မောဘလူမျိုးအပေါင်းတို့က သူတို့ကိုတိုက်ခိုက်ရန် ရှင်ဘုရင်များစစ်ချီလာနေကြောင်းကို ကြားသိလျှင် လက်နက်ကိုင်နိုင်သောအရွယ်နှင့်အထက် ရှိသမျှလူတို့ကို ခေါ်၍ နယ်စပ်တွင် တပ်စွဲထားကြ၏။
၃ ရာ 20:11 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးဘုရင်ကလည်း “ဗင်္ဟာဒဒ်မင်းကြီးအား ‘ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလျက်နှင့် ချွတ်ပြီးသောသူကဲ့သို့ မဝါကြွားသင့်’ဟူ၍ ပြန်လျှောက်လော့”ဟု ပြန်ပြော၏။ Common Language Bible အာဟပ်မင်းကလည်း``စစ်သူရဲပီသသူသည် တိုက်ပွဲပြီးမှဝါကြွားတတ်၏။ တိုက်ပွဲမပြီး မီဝါကြွားလေ့မရှိကြောင်း ဗင်္ဟာဒဒ်မင်းအား ပြန်ကြားလျှောက်ထားကြလော့'' ဟုဆို၏။ Garrad Bible ဓား သိမ်း ရ သူ ကဲ့ သို့ မ သိမ်း ရ သေး သူ မ ပ လွှား သင့် ဟု ဣ သ ရေ လ ဘု ရင် ပြန် ဆို လေ ၏။ Judson Bible ဣသရေလရှင်ဘုရင်က၊ လက်နက်စုံကို ချွတ်သောသူသည် ဝါကြွားသကဲ့သို့ ဝတ်ဆင်သောသူသည် မဝါကြွားစေနှင့်ဟု ပြန်ပြော၏။ |
မောဘလူမျိုးအပေါင်းတို့က သူတို့ကိုတိုက်ခိုက်ရန် ရှင်ဘုရင်များစစ်ချီလာနေကြောင်းကို ကြားသိလျှင် လက်နက်ကိုင်နိုင်သောအရွယ်နှင့်အထက် ရှိသမျှလူတို့ကို ခေါ်၍ နယ်စပ်တွင် တပ်စွဲထားကြ၏။
သူ့ကို သင်လက်ရွယ်လိုက်သည်နှင့် တိုက်ခိုက်ခံရတတ်သည်ကို သတိရပါ။ ထို့ကြောင့် သင်လက်ရွယ်ရဲတော့မည်မဟုတ်။
မနက်ဖြန်အတွက် မဝါကြွားနှင့်။ အကြောင်းမူကား တစ်ရက်အတွင်း မည်သို့ဖြစ်မည်ကို သင်မသိ။
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။
“အပြောကြီးသော အီဂျစ်ဘုရင်ဖာရောမင်းကြီး၊ အခွင့်ကောင်းကို သင်လက်လွတ်ရပြီ”ဟူ၍လည်း အော်ဟစ်ကြ၏။
ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။
ထိုအခါ ပေတရုသည်“ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု ယေရှုမိန့်တော်မူခဲ့သည့်စကားကို သတိရသဖြင့် အပြင်သို့ထွက်၍ သည်းထန်စွာငိုကြွေးလေ၏။
ယောနသန်က လက်နက်ကိုင်လုလင်အား “လာပါ။ အရေဖျားမလှီးသောထိုသူတို့၏ကင်းတပ်သို့ ကူးသွားကြစို့။ ထာဝရဘုရား ငါတို့နှင့် ပါရှိကောင်းပါရှိတော်မူလိမ့်မည်။ ထာဝရဘုရားသည် မည်သည့်အမှု၌မဆို လူအနည်းငယ်နှင့်ဖြစ်စေ၊ လူအများနှင့်ဖြစ်စေ အတားအဆီးမရှိကယ်တင်ပေးနိုင်သည်”ဟု ဆို၏။