ပရောဖက်သည် ဘုရားသခင့်လူ၏အလောင်းကိုမ၍ မြည်းပေါ်ပွေ့တင်ပြီး ပြန်သယ်လာ၏။ အသက်ကြီးသောပရောဖက်သည် သူနေထိုင်ရာမြို့သို့ပြန်လာပြီး သူ့အတွက် ငိုကြွေးမြည်တမ်းခြင်းကိုပြုလျက် သူ့ကိုသင်္ဂြိုဟ်လေ၏။
၃ ရာ 13:30 - မြန်မာ့စံမီသမ္မာကျမ်း အလောင်းကို မိမိသင်္ချိုင်းတွင်သင်္ဂြိုဟ်ပြီး “အလို၊ ငါ့ညီ ဖြစ်ရလေခြင်း”ဟု ငိုကြွေးမြည်တမ်းလေ၏။ Common Language Bible သူသည်ထိုအလောင်းကိုမိမိ၏အိမ်ထောင်စု သင်္ချိုင်းတွင်သင်္ဂြိုဟ်ပြီးနောက် မိမိ၏သားများ နှင့်အတူ``အို ငါ့ညီ၊ ငါ့ညီ'' ဟုဆို၍ငိုကြွေး မြည်းတမ်းလေသည်။- Garrad Bible အို ငါ့ ညီ ဟု ဟစ်၍ မြည်း တမ်း ကြ ကုန် ၏။ Judson Bible အလောင်းကို မိမိသင်္ချိုင်းတွင်း၌ ထားလျက်၊ အိုငါ့ညီဟူ၍ ငိုကြွေးမြည်တမ်းခြင်းကို ပြု၏။ |
ပရောဖက်သည် ဘုရားသခင့်လူ၏အလောင်းကိုမ၍ မြည်းပေါ်ပွေ့တင်ပြီး ပြန်သယ်လာ၏။ အသက်ကြီးသောပရောဖက်သည် သူနေထိုင်ရာမြို့သို့ပြန်လာပြီး သူ့အတွက် ငိုကြွေးမြည်တမ်းခြင်းကိုပြုလျက် သူ့ကိုသင်္ဂြိုဟ်လေ၏။
အစ္စရေးလူမျိုးတစ်မျိုးလုံး သူ့အတွက် ငိုကြွေးမြည်တမ်းလျက် သူ့ကို သင်္ဂြိုဟ်ကြလိမ့်မည်။ ယေရောဗောင်မင်းမျိုးမင်းနွယ်တွင် သူသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏စိတ်တော်နှင့်တွေ့သူဖြစ်၏။ ထို့ကြောင့် ယေရောဗောင်မင်းမျိုးမင်းနွယ်ထဲတွင် သူတစ်ဦးတည်းသာ သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းခံရလိမ့်မည်။
ထို့ပြင် ရှင်ဘုရင်က “ငါလှမ်းမြင်နေရသော ကမ္ပည်းတိုင်ကား မည်သူ့သင်္ချိုင်းဂူနည်း”ဟု မေးလျှင် မြို့သားတို့က “ဤဗေသလယဇ်ပလ္လင်ကို အရှင်မင်းကြီး ယခုကဲ့သို့ပြုလိမ့်မည်ဟု ကြိုတင်ဟောပြောခဲ့သည့် ယုဒပြည်မှလာသောဘုရားသခင့်လူ၏သင်္ချိုင်းဂူ ဖြစ်ပါ၏”ဟု လျှောက်တင်ကြလျှင်
ထို့ကြောင့် ယောရှိ၏သား ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “အလို ငါ့အစ်ကို၊ အလို ငါ့နှမဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။ အလို သခင်၊ အလို ဘုန်းကြီးသောသူဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။
ဘုရားတရားကြည်ညိုသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ သူ့အတွက် ရင်ဘတ်စည်တီးလျက် ပြင်းစွာငိုကြွေးကြ၏။