ထိုအခါ ဧလိယက လူအပေါင်းတို့အား “ငါ့အနားသို့ လာကြပါ”ဟု ဆိုလျှင် လူအပေါင်းတို့သည် သူ့အနားသို့ လာကြ၏။ ထို့နောက် ပြိုပျက်သွားသောထာဝရဘုရား၏ယဇ်ပလ္လင်ကို ပြုပြင်လေ၏။
ထို့နောက်ဧလိယကလူတို့အား``ငါ့အနီး သို့လာကြလော့'' ဟုဆိုသဖြင့် လူတို့သည် သူ၏ပတ်လည်သို့လာရောက်စုရုံးကြသော အခါ ဧလိယသည်ဖြိုချထားသည့်ထာဝရ ဘုရား၏ယဇ်ပလ္လင်ကိုပြန်၍ပြုပြင်၏။-
ထို အ ခါ ဧ လိ ယ က ချဉ်း ခဲ့ ကြ လော့ ဟု ပ ရိ သတ် အား ပြော ဆို သည့် အ တိုင်း ချဉ်း လာ ကြ ရာ ဧ လိ ယ သည် ပြို ပျက် နေ သော ထာ ဝ ရ ဘု ရား ၏ ပူ ဇော် ရာ ပ လ္လင် တော် ကို ပြု ပြင် လေ၏။
ဧလိယက၊ ငါ့အနီးသို့လာကြလော့ဟု လူများတို့ကိုခေါ်သည်အတိုင်း၊ လူအပေါင်းတို့သည် အနီးသို့လာကြ၏။ ထိုအခါဧလိယသည် ပြိုပျက်သော ထာဝရဘုရား၏ယဇ်ပလ္လင်ကို ရှင်းလင်းပြီးမှ၊
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို ပြန်လည်ပြုပြင်၍ ထိုယဇ်ပလ္လင်ပေါ်တွင် မိတ်သဟာယယဇ်၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ပူဇော်၏။ ထို့ပြင် ယုဒအမျိုးတို့ကိုလည်း အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကိုသာ ဝတ်ပြုကြရန် မှာကြား၏။
သူက “အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏ပရောဖက်များကိုသတ်လျက် ကိုယ်တော်၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းကျန်ရစ်ခဲ့၍ အကျွန်ုပ်၏အသက်ကိုလည်း ရန်ရှာနေကြပါ၏”ဟု လျှောက်လေ၏။