတော်အုပ်အာဇ၏အိမ်၌ သောက်စားယစ်မူးနေစဉ်
ထိုအခါ အာဟပ်မင်းကြီးသည် နယ်မြေခံစစ်သူကြီးတို့၏တပ်သားများကို ရေတွက်ကြည့်ရာ တပ်သားနှစ်ရာသုံးဆယ့်နှစ်ယောက်ရှိသည်ကို တွေ့ရ၏။ ထို့ပြင် အစ္စရေးတပ်သားအားလုံးကိုပါ ရေတွက်ကြည့်ရာ အားလုံးပေါင်း အယောက်ခုနစ်ထောင်ရှိ၏။
နယ်မြေခံစစ်သူကြီးတို့၏တပ်သားများသည် ရှေ့ဆုံးမှချီတက်လာကြ၏။ ဗင်္ဟာဒဒ်မင်းကြီးလည်း ကင်းထောက်တို့ကိုစေလွှတ်ရာ သူတို့က ရှင်ဘုရင်အား “ရှမာရိမြို့မှ လူများ ထွက်လာနေပါသည်”ဟု သတင်းပို့ကြ၏။
ဆီးရီးယားဘုရင်သည် မိမိ၏စစ်ရထားမှူးသုံးဆယ့်နှစ်ယောက်အား “အစ္စရေးဘုရင်မှလွဲ၍ အခြားကြီးကြီးငယ်ငယ်တစ်ယောက်ကိုမျှ မတိုက်ကြပါနှင့်”ဟု မိန့်မှာထား၏။
စပျစ်ဝိုင်သည် ပြက်ရယ်ပြုစေတတ်၏။ သေရည်သေရက်သည်လည်း ဆူပူသောင်းကျန်းစေတတ်၏။ ၎င်းတို့ကြောင့် လမ်းလွဲသောသူရှိသမျှသည် ဉာဏ်ပညာမရှိ။
စပျစ်ဝိုင်အလွန်အကြူးသောက်သူ၊ သေရည်သေရက်ရောစပ်ရာတွင်ကျွမ်းကျင်သူတို့သည် အမင်္ဂလာရှိကြ၏။
တစ်စုံတစ်ဦးသည် သင့်ကို ရန်ပြုခဲ့လျှင် ထိုအမှုသည် ငါ့ထံမှလာသည်မဟုတ်။ သင့်ကိုရန်ပြုသောသူသည် သင့်ရှေ့၌ကျဆုံးလိမ့်မည်။
ဖောက်ပြန်မှားယွင်းခြင်းနှင့် စပျစ်ဝိုင်အဟောင်း၊ စပျစ်ဝိုင်အသစ်တို့သည် သူတို့၏အသိစိတ်ကို အနိုင်ယူသွားလေပြီ။
ထို့ကြောင့် ယခု သူတို့သည် ဖမ်းခေါ်သွားခြင်းခံရသူတို့တွင် ထိပ်ဆုံးမှ ဖမ်းခေါ်သွားခြင်းခံရလိမ့်မည်။ သူတို့ပျော်ပါးခဲ့သောပွဲများသည်လည်း အဆုံးသတ်ရလိမ့်မည်။