ထို့နောက် သူ့ငယ်သားအား “ယခု သွားပြီး ပင်လယ်ဘက်သို့ကြည့်ပါ”ဟု ဆိုလျှင် ငယ်သားကသွားကြည့်ပြီး “မည်သည့်အရိပ်အယောင်မျှ မတွေ့ရပါ”ဟု ပြန်လာပြော၏။ ဧလိယက မိမိငယ်သားအား “ထပ်၍သွားပါ”ဟု ခုနစ်ကြိမ်တိုင်တိုင် စေခိုင်းလေ၏။
၃ ရာ 18:44 - မြန်မာ့စံမီသမ္မာကျမ်း ခုနစ်ကြိမ်မြောက်တွင် ငယ်သားက “လက်တစ်ဝါးစာမိုးတိမ်တစ်ခု ပင်လယ်ဘက်မှတက်လာသည်ကို တွေ့ပါပြီ”ဟု ဆို၏။ ထိုအခါ ဧလိယက “အာဟပ်မင်းကြီးထံသွား၍ ‘ရထားအသင့်ပြင်ပြီး ပြန်ဆင်းသွားလော့။ မိုးကြီး၍မပြန်နိုင်မည်ကို စိုးရပါသည်’ဟူ၍ ပြောကြားလော့”ဟု ဆို၏။ Common Language Bible သတ္တမအကြိမ်၌အစေခံသည်ယင်းသို့သွား ၍ကြည့်ရာမှပြန်လာကာ``လူ၏လက်သဖွယ် သေးငယ်သောမိုးတိမ်ကိုကျွန်တော်မြင်ပါသည်'' ဟုလျှောက်၏။ ဧလိယကမိမိ၏အစေခံအား``သင်သည် အာဟပ်မင်းထံသို့သွားပြီးလျှင်မိုးမဆီး တားမီရထားပေါ်သို့တက်၍ နန်းတော်သို့ ပြန်တော်မူရန်လျှောက်ထားလော့'' ဟုအမိန့် ပေး၏။ Garrad Bible ခု နစ် ကြိမ် မြောက် သော အ ခါ ငယ် သား က၊ လူ လက် သ ဖွယ် သေး ငယ် သော မိုး တိမ် သည် ပင် လယ် မှ တက် လာ ပါ သည် ဟု လျှောက် ရာ အာ ဟပ် မင်း ထံ သွား ပြီး လျှင် မိုး မ ဆီး တား မီ ရ ထား တော် က ၍ ပြန် တော် မူ ရန် တင် လျှောက် လော့ ဟု မှာ လိုက် လေ ၏။ Judson Bible ခုနစ်ကြိမ်မြောက်သောအခါ၊ လူလက်နှင့်တူသော မိုးတိမ်ငယ်တစ်ခုသည် ပင်လယ်ထဲကတက်ပါ၏ဟုဆိုသော်၊ အာဟပ်မင်းထံသို့ သွားလော့။ မိုးရွာ၍ ဆီးတားမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ မင်းကြီးပြင်ဆင်၍ ပြန်သွားမည်အကြောင်း လျှောက်ထားလော့ဟု မှာလိုက်လေ၏။ |
ထို့နောက် သူ့ငယ်သားအား “ယခု သွားပြီး ပင်လယ်ဘက်သို့ကြည့်ပါ”ဟု ဆိုလျှင် ငယ်သားကသွားကြည့်ပြီး “မည်သည့်အရိပ်အယောင်မျှ မတွေ့ရပါ”ဟု ပြန်လာပြော၏။ ဧလိယက မိမိငယ်သားအား “ထပ်၍သွားပါ”ဟု ခုနစ်ကြိမ်တိုင်တိုင် စေခိုင်းလေ၏။
အို လာခိရှမြို့သူ၊ မြင်းကို စစ်ရထား၌ ကလော့။ သင်သည် ဇိအုန်သမီးပျို အပြစ်ပြုရာအရင်းအမြစ်ဖြစ်၏။ အကြောင်းမူကား အစ္စရေးလူမျိုး ကျူးလွန်သောအပြစ်များကို သင်၌တွေ့ရ၏။
သေးငယ်သောအမှုများပြုသောနေ့ရက်ကို မည်သူ မထီမဲ့မြင်ပြုသနည်း။ သို့သော် မြေတစ်ပြင်လုံးကို လှည့်လည်ကြည့်ရှုလျက်နေသော ထာဝရဘုရား၏မျက်လုံးတော်ခုနစ်လုံးသည် ဇေရုဗဗေလလက်ထဲမှ ချိန်သီးတုံးကိုမြင်သောအခါ ဝမ်းမြောက်ကြ၏”ဟု မိန့်ဆို၏။
ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူသည်မှာ“သင်တို့သည် အနောက်အရပ်တွင် မိုးတိမ်တက်လာသည်ကိုမြင်လျှင် မိုးသက်မုန်တိုင်းလာနေပြီဟု ချက်ချင်းပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်တတ်၏။
ဖိလိတ္တိလူမျိုးတို့သည်လည်း ထိုအတိုင်းပြုကြ၏။ သားပေါက်ရှိသောနွားမနှစ်ကောင်ကိုယူ၍ လှည်းတွင်ကပြီး သားပေါက်တို့ကိုမူ နွားခြံတွင် ပြန်ထားကြ၏။
ယခု လှည်းအသစ်တစ်စီး ပြုလုပ်ပါ။ သားပေါက်ရှိပြီး ထမ်းပိုးမတင်ဖူးသေးသောနွားမနှစ်ကောင်ကို ယူ၍ ထိုနွားမတို့ကိုလှည်း၌ ကပါ။ နွားသားပေါက်များကိုမူ နွားခြံ၌ ပြန်ထားပါ။