ထိုအခါ ရှင်ဘုရင်သည် လူတို့အား ကြမ်းတမ်းစွာပြန်ပြော၏။ သက်ကြီးဝါကြီးတို့ပေးသောအကြံကို ပစ်ပယ်ပြီး
၃ ရာ 12:14 - မြန်မာ့စံမီသမ္မာကျမ်း သူသည် လူငယ်တို့ပေးသောအကြံအတိုင်း သူတို့အား “ငါ့ခမည်းတော်သည် သင်တို့အပေါ် လေးသောထမ်းပိုးကို တင်ခဲ့၏။ ငါမူကား သင်တို့၏ထမ်းပိုးကို ပို၍လေးစေမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကျာပွတ်နှင့်ဆုံးမ၏။ ငါမူကား သင်တို့ကို ကင်းမြီးကောက်နှင့်ဆုံးမမည်”ဟု ပြန်ပြော၏။ Common Language Bible လူငယ်လူရွယ်တို့ပေးသည့်အကြံအတိုင်းထို သူတို့အား``ငါ့ခမည်းတော်တင်သောဝန်လေး သည်မှန်၏။ ငါတင်သောဝန်ကားထိုထက်ပင်ပို ၍လေးလိမ့်မည်။ သူသည်သင်တို့အားကြိမ်နှင့် ရိုက်၏။ ငါမူကားကြာပွတ်နှင့်ရိုက်အံ့'' ဟု ခက်ထန်စွာဖြေကြားတော်မူ၏။- Judson Bible ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းပိုးကို တင်လေပြီ။ ငါသည်လည်းထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။ |
ထိုအခါ ရှင်ဘုရင်သည် လူတို့အား ကြမ်းတမ်းစွာပြန်ပြော၏။ သက်ကြီးဝါကြီးတို့ပေးသောအကြံကို ပစ်ပယ်ပြီး
ထို့ကြောင့် အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ရက်စက်ကြမ်းတမ်းစွာ စေခိုင်းကြ၏။
သူတို့ဘဝခါးသီးရလောက်အောင်ပင် ကြမ်းတမ်းသောအလုပ်များဖြစ်သည့် သရွတ်ဖျော်လုပ်ငန်း၊ အုတ်ဖုတ်လုပ်ငန်း၊ လယ်ယာလုပ်ငန်းရှိသမျှတို့၌ ခိုင်းစေ၏။ ခိုင်းစေလေသမျှတို့၌လည်း ရက်စက်ကြမ်းတမ်းစွာ ခိုင်းစေ၏။
ဖြောင့်မတ်သောသူတို့၏အကြံအစည်တို့သည် တရားမျှတ၏။ ဆိုးယုတ်သောသူတို့၏လမ်းညွှန်မှုတို့သည် လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။
မာနထောင်လွှားခြင်းသည် ခိုက်ရန်ကိုသာဖြစ်ပွားစေတတ်၏။ အကြံပေးခြင်းကိုလက်ခံသောသူ၌ကား ဉာဏ်ပညာရှိ၏။
ပျက်စီးခြင်း၏ရှေ့ပြေးသည် မာနကြီးခြင်းဖြစ်၏။ ပြိုလဲခြင်း၏ရှေ့ပြေးကား ဘဝင်မြင့်ခြင်းဖြစ်၏။
အငြင်းပွားမှု၏အစသည် ရေပေါက်ထွက်ခါစကဲ့သို့ဖြစ်သောကြောင့် ခိုက်ရန်မဖြစ်ပွားမီ အငြင်းပွားမှုကိုရပ်စဲလော့။
အုပ်စိုးသူမင်းသည် မုသားစကားကိုအာရုံစိုက်လျှင် သူ၏အမှုထမ်းအပေါင်းတို့သည် ဆိုးယုတ်သောသူများဖြစ်လာကြလိမ့်မည်။
ငါ့ဆရာတို့၏စကားကိုလည်း နားမထောင်၊ ငါ့ကိုသင်ကြားပေးသောသူတို့ကိုလည်း နားစွင့်ခြင်းမရှိခဲ့ပေ။
အမှုအရာ၏အဆုံးသည် ၎င်း၏အစထက် ပို၍ကောင်း၏။ သည်းခံသောစိတ်သည် ထောင်လွှားသောစိတ်ထက် ပို၍ကောင်း၏။
အရှင်မင်းကြီး၊ ဤရက်သုံးဆယ်အတွင်း အရှင်မင်းကြီးမှလွဲ၍ အခြားဘုရားကိုဖြစ်စေ၊ လူကိုဖြစ်စေ အသနားခံဆုတောင်းသောသူ မည်သူမဆို ခြင်္သေ့တွင်းထဲသို့ ပစ်ချခြင်းခံရမည်ဟူသောတားမြစ်အမိန့်ကို အတည်ပြုအမိန့်ထုတ်ပြန်စေလိုပါသည်ဟု နိုင်ငံအကြီးအကဲများဖြစ်သည့်အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးအရာရှိများ၊ မင်းအတိုင်ပင်ခံများ၊ ဘုရင်ခံများအားလုံးသဘောတူတိုင်ပင်ကြပါ၏။
သို့သော် သင်တို့၏စိတ်နှလုံးထဲ၌ ခါးသီးသောမနာလိုခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းများရှိလျှင် သမ္မာတရားကိုဆန့်ကျင်၍ ဝါကြွားခြင်း၊ လိမ်ညာခြင်းတို့ကိုမပြုကြနှင့်။