အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၃ ရာ 10:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မင်းကြီး​ထံ​ခစား​ရ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​လှ​ပါ​သည်​တကား​။ ရှေ့​တော်​တွင် အစဉ်​အမှုထမ်း​ရ​ပြီး မင်းကြီး​၏​ပညာစကား​ကို ကြားနာ​ရ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​လှ​ပါ​သည်​တကား​။

အခန်းကိုကြည့်ပါ။

Common Language Bible

အ​ဆွေ​တော်​၏​မိ​ဖု​ရား​များ​သည်​အ​လွန်​မင်္ဂ လာ​ရှိ​ကြ​ပါ​သည်​တ​ကား။ အ​ဆွေ​တော်​၏ အ​ပါး​တော်​တွင်​အ​စဉ်​ခ​စား​လျက် အ​ဆွေ တော်​၏​ထံ​မှ​ဉာဏ်​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား များ​ကို​ကြား​ရ​သူ​အ​ဆွေ​တော်​၏​အ​စေ​ခံ များ​သည်​လည်း အ​လွန်​မင်္ဂ​လာ​ရှိ​ကြ​ပါ​သည် တ​ကား။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ပါး တော် တွင် အ မြဲ ခ စား လျက် ပ ညာ တော် ကို နာ ယူ ရ သော အ ကြည် တော် ၏ အ မှု ထမ်း၊ ကျေး ကျွန် သင်း ပင်း တို့ သည် သာ ယာ ကြ လေ စွ။

အခန်းကိုကြည့်ပါ။

Judson Bible

ရှေ့​တော်၌​အ​စဉ်​နေ၍ ပ​ညာ​တော်​ကို​ကြား​ရ​သော ကိုယ်​တော်၏​လူ၊ ကိုယ်​တော်၏​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။



၃ ရာ 10:8
12 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်ကိုယ်တိုင် ဤ​နေရာ​သို့​လာ​၍ မျက်စိ​ဖြင့်​မ​မြင်​ရ​မီ​အထိ ဤ​သတင်း​ကို မ​ယုံကြည်​ခဲ့​ပါ​။ အကျွန်ုပ်​ကြားသိ​ထား​သော​အရာ​သည် ထက်ဝက်​မျှ​ပင်​မ​ရှိ​ပါ​။ မင်းကြီး​၏​ဉာဏ်ပညာ​နှင့် စည်းစိမ်​များ​သည် အကျွန်ုပ်​ကြားသိ​ရ​သည်​ထက် သာလွန်​နေ​ပါ​သည်​တကား​။


ထို့နောက် ရောဗောင်​မင်းကြီး​သည် ခမည်းတော်​ရှောလမုန်​မင်းကြီး​အသက်ရှင်​စဉ်က ရှေ့​တော်​၌​ခစား​သူ​များ​ဖြစ်​သည့် သက်ကြီးဝါကြီး​များ​အား “​သင်​တို့ မည်သို့​အကြံပေး​မည်နည်း​။ ဤ​လူ​တို့​အား မည်သို့​ပြန်ပြော​ရ​မည်နည်း​”​ဟု တိုင်ပင်မေးမြန်း​ရာ


ဖြောင့်မတ်​သော​သူ​၏​နှုတ်ခမ်း​သည် များစွာ​သော​သူ​တို့​ကို ကျွေးမွေး​တတ်​၏​။ ဆိုးမိုက်​သော​သူ​တို့​မူကား အသိစိတ်​မ​ရှိ​သောကြောင့် သေ​ကြ​လိမ့်မည်​။


ပညာရှိ​သော​သူ​တို့​နှင့်အတူ လျှောက်လှမ်း​သော​သူ​သည် ပညာရှိ​လာ​လိမ့်မည်​။ မိုက်မဲ​သော​သူ​တို့​နှင့်အတူ​ပေါင်းဖော်​သော​သူ​မူကား ဒုက္ခရောက်​လိမ့်မည်​။


မိမိ​အလုပ်​တွင် ကျွမ်းကျင်​သော​သူ​ကို သင်​မြင်​သလော​။ ထို​သူ​သည် ရှင်ဘုရင်​တို့​ရှေ့မှောက်​၌ ခစား​ရ​လိမ့်မည်​။ သာမန်​လူ​တို့​ရှေ့​၌ ခစား​ရ​လိမ့်မည်​မ​ဟုတ်​။


ငါ့​စကား​ကို​နားထောင်​၍ ငါ့​တံခါး​တို့​အနား​တွင် နေ့စဉ်နေ့တိုင်း​စောင့်ကြည့်​လျက် ငါ့​တံခါး​တိုင်​တို့​အနား​တွင် စောင့်မျှော်​လျက်​နေ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။


ငါ​မူကား မိဇပါ​မြို့​တွင်​နေထိုင်​ပြီး ငါ​တို့​ထံ​ရောက်လာ​မည့် ခါလဒဲ​လူမျိုး​တို့​ကို ရင်ဆိုင်​ပေး​မည်​။ သင်​တို့​မူကား စပျစ်ဝိုင်​မှစ၍ နွေရာသီသီးနှံ​၊ ဆီ​တို့​ကို စုသိမ်း​ပြီး အိုး​များ​၌ သို​ထား​ကြ​လော့​။ သင်​တို့​ရ​ထား​သော​မြို့​တို့​တွင် နေထိုင်​ကြ​လော့​”​ဟု ဆို​လေ​၏​။


သို့ရာတွင် ကိုယ်တော်​က“စင်စစ်ကား ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​ကြား​၍ စောင့်ထိန်း​သော​သူ​သည် မင်္ဂလာရှိ​၏”​ဟု မိန့်​တော်မူ​၏။


တရား​စီရင်​တော်မူ​သည့်​အခါ တောင်​အရပ်​မှ​ဘုရင်မ​သည် ဤ​မျိုးဆက်​လူ​တို့​နှင့်အတူ​ထမြောက်​လျက် ဤ​မျိုးဆက်​၏​အပြစ်​ကို​ထင်ရှား​စေ​လိမ့်မည်။ အကြောင်းမူကား သူ​သည် ရှောလမုန်​၏​ဉာဏ်ပညာ​စကား​ကို​နားထောင်​ရန် မြေကြီး​အစွန်အဖျား​မှ​လာ​၏။ ကြည့်ရှု​လော့။ ဤ​အရပ်​၌ ရှောလမုန်​ထက်​ကြီးမြတ်​သော​သူ​ရှိ​၏။