သို့ဖြစ်လျက် ထာဝရဘုရားရှေ့တော်၌ ကျိန်ဆိုခဲ့သည့်အတိုင်း၊ ငါ့အမိန့်အတိုင်း အဘယ်ကြောင့် မနာခံသနည်း”ဟု မိန့်ဆို၏။
သို့ပါလျက်အဘယ်ကြောင့်မိမိ၏ကတိ ကိုဖျက်၍ ငါ၏အမိန့်တော်ကိုလွန်ဆန်ပါ သနည်း။-
သို့ ဖြစ် လျက် ထာ ဝ ရ ဘု ရား ရှေ့ ငါ ပေး သော သ စ္စာ တော် ကို လည်း ကောင်း၊ ငါ သတ် မှတ် သော စည်း ကမ်း ကို လည်း ကောင်း၊ အ ဘယ် ကြောင့် ဖောက် ကျော် ဘိ သ နည်း ဟု မိန့် ဆို ပြီး မှ
သို့ဖြစ်၍ ထာဝရဘုရား၏သစ္စာတော်ကိုလည်းကောင်း၊ ငါမှာထားသော ပညတ်ကိုလည်းကောင်း အဘယ်ကြောင့်မစောင့်သနည်းဟု မိန့်တော်မူပြီးမှ၊
ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်မြို့သားတို့ကို ဆင့်ခေါ်ပြီးလျှင် သူတို့နှင့်စကားပြော၏။ ဂိဗောင်မြို့သားတို့သည် အစ္စရေးအနွယ်ဝင်မဟုတ်။ အာမောရိလူမျိုးအကြွင်းအကျန်များ ဖြစ်ကြ၏။ အစ္စရေးအမျိုးသားတို့သည် သူတို့နှင့်ကတိသစ္စာပြုခဲ့သော်လည်း ရှောလုမင်းကြီးသည် အစ္စရေးအမျိုးနှင့် ယုဒအမျိုးတို့အဖို့စိတ်အားကြီး၍ သူတို့ကို သုတ်သင်ရန် ကြိုးစားခဲ့၏။
ရှိမိအား လူလွှတ်၍ခေါ်စေပြီး ရှင်ဘုရင်က “ငါသည် သင့်အား ‘ဤမြို့မှ သင်ထွက်သွားသောနေ့တွင် သင် မုချသေရမည်’ဟု ထာဝရဘုရားရှေ့တော်၌ တိုင်တည်ကျိန်ဆို၍ သတိပေးခဲ့သည်မဟုတ်လော။ သင်ကလည်း ‘အကျွန်ုပ်ကြားရသောအမိန့်တော်မှာ ကောင်းပါ၏’ဟု သင်ဆိုခဲ့ပြီ။
ထို့ပြင် ရှင်ဘုရင်က ရှိမိအား “ငါ့ခမည်းတော် ဒါဝိဒ်မင်းကြီးအပေါ် သင်ပြုမိခဲ့သောအမှားများကိုလည်း သင်ကိုယ်တိုင်သိ၏။ ထာဝရဘုရားသည် သင်၏မကောင်းမှုကို သင့်ခေါင်းပေါ်သို့ ပြန်ရောက်စေမည်။
ထာဝရဘုရားမိန့်မှာချက်အရ ရှင်ဘုရင်နှင့်မှူးမတ်တို့၏စကားကိုလိုက်နာရန် ယုဒပြည်သားတို့အား တစ်စိတ်တစ်သဘောတည်းရှိခြင်းကို ဘုရားသခင်ပေးသနားတော်မူ၏။
ငါဆိုသည်ကား “ဘုရားသခင်၏ရှေ့တော်၌ကျိန်ဆိုထားသည်ဖြစ်၍ ရှင်ဘုရင်၏အမိန့်ကိုနာခံလော့။
သို့ဖြစ်၍ အမျက်တော်ကြောင့်သာမဟုတ်ဘဲ အသိစိတ်အတွက်ကြောင့်လည်း နာခံရမည်။