Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ရာ 18:44 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

44 ခုနစ်​ကြိမ်​မြောက်​တွင် ငယ်သား​က “​လက်တစ်ဝါးစာ​မိုးတိမ်​တစ်​ခု ပင်လယ်​ဘက်​မှ​တက်လာ​သည်​ကို တွေ့​ပါ​ပြီ​”​ဟု ဆို​၏​။ ထိုအခါ ဧလိယ​က “​အာဟပ်​မင်းကြီး​ထံ​သွား​၍ ‘​ရထား​အသင့်ပြင်​ပြီး ပြန်​ဆင်းသွား​လော့​။ မိုးကြီး​၍​မ​ပြန်​နိုင်​မည်​ကို စိုး​ရ​ပါ​သည်​’​ဟူ၍ ပြောကြား​လော့​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

44 သတ္တ​မ​အ​ကြိမ်​၌​အ​စေ​ခံ​သည်​ယင်း​သို့​သွား ၍​ကြည့်​ရာ​မှ​ပြန်​လာ​ကာ``လူ​၏​လက်​သ​ဖွယ် သေး​ငယ်​သော​မိုး​တိမ်​ကို​ကျွန်​တော်​မြင်​ပါ​သည်'' ဟု​လျှောက်​၏။ ဧ​လိ​ယ​က​မိ​မိ​၏​အ​စေ​ခံ​အား``သင်​သည် အာ​ဟပ်​မင်း​ထံ​သို့​သွား​ပြီး​လျှင်​မိုး​မ​ဆီး တား​မီ​ရ​ထား​ပေါ်​သို့​တက်​၍ နန်း​တော်​သို့ ပြန်​တော်​မူ​ရန်​လျှောက်​ထား​လော့'' ဟု​အ​မိန့် ပေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

44 ခု နစ် ကြိမ် မြောက် သော အ ခါ ငယ် သား က၊ လူ လက် သ ဖွယ် သေး ငယ် သော မိုး တိမ် သည် ပင် လယ် မှ တက် လာ ပါ သည် ဟု လျှောက် ရာ အာ ဟပ် မင်း ထံ သွား ပြီး လျှင် မိုး မ ဆီး တား မီ ရ ထား တော် က ၍ ပြန် တော် မူ ရန် တင် လျှောက် လော့ ဟု မှာ လိုက် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

44 ခု​နစ်​ကြိမ်​မြောက်​သော​အ​ခါ၊ လူ​လက်​နှင့်​တူ​သော မိုး​တိမ်​ငယ်​တစ်​ခု​သည် ပင်​လယ်​ထဲ​က​တက်​ပါ၏​ဟု​ဆို​သော်၊ အာ​ဟပ်​မင်း​ထံ​သို့ သွား​လော့။ မိုး​ရွာ၍ ဆီး​တား​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ မင်း​ကြီး​ပြင်​ဆင်၍ ပြန်​သွား​မည်​အ​ကြောင်း လျှောက်​ထား​လော့​ဟု မှာ​လိုက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 18:44
7 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သူ့​ငယ်သား​အား “​ယခု သွား​ပြီး ပင်လယ်​ဘက်​သို့​ကြည့်​ပါ​”​ဟု ဆို​လျှင် ငယ်သား​က​သွား​ကြည့်​ပြီး “​မည်သည့်​အရိပ်အယောင်​မျှ မ​တွေ့​ရ​ပါ​”​ဟု ပြန်လာ​ပြော​၏​။ ဧလိယ​က မိမိ​ငယ်သား​အား “ထပ်၍​သွား​ပါ”​ဟု ခုနစ်​ကြိမ်​တိုင်တိုင် စေခိုင်း​လေ​၏​။


သင်​သည် အစ​တွင် သိမ်ငယ်​နေ​ရ​သော်လည်း အဆုံး​တွင် အလွန်​ကြီးပွား​လိမ့်မည်​။


အို လာခိရှ​မြို့သူ​၊ မြင်း​ကို စစ်ရထား​၌ က​လော့​။ သင်​သည် ဇိအုန်​သမီးပျို အပြစ်​ပြု​ရာ​အရင်းအမြစ်​ဖြစ်​၏​။ အကြောင်းမူကား အစ္စရေး​လူမျိုး ကျူးလွန်​သော​အပြစ်​များ​ကို သင်​၌​တွေ့​ရ​၏​။


သေးငယ်​သော​အမှု​များ​ပြု​သော​နေ့ရက်​ကို မည်သူ မထီမဲ့မြင်ပြု​သနည်း​။ သို့သော် မြေ​တစ်ပြင်လုံး​ကို လှည့်လည်​ကြည့်ရှု​လျက်​နေ​သော ထာဝရဘုရား​၏​မျက်လုံး​တော်​ခုနစ်​လုံး​သည် ဇေရုဗဗေလ​လက်​ထဲမှ ချိန်သီးတုံး​ကို​မြင်​သောအခါ ဝမ်းမြောက်​ကြ​၏​”​ဟု မိန့်ဆို​၏​။


ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“သင်​တို့​သည် အနောက်​အရပ်​တွင် မိုးတိမ်​တက်လာ​သည်​ကို​မြင်​လျှင် မိုးသက်မုန်တိုင်း​လာ​နေ​ပြီ​ဟု ချက်ချင်း​ပြော​တတ်​ကြ​၏။ ထိုအတိုင်း​လည်း​ဖြစ်​တတ်​၏။


ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း ထို​အတိုင်း​ပြု​ကြ​၏​။ သားပေါက်​ရှိ​သော​နွားမ​နှစ်​ကောင်​ကို​ယူ​၍ လှည်း​တွင်​က​ပြီး သားပေါက်​တို့​ကို​မူ နွားခြံ​တွင် ပြန်ထား​ကြ​၏​။


ယခု လှည်း​အသစ်​တစ်​စီး ပြုလုပ်​ပါ​။ သားပေါက်​ရှိ​ပြီး ထမ်းပိုး​မ​တင်​ဖူး​သေး​သော​နွားမ​နှစ်​ကောင်​ကို ယူ​၍ ထို​နွားမ​တို့​ကို​လှည်း​၌ က​ပါ​။ နွားသားပေါက်​များ​ကို​မူ နွားခြံ​၌ ပြန်ထား​ပါ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ