မိမိ၏ကုန်ပစ္စည်းသည် အကျိုးအမြတ်ရှိကြောင်းကို သိမြင်တတ်၏။ သူ၏မီးခွက်သည် ညအချိန်၌ မငြိမ်းတတ်။
၂ သက် 3:7 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့ကို မည်ကဲ့သို့အတုယူရမည်ကို သင်တို့ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့အလယ်၌ စည်းမဲ့ကမ်းမဲ့နေကြသည်မဟုတ်။ Common Language Bible သင်တို့သည်ငါတို့အလုပ်လုပ်ခဲ့သည့်စံ နမူနာကိုလိုက်၍ပြုကျင့်သင့်သည်ကို သင် တို့ကိုယ်တိုင်ကောင်းစွာသိရှိကြပေသည်။ သင်တို့နှင့်အတူရှိစဉ်အခါကငါတို့သည် အလုပ်မလုပ်ဘဲမနေခဲ့ကြ။- Garrad Bible ငါ တို့ သည် သင် တို့ ဘောင် တွင် လေ လွင့် လျက် မ နေ ခဲ့ သည် ဖြစ်၍ ငါ တို့ ပုံ စံ ကို မည် သို့ လိုက် သင့် ကြောင်း သင် တို့ ကိုယ် တိုင် သိ ကြ၏။ Judson Bible အကြောင်းမူကား၊ ငါတို့ပေးသော ပုံသက်သေကိုလိုက်၍ သင်တို့သည် အဘယ်သို့ကျင့်ရမည်ဟု သင်တို့ ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့တွင် မတရားစွာ ပြုကြသည်မဟုတ်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့၏ စံနမူနာကို သင်တို့မည်သို့ ယူသင့်သည်ကို သိကြ၏။ ကျွန်ုပ်တို့သည် သင်တို့နှင့် အတူနေထိုင်စဉ်က ပျင်းရိလေလွင့်၍ မနေခဲ့ကြ။ |
မိမိ၏ကုန်ပစ္စည်းသည် အကျိုးအမြတ်ရှိကြောင်းကို သိမြင်တတ်၏။ သူ၏မီးခွက်သည် ညအချိန်၌ မငြိမ်းတတ်။
ငါသည် ခရစ်တော်ကိုအတုယူသူဖြစ်သကဲ့သို့ သင်တို့သည်လည်း ငါ့ကိုအတုယူသူများဖြစ်ကြလော့။
သို့ဖြစ်၍ ငါ့ကိုအတုယူသူများဖြစ်ကြရန် သင်တို့ကို ငါတိုက်တွန်းနှိုးဆော်၏။
ညီအစ်ကိုတို့၊ ငါ့ကိုအတုယူသူများဖြစ်ကြလော့။ ငါတို့ထံမှရရှိသောစံနမူနာအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောသူတို့ကိုလည်း ကြည့်ရှုမှတ်သားကြလော့။
ငါ့ထံမှ သင်တို့သင်ကြားခံယူလျက် ကြားနာသိမြင်ခဲ့သောအရာတို့ကို ပြုကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
ငါတို့သည် ယုံကြည်သူဖြစ်သောသင်တို့တွင် မည်သို့ သန့်ရှင်းဖြူစင်စွာနှင့် ဖြောင့်မတ်စွာပြုမူလျက် အပြစ်တင်စရာမရှိရလေအောင် နေထိုင်ခဲ့သည်ကို သင်တို့နှင့်ဘုရားသခင်သည် ငါတို့၏သက်သေများဖြစ်ကြ၏။
ညီအစ်ကိုတို့၊ သင်တို့အား ငါတို့တိုက်တွန်းနှိုးဆော်သည်ကား စည်းမဲ့ကမ်းမဲ့နေသောသူတို့ကို သတိပေးဆုံးမကြလော့။ စိတ်အားငယ်သောသူတို့ကို နှစ်သိမ့်ကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ လူအပေါင်းတို့အပေါ် စိတ်ရှည်သည်းခံကြလော့။
ညီအစ်ကိုတို့၊ ငါတို့ထံမှခံယူရရှိသည့်ဓလေ့ထုံးတမ်းနှင့်အညီ မလိုက်လျှောက်ဘဲ စည်းမဲ့ကမ်းမဲ့ အသက်ရှင်လျှောက်လှမ်းနေကြသော ညီအစ်ကိုအားလုံးကို ရှောင်ကြဉ်ကြရန် ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့် သင်တို့ကို ငါတို့ညွှန်ကြားကြ၏။
ထိုသို့ပြုခြင်းမှာ ငါတို့၌ အခွင့်မရှိသောကြောင့်မဟုတ်။ ငါတို့ကိုအတုယူနိုင်ရန် ငါတို့ကိုယ်တိုင် သင်တို့အား စံနမူနာပြလိုသောကြောင့်သာဖြစ်၏။
သင်၏အသက်အရွယ်နုပျိုခြင်းကို မည်သူမျှမထီမဲ့မြင်မပြုစေနှင့်။ အပြောအဆို၌လည်းကောင်း၊ အသက်ရှင်နေထိုင်မှု၌လည်းကောင်း၊ ချစ်ခြင်းမေတ္တာ၌လည်းကောင်း၊ ယုံကြည်ခြင်း၌လည်းကောင်း၊ ဖြူစင်သန့်ရှင်းခြင်း၌လည်းကောင်း ယုံကြည်သောသူတို့အတွက် စံနမူနာဖြစ်လော့။
အရာရာ၌ ကောင်းသောလုပ်ဆောင်မှု၏စံနမူနာကို သင်ကိုယ်တိုင်ပြသလော့။ ဩဝါဒပေးရာတွင် သမာဓိနှင့်တည်ကြည်လေးနက်ခြင်းရှိလျက်
သင်တို့အားခွဲဝေပေးအပ်ထားသောသူတို့အပေါ် စိုးမိုးခြယ်လှယ်ခြင်းမပြုဘဲ သိုးစုအတွက် စံနမူနာဖြစ်ကြလော့။