သူသည်လည်း ထွက်သွား၍ လမ်းပေါ်တွင် လဲကျနေသောအလောင်းနှင့် အလောင်းဘေးတွင်ရပ်နေသော မြည်းနှင့်ခြင်္သေ့ကိုတွေ့၏။ ခြင်္သေ့သည် အသေကောင်ကိုမစား၊ မြည်းကိုလည်း မကိုက်ပေ။
၃ ရာ 17:6 - မြန်မာ့စံမီသမ္မာကျမ်း ကျီးအတို့သည် သူ့အတွက် အသားနှင့်မုန့်တို့ကို နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ယူဆောင်လာပေး၏။ ထိုချောင်းမှရေကို သူသောက်၏။ Common Language Bible သူသည်ချောင်းရေကိုသောက်၏။ ကျီးအတို့ သည်သူစားရန်မုန့်နှင့်အမဲသားကို နေ့စဉ် နေ့တိုင်းနံနက်၌တစ်ကြိမ်ညနေ၌တစ်ကြိမ် ယူဆောင်လာ၏။- Garrad Bible နံ နက် တစ် ကြိမ်၊ ညဉ့် တစ် ကြိမ်၊ ကျီး အ တို့ ပေး လာ သော မုန့် နှင့် ဟင်း လျာ ကို စား ၍ ချောင်း ရေ ကို သောက် ရ လေ ၏။ Judson Bible ကျီးအတို့သည် နေ့တိုင်း နံနက်တစ်ခါ၊ ညဉ့်ဦးတစ်ခါ မုန့်နှင့် အမဲသားကို ဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်းသောက်ရ၏။ |
သူသည်လည်း ထွက်သွား၍ လမ်းပေါ်တွင် လဲကျနေသောအလောင်းနှင့် အလောင်းဘေးတွင်ရပ်နေသော မြည်းနှင့်ခြင်္သေ့ကိုတွေ့၏။ ခြင်္သေ့သည် အသေကောင်ကိုမစား၊ မြည်းကိုလည်း မကိုက်ပေ။
ဧလိယလည်း ထွက်သွား၍ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဂျော်ဒန်မြစ်အရှေ့ဘက်ရှိ ခေရိတ်ချောင်းနားတွင် သွားရောက်နေထိုင်လေ၏။
သို့သော် မြေပေါ်တွင် မိုးမရွာသဖြင့် ကာလအတန်ကြာသောအခါ ချောင်းရေခန်းခြောက်သွားလေ၏။
သူကြည့်လိုက်သောအခါ ခေါင်းရင်းနားတွင် ကင်ထားသောမုန့်တစ်ချပ်နှင့် ရေဘူးတစ်ဘူးကို တွေ့၏။ သူသည် စားသောက်ပြီး ပြန်၍အိပ်ပျော်သွားလေ၏။
ထို့ကြောင့် သူသည် ထ၍စားသောက်၏။ ထိုအစားအစာကြောင့် အားပြည့်လာပြီး ဟောရပ်ဟူသောဘုရားသခင်၏တောင်သို့ ရက်လေးဆယ်ပတ်လုံးခရီးဆက်၍
ကြည့်ရှုလော့။ ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့် မိမိမေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူတို့၏စိတ်ဝိညာဉ်ကို ကြည့်ရှုတော်မူ၏။
သူတို့သည် ဆိုးရွားသောကာလ၌ အရှက်ကွဲကြရလိမ့်မည်မဟုတ်။ အစာခေါင်းပါးသောနေ့၌လည်း ဝလင်ရကြလိမ့်မည်။
ထာဝရဘုရားကိုယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုလော့။ ပြည်တော်၌နေထိုင်၍ သစ္စာတရား၌ကျက်စားလော့။
အစ္စရေးအမျိုးသားတို့သည် သူတို့အခြေချနေထိုင်မည့်ပြည်သို့မရောက်မချင်း အနှစ်လေးဆယ်ပတ်လုံး မန္နမုန့်ကိုစားကြ၏။ သူတို့သည် ခါနာန်ပြည်နယ်နိမိတ်သို့မရောက်မချင်း မန္နမုန့်ကိုစားကြ၏။
ထိုသူသည် မြင့်ရာအရပ်၌ နေရလိမ့်မည်။ ခိုင်ခံ့သောကျောက်တောင်၌ ခိုလှုံရ၍ သူ့အား အစားအစာပေးကြ၏။ သူ၌ သောက်ရေမပြတ်။
ထို့နောက် ဇေဒကိမင်းကြီး၏အမိန့်တော်ဖြင့် ယေရမိကို ထောင်ဝင်းထဲ၌ ထားကြ၏။ မြို့ထဲရှိ မုန့်များမရှိတော့သည်အထိ သူ့အား မုန့်ဖုတ်တန်းမှ မုန့်တစ်လုံးကို နေ့စဉ်ပေးရ၏။ ဤသို့ ယေရမိသည် ထောင်ဝင်းထဲ၌ နေရလေ၏။
ကြည့်ရှုလော့။ ယခုတွင် သင့်လက်၌ချည်နှောင်ထားသောကြိုးကို ဖြေပေးမည်။ ငါနှင့်အတူ ဘေဘီလုံမြို့သို့လိုက်လိုလျှင်လိုက်ပါ။ သင့်ကို ကောင်းစွာကြည့်ရှုပါမည်။ ဘေဘီလုံမြို့သို့ ငါနှင့်သင်မလိုက်လိုလျှင်လည်း မလိုက်ပါနှင့်။ တိုင်းပြည်တစ်ပြည်လုံး သင့်ရှေ့မှောက်တွင်ရှိ၏။ ကောင်းမည်၊ အဆင်ပြေမည်ဟု သင်ထင်သည့်နေရာများသို့ သင်သွားနိုင်၏”ဟု ဆိုလေ၏။
ထိုအခါ ထာဝရဘုရားက မောရှေအား “ငါထာဝရဘုရား၏လက်သည် တိုသလော။ ငါ၏စကားတည်သည်၊ မတည်သည်ကို ယခု သင်သိမြင်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် ယေရှုသည် သူတို့ကိုစူးစိုက်ကြည့်လျက်“ဤအရာသည် လူတို့အတွက် မဖြစ်နိုင်သော်လည်း ဘုရားသခင်အတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။
ထို့နောက် ကိုယ်တော်က“ငါသည် သင်တို့ကို ငွေအိတ်၊ လွယ်အိတ်နှင့် ဖိနပ်မပါဘဲ စေလွှတ်သောအခါ သင်တို့တွင် လိုအပ်မှုတစ်စုံတစ်ရာရှိခဲ့သလော”ဟု တပည့်တော်တို့အားမေးတော်မူလျှင် သူတို့က “မရှိခဲ့ပါ”ဟု လျှောက်ကြ၏။
ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။
ထိုအခါ ရှံဆုန်က “စားတတ်သူထဲက စားစရာ၊ အားကြီးသူထဲက ချိုမြိန်ခြင်း ထွက်၏”ဟု စကားထာဝှက်လေ၏။ သူတို့သည် သုံးရက်ကြာသည်အထိ စကားထာ၏အဖြေကို မပြောပြနိုင်ကြ။