အာဗြံသည် ထိုပြည်ကိုဖြတ်သွား၍ ရှေခင်အရပ်၊ မောရေတောင်ကုန်းရှိ ဝက်သစ်ချပင်တိုင်အောင် ရောက်လေ၏။ ထိုကာလတွင် ခါနာန်လူမျိုးတို့သည် ထိုပြည်၌ရှိကြ၏။
၃ ရာ 12:25 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်တွင် ယေရောဗောင်မင်းကြီးသည် ဧဖရိမ်တောင်ပေါ်တွင် ရှေခင်မြို့ကိုတည်၍ နေထိုင်၏။ ထို့နောက် ရှေခင်မြို့မှထွက်ခွာပြီး ပေနွေလမြို့ကို တည်ပြန်၏။ Common Language Bible ဣသရေလဘုရင်ယေရောဗောင်သည်တောင် ပေါများသောဧဖရိမ်ပြည်၊ ရှေခင်မြို့ကို တံတိုင်းကာပြီးလျှင်ကာလအတန်ကြာမျှ နန်းစံတော်မူ၏။ ထို့နောက်ထိုမြို့မှထွက်ခွာ ၍ပေနွေလမြို့ကိုတံတိုင်းကာတော်မူ၍၊- Garrad Bible ထို နောက် ယေ ရော ဗောင် မင်း သည် ဧ ဖ ရိမ် ခင် တန်း ပေါ် တွင် ရှေ ခင် မြို့ ကို ချဲ့ တည် စံ နေ ရာ မှ ရွေ့ ၍ ပေ နွေ လ မြို့ ကို ချဲ့ တည် ပြန် ၏။ Judson Bible ထိုနောက် ယေရောဗောင်သည် ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကိုတည်၍ နေရာချ၏။ ထိုမြို့မှသွား၍ ပေနွေလမြို့ကိုလည်း တည်၏။ |
အာဗြံသည် ထိုပြည်ကိုဖြတ်သွား၍ ရှေခင်အရပ်၊ မောရေတောင်ကုန်းရှိ ဝက်သစ်ချပင်တိုင်အောင် ရောက်လေ၏။ ထိုကာလတွင် ခါနာန်လူမျိုးတို့သည် ထိုပြည်၌ရှိကြ၏။
ထိုသို့ ယာကုပ်၏တင်ပါးဆုံအဆစ်၌ရှိသောအကြောကို ထိုးသောကြောင့် ယနေ့တိုင်အောင် အစ္စရေးအမျိုးသားတို့သည် တင်ပါးဆုံအဆစ်၌ရှိသောအကြောကို မစားကြချေ။
အစ္စရေးလူမျိုးတစ်မျိုးလုံးသည် ရောဗောင်ကိုမင်းမြှောက်ရန် ရှေခင်မြို့သို့ရောက်လာကြသဖြင့် ရောဗောင်သည်လည်း ရှေခင်မြို့သို့သွား၏။
ထို့နောက် ယေရောဗောင်မင်းကြီးက “ယခု နိုင်ငံတော်သည် ဒါဝိဒ်မင်းမျိုးမင်းနွယ်ထံ ပြန်ရောက်သွားနိုင်၏။
အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် ယုဒပြည်သို့ချီလာ၍ ယုဒဘုရင်အာသမင်းကြီးထံ မည်သူမျှဝင်ထွက်သွားလာခြင်းမပြုနိုင်အောင် ရာမမြို့ကိုတည်၏။
ထို့နောက် သူသည် ရှမေရထံမှ ရှမာရိတောင်ကို ငွေနှစ်တာလန်နှင့်ဝယ်ယူပြီး ထိုတောင်ပေါ်၌ မြို့တည်၏။ တောင်ပိုင်ရှင်အမည်ရှမေရကို အစွဲပြု၍ ထိုမြို့၏အမည်ကို ရှမာရိမြို့ဟု ခေါ်ဝေါ်၏။
ဤသို့ ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်၊ သူစံမြန်းရန်နန်းတော်၊ မိလ္လော၊ ဂျေရုဆလင်မြို့ရိုး၊ ဟာဇော်မြို့၊ မေဂိဒ္ဒေါမြို့၊ ဂေဇာမြို့တို့ကို တည်ဆောက်ရန် အလုပ်ကြမ်းသမားများကို ခေါ်ယူခဲ့ရ၏။
ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့တို့မှ လူအယောက်ရှစ်ဆယ်တို့ ရောက်လာကြ၏။ သူတို့သည် မုတ်ဆိတ်ရိတ်ထားကြ၏။ သူတို့၏အဝတ်လည်း စုတ်ပြဲနေ၏။ ကိုယ်ကိုလည်း မွှမ်းထားကြ၏။ လက်ထဲတွင်လည်း ထာဝရဘုရား၏အိမ်တော်အဖို့ ဘောဇဉ်ပူဇော်သက္ကာနှင့် လော်ဗန်တို့ကို ယူဆောင်လာကြ၏။
ထို့နောက် သူသည် ထိုအရပ်မှ ပေနွေလမြို့သို့တက်သွား၍ ထိုမြို့သားတို့ကိုလည်း ထိုနည်းတူ တောင်းလေ၏။ ပေနွေလမြို့သားတို့သည်လည်း သုကုတ်မြို့သားတို့ပြန်ပြောသကဲ့သို့ သူ့ကိုပြန်ပြောကြ၏။
ယေရုဗ္ဗာလ၏သား အဘိမလက်သည် မိခင်ဘက်မှ ညီအစ်ကိုတို့ရှိရာ ရှေခင်မြို့သို့သွားပြီး မိခင်ဘက်မှ ဘိုးဘေးမျိုးနွယ်စုတို့အား