ငိုကြွေးမြည်တမ်းချိန်လွန်သောအခါ ဒါဝိဒ်မင်းကြီးသည် လူလွှတ်၍ သူ့ကို နန်းတော်သို့ ခေါ်လာစေ၏။ သူသည် မိဖုရားဖြစ်လာပြီး သားကိုမွေးဖွား၏။ သို့သော် ဤသို့ ဒါဝိဒ်မင်းကြီးပြုသောအမှုသည် ထာဝရဘုရားရှေ့တော်၌ ဆိုးညစ်သောအမှုဖြစ်၏။
၃ ရာ 11:9 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီးသည် မိမိအား နှစ်ကြိမ်တိုင်တိုင် ကိုယ်ထင်ရှားပြခဲ့သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံမှ စိတ်ပြောင်းသွားသောကြောင့် ထာဝရဘုရားသည် ရှောလမုန်မင်းကြီးအား အမျက်ထွက်တော်မူ၏။ Common Language Bible ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ရှောလမုန်အားနှစ်ကြိမ် တိုင်တိုင်ထင်ရှား၍ လူမျိုးခြားတို့၏ဘုရား များကိုဝတ်ပြုကိုးကွယ်ခြင်းမပြုရန်မိန့် ကြားတော်မူသော်လည်း ရှောလမုန်သည် ထာဝရဘုရား၏စကားတော်ကိုနား မထောင်ဘဲ ကိုယ်တော်အားကျောခိုင်းသော ကြောင့် ထာဝရဘုရားသည်ရှောလမုန်အား အမျက်ထွက်တော်မူသဖြင့်၊- Garrad Bible နှစ် ကြိမ် မြောက် ထင် ရှား တော် မူ လျက် အ ခြား ဘု ရား များ နောက် သို့ မ လိုက် ရ ဟု ကန့် ကွက် တော် မူ ခဲ့ သော ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ချက် ကို မ လိုက် နာ ဘဲ အ ထံ တော် မှ စိတ် ပြောင်း လဲ သော ရှော လ မုန် မင်း အ ပေါ် တွင် အ မျက် ထား တော် မူ ၏။ Judson Bible အခြားတစ်ပါးသော ဘုရားနောက်သို့ မလိုက်ရမည်အကြောင်း ပညတ်တော်မူသောဘုရား၊ နှစ်ကြိမ် ထင်ရှားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားထံတော်မှ၊ |
ငိုကြွေးမြည်တမ်းချိန်လွန်သောအခါ ဒါဝိဒ်မင်းကြီးသည် လူလွှတ်၍ သူ့ကို နန်းတော်သို့ ခေါ်လာစေ၏။ သူသည် မိဖုရားဖြစ်လာပြီး သားကိုမွေးဖွား၏။ သို့သော် ဤသို့ ဒါဝိဒ်မင်းကြီးပြုသောအမှုသည် ထာဝရဘုရားရှေ့တော်၌ ဆိုးညစ်သောအမှုဖြစ်၏။
ထာဝရဘုရားသည် ဩဇကို အမျက်ထွက်တော်မူ၏။ သူပြုမိသောအမှားကြောင့် ဘုရားသခင်သည် သူ့ကို ထိုနေရာတွင်ပင် ဒဏ်ခတ်တော်မူရာ သူသည် ဘုရားသခင်၏သေတ္တာတော်နားတွင် သေလေ၏။
မိမိတို့ဘုရားများကို နံ့သာပေါင်းမီးရှို့ပူဇော်တတ်ကြသော တစ်ပါးအမျိုးသားမိဖုရားအားလုံးအတွက် ထိုသို့ပြုပေး၏။
ဂိဗောင်မြို့၌ ထာဝရဘုရားသည် ရှောလမုန်မင်းကြီးအား ညအချိန်အိပ်မက်ထဲတွင် ကိုယ်ထင်ရှားပြတော်မူ၏။ ဘုရားသခင်က “ငါပေးရမည့်ဆုကို တောင်းလော့”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက ဂိဗောင်မြို့၌ ကိုယ်ထင်ရှားပြခဲ့သကဲ့သို့ ရှောလမုန်မင်းကြီးအား ဒုတိယအကြိမ် ထင်ရှားပြတော်မူ၏။
ဤအမှုသည် ဘုရားသခင်ရှေ့တွင် ဆိုးညစ်သောအမှုဖြစ်သောကြောင့် အစ္စရေးလူမျိုးကို ဒဏ်ခတ်တော်မူရာ
ထိုအခါ ထာဝရဘုရားသည် မောရှေကို အမျက်ထွက်၍ “လေဝိအမျိုးအာရုန်သည် သင်၏အစ်ကိုမဟုတ်လော။ သူသည် နှုတ်ရေးကျွမ်းကျင်သည်ကို ငါသိ၏။ သူသည် သင့်ကိုကြိုဆိုရန် ထွက်လာပြီ။ သင်နှင့်တွေ့သောအခါ သူသည် စိတ်ထဲ၌ ဝမ်းမြောက်လိမ့်မည်။
သင်၏စိတ်နှလုံးကို သတိဝီရိယရှိသမျှနှင့် ထိန်းသိမ်းစောင့်ရှောက်လော့။ အကြောင်းမူကား ၎င်းသည် အသက်၏အရင်းအမြစ်ဖြစ်၏။
ဖောက်ပြန်မှားယွင်းခြင်းနှင့် စပျစ်ဝိုင်အဟောင်း၊ စပျစ်ဝိုင်အသစ်တို့သည် သူတို့၏အသိစိတ်ကို အနိုင်ယူသွားလေပြီ။
သို့သော် ထာဝရဘုရားသည် သင်တို့ကြောင့် ငါ့ကိုအမျက်ထွက်၍ ငါ့စကားကို နားညောင်းတော်မမူ။ ထို့ပြင် ထာဝရဘုရားသည် ငါ့အား ‘တော်ပြီ။ ဤကိစ္စနှင့်ပတ်သက်၍ ငါ့အား ထပ်၍မလျှောက်တော့နှင့်။
အကြောင်းမူကား သူတို့သည် သင်တို့၏သားကို ငါ့ထံမှ လမ်းလွဲစေ၍ အခြားဘုရားများကို ဝတ်ပြုစေကြလိမ့်မည်။ ထိုအခါ ထာဝရဘုရားသည် အမျက်ထွက်၍ သင်တို့ကို အလျင်အမြန်ဖျက်ဆီးတော်မူလိမ့်မည်။
ထာဝရဘုရားသည် အာရုန်ကိုလည်း ဖျက်ဆီးချင်လောက်အောင် သူ့ကိုအလွန်အမျက်ထွက်တော်မူသဖြင့် ထိုအချိန်၌ အာရုန်အတွက် ငါဆုတောင်းရ၏။
ဟောရပ်တောင်၌လည်း သင်တို့သည် ထာဝရဘုရားကို အမျက်ထွက်စေသဖြင့် ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးချင်လောက်အောင် အမျက်ထွက်တော်မူခဲ့၏။
အကြောင်းမူကား ဒေမသည် ယခုဘဝကိုချစ်၍ ငါ့ကိုစွန့်ပစ်ကာ သက်သာလောနိတ်မြို့သို့ သွားလေပြီ။ ကရက္ကေသည် ဂလာတိပြည်သို့လည်းကောင်း၊ တိတုသည် ဒါလမာတိပြည်သို့လည်းကောင်း သွားကြပြီ။
“ရှောလုကို ဘုရင်တင်မြှောက်မိ၍ ငါဝမ်းနည်း၏။ သူသည် ငါ့စကားကို မနာခံ၊ ငါ့ထံမှလမ်းလွဲသွားပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ရှမွေလသည် စိတ်မချမ်းမသာဖြစ်၍ ထာဝရဘုရားထံ တစ်ညလုံးအော်ဟစ်ဆုတောင်းလေ၏။