ကာဣနက မိမိညီအာဗေလအား “လယ်ထဲသွားကြစို့”ဟု ဆိုလေ၏။ လယ်၌ သူတို့ရှိကြစဉ် ကာဣနသည် မိမိညီအာဗေလကိုရန်ပြု၍ သူ့ကိုသတ်လေ၏။
၃ ရာ 11:29 - မြန်မာ့စံမီသမ္မာကျမ်း တစ်နေ့တွင် ယေရောဗောင်သည် ဂျေရုဆလင်မြို့ပြင်သို့ထွက်လာရာ လမ်းတွင် ဝတ်ရုံအသစ်ဝတ်ဆင်ထားသော ရှိလောမြို့သား၊ ပရောဖက်အဟိယနှင့်ဆုံ၏။ မြို့ပြင်တွင် သူတို့နှစ်ဦးသာရှိနေစဉ် Common Language Bible တစ်နေ့သ၌ယေရောဗောင်သည်ယေရုရှလင်မြို့ မှခရီးပြုရန်ထွက်ခွာလာစဉ် လမ်းပေါ်၌သူ နှင့်ရှိလောမြို့သားပရောဖက်အဟိယတို့ နှစ်ဦးတည်းတွေ့ဆုံမိကြလေသည်။- Garrad Bible တစ် နေ့ သ၌ ယေ ရော ဗောင် သည် ယေ ရု ရှ လင် မြို့ ပြင် သို့ ထွက် သွား စဉ် ဝတ် လုံ သစ် ရုံ ရှိ သော ရှိ လော မြို့ နေ ပ ရော ဖက် အ ဟိ ယ နှင့် တွေ့ ဆုံ၍ မြို့ ပြင်၌ နှစ် ယောက် တည်း ရှိ ကြ ရာ Judson Bible တစ်ရံရောအခါ ယေရောဗောင်သည် ယေရုရှလင်မြို့ပြင်သို့ ထွက်သွားသည်ရှိသော်၊ ရှိလောမြို့သားအဟိယသည် ဝတ်လုံသစ်နှင့် ကိုယ်ကိုခြုံလျက်၊ ယေရောဗောင်ကိုကြိုဆို၍ လယ်ပြင်၌ ထိုသူနှစ်ယောက်တည်း ရှိစဉ်အခါ၊ |
ကာဣနက မိမိညီအာဗေလအား “လယ်ထဲသွားကြစို့”ဟု ဆိုလေ၏။ လယ်၌ သူတို့ရှိကြစဉ် ကာဣနသည် မိမိညီအာဗေလကိုရန်ပြု၍ သူ့ကိုသတ်လေ၏။
အရှင့်ကျွန်မ၌ သားနှစ်ယောက်ရှိပါ၏။ ထိုသားနှစ်ယောက်သည် လယ်တောတွင်ရန်ဖြစ်ကြပါ၏။ သူတို့ကို ဖျန်ဖြေပေးမည့်သူမရှိသဖြင့် ရန်ဖြစ်ရင်း တစ်ယောက်က အခြားတစ်ယောက်ကို ရိုက်သတ်လိုက်မိပါ၏။
ထို့ကြောင့် ထာဝရဘုရားက ရှောလမုန်မင်းကြီးအား “သင်သည် ဤသို့ပြု၍ ငါနှင့်ဖွဲ့သောပဋိညာဉ်၊ ငါမိန့်မှာထားသောစီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ထိန်းသောကြောင့် စင်စစ် နိုင်ငံတော်ကို သင့်လက်မှရုပ်သိမ်းပြီး သင့်အစေအပါးလက်သို့ ငါအပ်မည်။
ဤသို့ဖြင့် ရှင်ဘုရင်သည် လူတို့၏စကားကို နားမထောင်ဘဲနေ၏။ အကြောင်းမှာ ရှိလောမြို့သားအဟိယမှတစ်ဆင့် နေဗတ်၏သားယေရောဗောင်အား ထာဝရဘုရားမိန့်မှာထားသောစကားများ အမှန်ဖြစ်လာရန် ထာဝရဘုရား ဤသို့ဖြစ်ပျက်စေခြင်းဖြစ်၏။
ရှောလမုန်မင်းကြီးထံမှထွက်ပြေးသွားခဲ့သော နေဗတ်၏သားယေရောဗောင်သည် အီဂျစ်ပြည်၌ခိုလှုံနေ၏။ ထိုသတင်းကို ကြားရလျှင် ယေရောဗောင်သည် အီဂျစ်ပြည်မှ ပြန်လာ၏။
ယေရောဗောင်က သူ့မိဖုရားအား “သင့်ကို ယေရောဗောင်၏မိဖုရားမှန်း လူတို့မသိအောင် ရုပ်ဖျက်ပြီး ရှိလောမြို့ရှိပရောဖက် အဟိယထံသို့သွားလော့။ သူက ငါ့အား သင်သည် ဤလူမျိုးကို အုပ်ချုပ်ရမည်ဟု ပြောခဲ့သောသူဖြစ်၏။
ယေရောဗောင်မင်းကြီး၏မိဖုရားသည်လည်း ထ၍ ရှိလောမြို့သို့သွားကာ အဟိယအိမ်သို့ရောက်လေ၏။ အဟိယသည် အသက်အရွယ်ကြီးရင့်ပြီဖြစ်၍ မျက်စိပင်မမြင်တော့ချေ။
ဤသို့ဖြင့် ရှင်ဘုရင်သည် လူတို့၏စကားကို နားမထောင်ဘဲနေ၏။ အကြောင်းမှာ ရှိလောမြို့သားအဟိယမှတစ်ဆင့် နေဗတ်၏သားယေရောဗောင်အား ထာဝရဘုရားမိန့်မှာထားသောစကားများ အမှန်ဖြစ်လာရန် ဘုရားသခင် ဤသို့ဖြစ်ပျက်စေခြင်းဖြစ်၏။
ကျန်ရှိနေသော ရှောလမုန်မင်းကြီးလက်ထက် အဖြစ်အပျက်အစမှအဆုံးကို ပရောဖက်နာသန်၏မှတ်တမ်းတွင်လည်းကောင်း၊ ရှိလောမြို့သား အဟိယ၏အနာဂတ္တိကျမ်းတွင်လည်းကောင်း၊ နေဗတ်၏သားယေရောဗောင်မင်းကြီး၏ဗျာဒိတ်ဆရာဣဒေါ၏ဗျာဒိတ်ကျမ်းတွင်လည်းကောင်း ရေးမှတ်ထား၏။
ထိုပြည်ကို အောင်နိုင်ပြီးနောက် အစ္စရေးလူထုတစ်ရပ်လုံး ရှိလောအရပ်၌ စုရုံး၍ တွေ့ဆုံစည်းဝေးရာတဲတော်ကို တည်ကြ၏။