‘အစ္စရေးလူမျိုး၏ဘုရားသခင်ကို ချီးမွမ်းထောမနာပြုပါ၏။ ယနေ့ အကျွန်ုပ်၏ရာဇပလ္လင်တွင် စံမြန်းရမည့်သူကို ပေးသနားတော်မူ၍ အကျွန်ုပ်ကိုယ်တိုင်မြင်တွေ့ရလေပြီ’ဟူ၍ မြွက်ဆိုခဲ့ပါ၏”ဟု ပြန်ပြောလေ၏။
၃ ရာ 1:49 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အဒေါနိယဖိတ်ကြားထားသူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြသဖြင့် ထ၍ ကိုယ့်လမ်းသို့ အသီးသီးပြန်သွားကြလေ၏။ Common Language Bible ထိုအခါအဒေါနိယ၏ ဧည့်သည်တော်တို့ သည်ကြောက်လန့်ကြသဖြင့် ထ၍တစ်ယောက် တစ်လမ်းစီပြန်သွားကြ၏။- Garrad Bible အ ဒေါ နိ ယ ခေါ် ဖိတ် သူ အ ပေါင်း တို့ အ လန့် တ ကြား ထ လျက် တ ကွဲ တ ပြား ပြန် သွား ကြ သော် Judson Bible ထိုအခါ အဒေါနိယနှင့် ပေါင်းဖော်သောသူအပေါင်းတို့သည် ကြောက်ရွံ့သဖြင့် ထ၍ တစ်ယောက်တခြားစီ သွားကြ၏။ |
‘အစ္စရေးလူမျိုး၏ဘုရားသခင်ကို ချီးမွမ်းထောမနာပြုပါ၏။ ယနေ့ အကျွန်ုပ်၏ရာဇပလ္လင်တွင် စံမြန်းရမည့်သူကို ပေးသနားတော်မူ၍ အကျွန်ုပ်ကိုယ်တိုင်မြင်တွေ့ရလေပြီ’ဟူ၍ မြွက်ဆိုခဲ့ပါ၏”ဟု ပြန်ပြောလေ၏။
အဒေါနိယသည်လည်း ရှောလမုန်ကို ကြောက်သဖြင့် ထသွား၍ ယဇ်ပလ္လင်ရှိဦးချိုတို့ကို ဆုပ်ကိုင်လျက်နေလေ၏။
ငါ့သား၊ ထာဝရဘုရားနှင့်ရှင်ဘုရင်ကို ကြောက်ရွံ့လော့။ ဖောက်ပြန်ပြောင်းလဲသောသူတို့နှင့် ရောနှောဆက်ဆံခြင်းမပြုနှင့်။
အကြောင်းမူကား ဘေးဒုက္ခသည် သူတို့ထံမှရုတ်တရက်ရောက်လာတတ်၏။ ထိုအရှင်နှစ်ပါးထံမှရောက်လာမည့်ဘေးဆိုးကို မည်သူသိနိုင်မည်နည်း။
ဆိုးယုတ်သောသူသည် လိုက်သောသူမရှိဘဲလျက် ထွက်ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ပျိုကဲ့သို့ရဲရင့်တည်ကြည်၏။