ဘုရားသခင်၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
၃ ရာ 12:32 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ယေရောဗောင်မင်းကြီးသည် ယုဒပြည်တွင်ကျင်းပသောပွဲကဲ့သို့ အဋ္ဌမလ၊ တစ်ဆယ့်ငါးရက်နေ့တွင် ပွဲကျင်းပပြီး ယဇ်ပလ္လင်တွင် ယဇ်ပူဇော်၏။ ဗေသလမြို့တွင်တည်ထားသောနွားသငယ်ရုပ်တုကိုလည်း ယဇ်ပူဇော်၏။ ဗေသလမြို့ရှိ သူတည်ထားသောအထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်များကို ခန့်ထား၏။ Common Language Bible ယေရောဗောင်သည်ယုဒပြည်တွင်ကျင်းပသည့် ပွဲတော်နှင့်အလားတူဘာသာရေးပွဲတော်ကို လည်း အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့၌ကျင်းပ ရန်ပြဋ္ဌာန်းတော်မူ၏။ သူသည်မိမိသွန်းလုပ် ထားသောနွားလားဥသဘရုပ်များအား ဗေသလမြို့ရှိယဇ်ပလ္လင်တွင်ယဇ်များကို ပူဇော်၍ မိမိဆောက်လုပ်ထားသည့်ကိုးကွယ် ဝတ်ပြုရာဌာနများတွင် အမှုတော်ဆောင် လျက်ရှိသောယဇ်ပုရောဟိတ်တို့ကိုထို မြို့၌တာဝန်ပေးအပ်တော်မူ၏။- Garrad Bible ယု ဒ ပြည်၌ ကျင်း ပ လေ့ ရှိ သော ပူ ဇော် ပွဲ ကဲ့ သို့ အ ဋ္ဌ မ လ၊ ဆယ့် ငါး ရက် တွင် ဗေ သ လ မြို့ ၌ ပွဲ ကို စီ မံ၍ ပူ ဇော် ရာ ပ လ္လင် သို့ တက် ပြီး လျှင် ကိုယ် လုပ် သော နွား ရုပ် များ အား ပူ ဇော် လေ၏။ ကိုယ် တည် သော မြင့် ရာ ဌာ န များ ဆိုင် သည့် ပ ရော ဟိတ် တို့ ကို လည်း ဗေ သ လ မြို့ မှာ နေ ရာ ပေး လေ၏။ Judson Bible ယုဒပြည်၌ခံသောပွဲကဲ့သို့ အဋ္ဌမလ တစ်ဆယ့်ငါးရက်နေ့တွင် ပွဲကိုစီရင်၍၊ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်၏။ ထိုသို့ ဗေသလမြို့၌စီရင်၍၊ မိမိလုပ်သောနွားသငယ်တို့အား ယဇ်ပူဇော်၏။ မြင့်သောအရပ်၌ ခန့်ထားသော ယဇ်ပုရောဟိတ်တို့ကိုလည်း ဗေသလမြို့မှာ နေရာချ၏။ |
ဘုရားသခင်၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
ဤသို့ဖြစ်ပျက်ခဲ့ပြီးနောက်တွင်လည်း ယေရောဗောင်မင်းကြီးသည် လမ်းမှားကိုမစွန့်။ အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်ကို သာမန်လူများထဲမှ ရွေးကောက်ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်လိုသူများကို မိမိကိုယ်တိုင်ခန့်အပ်ရာ ထိုသူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။
ထို့ကြောင့် ဧသနိမ်လ ဟုခေါ်သော သတ္တမလပွဲတော်ကျင်းပချိန်တွင် အစ္စရေးအမျိုးသားအပေါင်းတို့သည် ရှောလမုန်မင်းကြီးထံ စုရုံးရောက်ရှိလာကြ၏။
ရှောလမုန်မင်းကြီးနှင့် သူ့ထံသို့စုဝေးရောက်ရှိလာသောအစ္စရေးလူထုအပေါင်းတို့သည် သေတ္တာတော်ရှေ့တွင် မရေမတွက်နိုင်အောင်များပြားလှသော သိုးနွားတို့ကို ပူဇော်ကြ၏။
ထိုအမှုကို အာရုန်တွေ့မြင်သောအခါ နွားသငယ်ရုပ်တုရှေ့၌ ယဇ်ပလ္လင်ကိုတည်လေ၏။ ထို့နောက် အာရုန်က “မနက်ဖြန်၌ ထာဝရဘုရားအဖို့ ပွဲတော်ရှိ၏”ဟု ကြေညာလေ၏။
သူတို့၏တံခါးခုံများကို ငါ့တံခါးခုံနားမှာလည်းကောင်း၊ သူတို့၏တံခါးတိုင်များကို ငါ့တံခါးတိုင်နားမှာလည်းကောင်း ထားကြ၏။ သူတို့နှင့်ငါ့ကြား၌ နံရံတစ်ခုသာခြား၏။ သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ရာများကိုပြု၍ သန့်ရှင်းသောငါ့နာမကို ရှုတ်ချကြ၏။ ထို့ကြောင့် ငါအမျက်ထွက်၍ သူတို့ကို ဖျက်ဆီးခဲ့၏။
ထိုသူ မိက္ခာ၌ ဘုရားဝတ်ကျောင်းရှိ၏။ သူသည် ဧဖုဒ်နှင့်တေရပ်ရုပ်တုများကို သွန်းလုပ်ပြီးလျှင် မိမိသားတစ်ယောက်ကို ယဇ်ပုရောဟိတ်အဖြစ်ခန့်ထား၏။