၃ ရာ 20:17 - မြန်မာ့စံမီသမ္မာကျမ်း17 နယ်မြေခံစစ်သူကြီးတို့၏တပ်သားများသည် ရှေ့ဆုံးမှချီတက်လာကြ၏။ ဗင်္ဟာဒဒ်မင်းကြီးလည်း ကင်းထောက်တို့ကိုစေလွှတ်ရာ သူတို့က ရှင်ဘုရင်အား “ရှမာရိမြို့မှ လူများ ထွက်လာနေပါသည်”ဟု သတင်းပို့ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible17 အာဟပ်သည်စတင်၍တိုက်ခိုက်လေသည်။ နယ် မြေတပ်မှူးတို့၏စစ်လုလင်များကရှေ့ဆုံးမှ ချီတက်ကြ၏။ ဗင်္ဟာဒဒ်စေလွှတ်ထားသည့် အထောက်တော်တို့သည်လည်း ရှမာရိမြို့မှ စစ်သူရဲတစ်စုထွက်ခွာလာနေကြောင်းကို မင်းကြီးအားလျှောက်ထားကြ၏။- အခန်းကိုကြည့်ပါ။Judson Bible17 မြို့ဝန်များ၏ လုလင်တို့သည် အရင်ထွက်ကြ၏။ ရှမာရိမြို့ထဲက လူထွက်ပါသည်ဟု ဗင်္ဟာဒဒ်မင်းထံသို့ စေလွှတ်၍ ကြားလျှောက်လျှင်၊ အခန်းကိုကြည့်ပါ။ |
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်၌ ကျန်ရှိသောရွှေငွေများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာအားလုံးကိုယူပြီး မိမိအမှုထမ်းတို့လက်သို့အပ်လိုက်၏။ ထို့နောက် အာသမင်းကြီးသည် ဒမတ်စကပ်မြို့၌နန်းစံသော ဟေဇယုန်မင်းကြီး၏မြေးတော်၊ တာဗရိမ္မုန်မင်းကြီး၏သားတော် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်