ထို့နောက်တွင် အစ္စရေးလူမျိုးတို့သည် နှစ်ဖွဲ့ကွဲသွားပြီး တစ်ဝက်မှာ ဂိနတ်၏သားတိဗနိနောက်သို့လိုက်ပြီး သူ့ကို မင်းမြှောက်လိုကြ၏။ ကျန်တစ်ဝက်မှာ ဩမရိနောက်သို့လိုက်ကြ၏။
၃ ရာ 16:29 - မြန်မာ့စံမီသမ္မာကျမ်း ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးဆယ့်ရှစ်နှစ်တွင် ဩမရိမင်းကြီး၏သားတော်အာဟပ် နန်းတက်၏။ ဩမရိမင်းကြီး၏သားတော်အာဟပ်သည် ရှမာရိမြို့တွင် အစ္စရေးလူမျိုးတို့ကို နှစ်ဆယ့်နှစ်နှစ် အုပ်စိုး၏။ Common Language Bible ယုဒဘုရင်အာသနန်းစံသုံးဆယ့်ရှစ်နှစ် မြောက်၌ သြမရိ၏သားတော်အာဟပ်သည် ဣသရေလဘုရင်ဖြစ်လာပြီးလျှင် ရှမာရိ မြို့တွင်နှစ်ဆယ့်နှစ်နှစ်နန်းစံလေသည်။- Garrad Bible ယု ဒ ဘု ရင် အာ သ မင်း နန်း စံ သုံး ဆယ့် ရှစ် နှစ် တွင် သြ မ ရိ မင်း သား တော် အာ ဟပ် မင်း နန်း တက်၍ ရှ မာ ရိ မြို့၌ ဣ သ ရေ လ နိုင် ငံ ကို နှစ် ဆယ့် နှစ် နှစ် စိုး စံ လေ ၏။ Judson Bible ယုဒရှင်ဘုရင်အာသ နန်းစံသုံးဆယ်ရှစ်နှစ်တွင်၊ ဩမရိသားအာဟပ်သည် ရှမာရိမြို့၌ ဣသရေလမင်းပြု၍၊ ဣသရေလနိုင်ငံကို နှစ်ဆယ်နှစ်နှစ် စိုးစံ၏။ |
ထို့နောက်တွင် အစ္စရေးလူမျိုးတို့သည် နှစ်ဖွဲ့ကွဲသွားပြီး တစ်ဝက်မှာ ဂိနတ်၏သားတိဗနိနောက်သို့လိုက်ပြီး သူ့ကို မင်းမြှောက်လိုကြ၏။ ကျန်တစ်ဝက်မှာ ဩမရိနောက်သို့လိုက်ကြ၏။
ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးဆယ့်တစ်နှစ်တွင် ဩမရိနန်းတက်၍ အစ္စရေးပြည်တွင် တစ်ဆယ့်နှစ်နှစ်၊ တိရဇာမြို့တွင် ခြောက်နှစ် စိုးစံ၏။
ထို့နောက် သူသည် ရှမေရထံမှ ရှမာရိတောင်ကို ငွေနှစ်တာလန်နှင့်ဝယ်ယူပြီး ထိုတောင်ပေါ်၌ မြို့တည်၏။ တောင်ပိုင်ရှင်အမည်ရှမေရကို အစွဲပြု၍ ထိုမြို့၏အမည်ကို ရှမာရိမြို့ဟု ခေါ်ဝေါ်၏။
ဩမရိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ရှမာရိမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာဟပ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ဩမရိမင်းကြီး၏သားတော်အာဟပ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်တွင် မိမိအလျင်ရှိခဲ့သောမင်းအပေါင်းတို့ထက် မကောင်းမှုကိုသာ၍ပြု၏။
အာဟပ်မင်းကြီးသည် အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း စိုက်ထူ၏။ ထိုထက်မက သူ့အလျင်ရှိခဲ့သောအစ္စရေးဘုရင်အပေါင်းတို့ထက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို သာ၍အမျက်ထွက်စေ၏။
“ထလော့။ ရှမာရိမြို့ရှိ အစ္စရေးဘုရင်အာဟပ်မင်းကြီးကို သွားတွေ့လော့။ သူသည် နာဗုတ်၏စပျစ်ခြံကို သိမ်းယူရန် သွားလေပြီ။
စစ်ကူတိုက်ခွင့်မပေးဘဲ အာမဇိမင်းကြီး ပြန်လွှတ်လိုက်သောစစ်သူရဲတို့သည် ရှမာရိမြို့မှ ဗေသောရုန်မြို့တိုင်အောင် ယုဒမြို့ရွာများကို ဝင်ရောက်တိုက်ခိုက်ပြီး လူသုံးထောင်ကိုသတ်ကာ တိုက်ရာပါပစ္စည်းများစွာကိုလည်း သိမ်းယူသွားကြ၏။
ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့တို့မှ လူအယောက်ရှစ်ဆယ်တို့ ရောက်လာကြ၏။ သူတို့သည် မုတ်ဆိတ်ရိတ်ထားကြ၏။ သူတို့၏အဝတ်လည်း စုတ်ပြဲနေ၏။ ကိုယ်ကိုလည်း မွှမ်းထားကြ၏။ လက်ထဲတွင်လည်း ထာဝရဘုရား၏အိမ်တော်အဖို့ ဘောဇဉ်ပူဇော်သက္ကာနှင့် လော်ဗန်တို့ကို ယူဆောင်လာကြ၏။
ဧဖရိမ်အမျိုး နှုတ်ဟလိုက်သည်နှင့် လူတို့ ထိတ်လန့်ကြရ၏။ အစ္စရေးအမျိုးတွင် သူသည် ဩဇာညောင်းသူဖြစ်၏။ သို့သော် ဗာလဘုရားကြောင့် အပြစ်သင့်၍ သေဆုံးရ၏။
ဩမရိမင်းကြီး၏ဥပဒေသအတိုင်း၊ အာဟပ်မင်းမျိုး၏အပြုအမူအတိုင်း သင်တို့ လိုက်လျှောက်ကြ၏။ သူတို့၏အကျင့်အကြံအတိုင်း လိုက်လျှောက်သောကြောင့် သင့်ကို ပျက်စီးခြင်းလက်သို့ ငါပေးအပ်လိုက်၏။ မြို့သားတို့သည် ကဲ့ရဲ့စရာဖြစ်ရလိမ့်မည်။ သင်တို့သည် ငါ့လူမျိုးတော်၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်။”