ထိုသူက “အရုဏ်တက်ပြီဖြစ်၍ ငါ့ကိုလွှတ်ပါ”ဟု ဆို၏။ သို့သော် ယာကုပ်က “အကျွန်ုပ်ကိုကောင်းချီးမပေးလျှင် အရှင့်ကို အကျွန်ုပ်မလွှတ်ပါ”ဟု ဆို၏။
၃ ရာ 18:43 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူ့ငယ်သားအား “ယခု သွားပြီး ပင်လယ်ဘက်သို့ကြည့်ပါ”ဟု ဆိုလျှင် ငယ်သားကသွားကြည့်ပြီး “မည်သည့်အရိပ်အယောင်မျှ မတွေ့ရပါ”ဟု ပြန်လာပြော၏။ ဧလိယက မိမိငယ်သားအား “ထပ်၍သွားပါ”ဟု ခုနစ်ကြိမ်တိုင်တိုင် စေခိုင်းလေ၏။ Common Language Bible မိမိ၏အစေခံအား``သင်သွား၍ပင်လယ်သို့ မျှော်ကြည့်လော့'' ဟုဆို၏။ အစေခံသည်သွား၍ကြည့်ရာမှပြန်လာပြီး နောက်``အဘယ်အရာကိုမျှကျွန်တော်မမြင် ပါ'' ဟုပြော၏။ ဧလိယသည်မိမိ၏အစေခံ အား ဤနည်းအတိုင်းခုနစ်ကြိမ်တိုင်တိုင်သွား ၍ကြည့်စေ၏။- Garrad Bible ငယ် သား အား တက်၍ ပင် လယ် သို့ ကြည့် လော့ ဟု ဆို သည့် အ တိုင်း တက် ကြည့် ပြီး လျှင် မည် သည် ကို မျှ မ မြင် ပါ ဟု ပြန် လျှောက် သော်၊ ခု နစ် ကြိမ် တိုင် သွား ၍ ကြည့် ဦး လော့ ဟု မိန့် ဆို ပြန် ၏။ Judson Bible မိမိကျွန်အား သင်တက်၍ ပင်လယ်သို့ ကြည့်ရှုလော့ဟုဆိုသည်အတိုင်း၊ ကျွန်သည်တက်၍ ကြည့်ရှုလျှင်၊ အဘယ်အရာမျှမရှိပါဟုပြောဆို၏။ ဧလိယက၊ ခုနစ်ကြိမ်တိုင်အောင်သွား၍ ကြည့်ရှုဦးလော့ဟုဆို၏။ |
ထိုသူက “အရုဏ်တက်ပြီဖြစ်၍ ငါ့ကိုလွှတ်ပါ”ဟု ဆို၏။ သို့သော် ယာကုပ်က “အကျွန်ုပ်ကိုကောင်းချီးမပေးလျှင် အရှင့်ကို အကျွန်ုပ်မလွှတ်ပါ”ဟု ဆို၏။
အာဟပ်မင်းကြီးလည်း တက်သွား၍စားသောက်လေ၏။ ဧလိယမူကား ကရမေလတောင်ထိပ်သို့ တက်သွားပြီး မြေပေါ်၌ဒူးထောက်လျက် ဒူးနှစ်လုံးကြား၌ မျက်နှာကိုအပ်ထားလေ၏။
ခုနစ်ကြိမ်မြောက်တွင် ငယ်သားက “လက်တစ်ဝါးစာမိုးတိမ်တစ်ခု ပင်လယ်ဘက်မှတက်လာသည်ကို တွေ့ပါပြီ”ဟု ဆို၏။ ထိုအခါ ဧလိယက “အာဟပ်မင်းကြီးထံသွား၍ ‘ရထားအသင့်ပြင်ပြီး ပြန်ဆင်းသွားလော့။ မိုးကြီး၍မပြန်နိုင်မည်ကို စိုးရပါသည်’ဟူ၍ ပြောကြားလော့”ဟု ဆို၏။
ထို့နောက် ဧလိရှဲသည် ထ၍အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်၏။ တစ်ဖန် သူငယ်ပေါ် ပြန်၍မှောက်နေသောအခါ သူငယ်သည် ခုနစ်ကြိမ်နှာချေပြီး မျက်လုံးပွင့်လာ၏။
အို ထာဝရဘုရား၊ နံနက်အချိန်၌ အကျွန်ုပ်၏အသံကို ကိုယ်တော်ကြားတော်မူပါ၏။ နံနက်အချိန်၌ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်တွင် တိုးလျှိုးအသနားခံ၍ စောင့်လျက်နေပါမည်။
အကြောင်းမူကား ဤဗျာဒိတ်နိမိတ်သည် အချိန်တန်လျှင် ဖြစ်လာမည်။ နှုတ်ထွက်စကားအတိုင်း အဆုံးသတ်ချိန် မလွဲမသွေရောက်လာမည်။ ကြာသော်လည်း စောင့်မျှော်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လာမည်။
ထို့နောက် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အစဉ်ဆုတောင်းရမည့်အကြောင်း ကိုယ်တော်သည် ပုံဥပမာအားဖြင့် လူတို့အား မြွက်ဆိုတော်မူသည်မှာ
ဘုရားသခင်သည်လည်း မိမိထံ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်နေသည့် မိမိရွေးကောက်တော်မူသောသူတို့အတွက် တရားသဖြင့်မစီရင်ဘဲ ကြာရှည်စွာဆိုင်းထားတော်မူလိမ့်မည်လော။
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် အချိန်ရှိသရွေ့ ဝိညာဉ်တော်၌ဆုတောင်းကြလော့။ ထိုသို့ပြုနိုင်ရန် နိုးနိုးကြားကြားရှိလျက် ဇွဲလုံ့လအပြည့်အဝဖြင့် သန့်ရှင်းသူအပေါင်းတို့အတွက် အသနားခံကြလော့။
ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် သေတ္တာတော်ရှေ့မှနေ၍ သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်သွားရမည်။ ခုနစ်ရက်မြောက်သောနေ့တွင် မြို့ကို ခုနစ်ပတ်လှည့်ပတ်ရမည်။ တံပိုးကိုမှုတ်ရမည်။