၂ ရာချုပ် 33:16 - မြန်မာ့စံမီသမ္မာကျမ်း16 ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို ပြန်လည်ပြုပြင်၍ ထိုယဇ်ပလ္လင်ပေါ်တွင် မိတ်သဟာယယဇ်၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ပူဇော်၏။ ထို့ပြင် ယုဒအမျိုးတို့ကိုလည်း အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကိုသာ ဝတ်ပြုကြရန် မှာကြား၏။ အခန်းကိုကြည့်ပါ။Common Language Bible16 ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရန်ယဇ် ပလ္လင်ကိုပြန်လည်ပြင်ဆင်ပြီးနောက်မိတ်သဟာ ယယဇ်နှင့်ကျေးဇူးတော်ချီးမွမ်းရာယဇ်များ ကိုပူဇော်တော်မူ၏။ ယုဒပြည်သူအပေါင်း သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်ရန် အမိန့်ပေးတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible16 ထာ ဝ ရ ဘု ရား၏ ပူ ဇော် ရာ ပ လ္လင် တော် ကို ပြု ပြင် လျက်၊ မိတ် သ ဟာ ယ ပူ ဇော် ရာ သ က္ကာ နှင့် ချီး မွမ်း ရာ သ က္ကာ များ ကို ပူ ဇော် ၍၊ ယု ဒ အ မျိုး ကို၊ ဣ သ ရေ လ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ဝတ် ပြု ကြ ရန် မိန့် ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible16 ထာဝရဘုရား၏ယဇ်ပလ္လင်ကို ပြုပြင်၍၊ မိတ်သဟာယယဇ်နှင့် ကျေးဇူးတော်ဝန်ခံရာ ယဇ်တို့ကို ပူဇော်၏။ ယုဒပြည်သားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုမည်အကြောင်း မှာထား၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။
ထိုအခါ ဟေဇကိမင်းကြီးက သူတို့အား “သင်တို့သည် ထာဝရဘုရားထံ မိမိတို့ကိုယ်ကိုဆက်ကပ်ကြပြီဖြစ်၍ ထာဝရဘုရား၏အိမ်တော်သို့ ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြလော့”ဟု မိန့်ဆို၏။ လူအစုအဝေးတို့သည်လည်း ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြ၏။ စေတနာစိတ်အလျောက်ပူဇော်သော မီးရှို့ရာယဇ်အပေါင်းတို့ကိုလည်း ယူဆောင်လာကြ၏။