၃ ရာ 12:20 - မြန်မာ့စံမီသမ္မာကျမ်း
ယေရောဗောင်ပြန်ရောက်လာပြီဖြစ်ကြောင်းကို အစ္စရေးလူမျိုးတစ်မျိုးလုံး ကြားသိလျှင် လူလွှတ်၍ သူ့ကို လူထုရှေ့သို့ခေါ်လာစေပြီး အစ္စရေးလူမျိုးအပေါင်းတို့ကို အုပ်ချုပ်ရန် မင်းမြှောက်လိုက်လေ၏။ ယုဒအမျိုးမှတစ်ပါး ဒါဝိဒ်မင်းမျိုးမင်းနွယ်နောက်သို့လိုက်သောသူမရှိ။
အခန်းကိုကြည့်ပါ။
ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည် မှယေရောဗောင်ပြန်လည်ရောက်ရှိလာသည့် သတင်းကိုကြားသောအခါ သူ့အားလူထု အစည်းအဝေးသို့ဖိတ်ခေါ်ကာ ဣသရေလ ဘုရင်အဖြစ်မင်းမြှောက်ကြကုန်၏။ ယုဒ အနွယ်သာလျှင်ဒါဝိဒ်၏သားမြေးတို့ အပေါ်တွင်သစ္စာစောင့်ကြလေသည်။
အခန်းကိုကြည့်ပါ။
ယေ ရော ဗောင် ပြန် ရောက် ပြီ ဟု ဣ သ ရေ လ တစ် မျိုး လုံး ကြား သိ ကြ သော အ ခါ လူ ပ ရိ သတ် ရှိ ရာ ခေါ် စေ၍ ဣ သ ရေ လ အ မျိုး အ ပေါ် တွင် ဘု ရင် တင် မြှောက် ကြ၏။ ယု ဒ အ နွယ် မှ တစ် ပါး ဒါ ဝိဒ် မင်း ရိုး ကို မှီ ခို သူ မ ရှိ ချေ။
အခန်းကိုကြည့်ပါ။
ယေရောဗောင်ပြန်လာကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြားသောအခါ၊ လူကိုစေလွှတ်၍၊ ယေရောဗောင်ကို စည်းဝေးရာပရိသတ်ထံသို့ ခေါ်ပြီးလျှင်၊ ဣသရေလအမျိုးကိုအုပ်စိုးသော ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယုဒအမျိုးမှတစ်ပါး အဘယ်အမျိုးမျှ ဒါဝိဒ်မင်းမျိုးသို့ မဆည်းကပ်။
အခန်းကိုကြည့်ပါ။