ထို့နောက် ထိုနွားသငယ်ရုပ်တို့ကို ဗေသလမြို့တွင်တစ်ကောင်၊ ဒန်မြို့တွင်တစ်ကောင် တည်ထား၏။
၃ ရာ 13:32 - မြန်မာ့စံမီသမ္မာကျမ်း ဗေသလမြို့ရှိယဇ်ပလ္လင်၊ ရှမာရိမြို့ရွာရှိအထွတ်အမြတ်ထားရာကုန်းမြင့်မှဝတ်ကျောင်းများနှင့်ပတ်သက်၍ ထာဝရဘုရား၏စကားတော်အတိုင်း ထိုသူကြွေးကြော်ခဲ့သောအရာသည် အမှန်ဖြစ်လာလိမ့်မည်”ဟု မှာကြားလေ၏။ Common Language Bible ဗေသလမြို့ရှိယဇ်ပလ္လင်နှင့် ပတ်သက်၍လည်း ကောင်း၊ ရှမာရိမြို့များရှိဝတ်ပြုကိုးကွယ်ရာ ဌာနများနှင့်ပတ်သက်၍လည်းကောင်း၊ ထာဝရ ဘုရားအမိန့်တော်အရထိုသူပြန်ကြားသည့် စကား မှန်သမျှသည်မုချအကောင်အထည် ပေါ်လာလိမ့်မည်'' ဟုဆို၏။ Judson Bible ဗေသလမြို့ ယဇ်ပလ္လင်တစ်ဖက် ရှမာရိမြို့ရွာတွင်၊ မြင့်သောအရပ်ပေါ်မှာ ဆောက်သော အိမ်များတစ်ဖက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ကြွေးကြော်သောစကားသည် စင်စစ်ပြည့်စုံလိမ့်မည်ဟု မှာထားလေ၏။ |
ထို့နောက် ထိုနွားသငယ်ရုပ်တို့ကို ဗေသလမြို့တွင်တစ်ကောင်၊ ဒန်မြို့တွင်တစ်ကောင် တည်ထား၏။
အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ဝတ်ကျောင်းများကို တည်ဆောက်ပြီး လေဝိအမျိုးမဟုတ်သော သာမန်လူများအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထား၏။
ထိုသူသည် ထာဝရဘုရားဆင့်ဆိုစေသည့်အတိုင်း ယဇ်ပလ္လင်ကိုဆန့်ကျင်လျက် “အို ယဇ်ပလ္လင် ယဇ်ပလ္လင်၊ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဒါဝိဒ်အမျိုးအနွယ်မှ ယောရှိအမည်ရှိသောသားတစ်ယောက် မွေးဖွားလိမ့်မည်။ သူသည် အထွတ်အမြတ်ထားရာကုန်းမြင့်များ၌ နံ့သာပေါင်းမီးရှို့ပူဇော်သောယဇ်ပုရောဟိတ်တို့ကို သင့်အပေါ်တွင် ပူဇော်လိမ့်မည်။ လူ၏အရိုးတို့ကို သင့်အပေါ်တွင် မီးရှို့လိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ကြွေးကြော်လေ၏။
ထို့နောက် သူသည် ရှမေရထံမှ ရှမာရိတောင်ကို ငွေနှစ်တာလန်နှင့်ဝယ်ယူပြီး ထိုတောင်ပေါ်၌ မြို့တည်၏။ တောင်ပိုင်ရှင်အမည်ရှမေရကို အစွဲပြု၍ ထိုမြို့၏အမည်ကို ရှမာရိမြို့ဟု ခေါ်ဝေါ်၏။
သို့သော် လူမျိုးတိုင်း မိမိတို့၏ဘုရားများကို ပြုလုပ်ပြီး ရှမာရိမြို့သားတို့တည်ထားသော အထွတ်အမြတ်ထားရာကုန်းမြင့်ရှိ ဝတ်ကျောင်းတို့တွင် ထားရှိကြ၏။ လူမျိုးတိုင်း မိမိတို့နေထိုင်ရာမြို့ရွာတို့တွင် ထိုသို့ပြုကြ၏။
စစ်ကူတိုက်ခွင့်မပေးဘဲ အာမဇိမင်းကြီး ပြန်လွှတ်လိုက်သောစစ်သူရဲတို့သည် ရှမာရိမြို့မှ ဗေသောရုန်မြို့တိုင်အောင် ယုဒမြို့ရွာများကို ဝင်ရောက်တိုက်ခိုက်ပြီး လူသုံးထောင်ကိုသတ်ကာ တိုက်ရာပါပစ္စည်းများစွာကိုလည်း သိမ်းယူသွားကြ၏။
ကြီးမြတ်၍ဂုဏ်သရေရှိသော အာသနပါမင်းကြီး ခေါ်ဆောင်လာ၍ ရှမာရိမြို့များနှင့် မြစ်ကြီး၏အနောက်ဘက်ဒေသ၌ နေရာချထားသော ကျန်သည့်လူမျိုးများက ရေးသားပေးပို့ကြခြင်းဖြစ်၏။
ငါသည် သင်တို့အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီး၍ သင်တို့၏နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်တို့ကို ခုတ်လှဲမည်။ သင်တို့၏အလောင်းတို့ကို သင်တို့၏သက်မဲ့ရုပ်တုများအပေါ်၌ စုပုံထားမည်။ ငါ၏စိတ်ဝိညာဉ်သည် သင်တို့ကိုရွံရှာမည်။
ရှမာရိနယ်သားတို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုလက်ခံကြကြောင်း ဂျေရုဆလင်မြို့တွင်ရှိသော တမန်တော်တို့သည် ကြားသိကြသောအခါ ပေတရုနှင့်ယောဟန်တို့ကို သူတို့ထံသို့စေလွှတ်ကြ၏။