သင်သည် သူ၏စကားကို သေချာစွာနားထောင်၍ ငါမိန့်ဆိုသောအရာရှိသမျှတို့ကိုပြုကျင့်လျှင် သင့်ရန်သူတို့သည် ငါ့ရန်သူဖြစ်မည်။ သင့်ကိုရန်ပြုသောသူတို့ကို ငါရန်ပြုမည်။
၂ သက် 1:6 - မြန်မာ့စံမီသမ္မာကျမ်း သခင်ယေရှုသည် မီးလျှံထဲ၌ မိမိ၏တန်ခိုးကြီးသောကောင်းကင်တမန်များနှင့်အတူ မိုးကောင်းကင်မှပေါ်ထွန်းတော်မူသောအခါ သင်တို့ကို ဆင်းရဲဒုက္ခရောက်စေသောသူတို့အား ဆင်းရဲဒုက္ခကိုလည်းကောင်း၊ Common Language Bible ဘုရားသခင်သည်တရားသဖြင့်စီရင်တော် မူသောအရှင်ဖြစ်တော်မူသည်အတိုင်း သင်တို့ ကိုဆင်းရဲဒုက္ခရောက်စေသူတို့အားဆင်းရဲ ဒုက္ခရောက်စေတော်မူလိမ့်မည်။- Garrad Bible အ ရှင် ယေ ရှု သည် တန် ခိုး တော့် ဆိုင် ရာ စေ တ မန် တော် တို့ နှင့် တ ကွ မီး လျှံ အား ဖြင့် ကောင်း ကင် ဘုံ မှ ပေါ် တော် မူ သည့် ကာ လ၊ သင် တို့ ကို ဒု က္ခ ရှာ သူ တို့ အား ဒု က္ခ ကို လည်း ကောင်း၊ ဒု က္ခ ရောက် ခဲ့ သော သင် တို့၌ ငါ တို့ နှင့် အ တူ ချမ်း သာ ကိုလည်း ကောင်း ဘု ရား သ ခင် စီ ရင် တော် မူ သည် မှာ မု ချ ဖြောင့် မတ်၏။ ထို အ ရှင် သည် ဘု ရား သ ခင် ကို မ သိ သော သူ တို့ နှင့် ငါ တို့ အ ရှင် ယေ ရှု၏ သ တင်း တော် မြတ် အ တိုင်း မ လိုက် နာ သူ တို့ အ ပေါ် တွင် ဒဏ် စီ ရင် တော် မူ မည် ဖြစ် သည် နှင့် အ ညီ၊ Judson Bible အဘယ်သို့နည်းဟူမူကား၊ သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ၍၊ ဘုရားသခင်ကို မသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ၊ သင်တို့ကို ဆင်းရဲစေဖူးသော သူတို့၌ ဆင်းရဲခြင်းကိုလည်းကောင်း၊ ဆင်းရဲခံရဖူးသော သင်တို့၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကိုလည်းကောင်း၊ ဘုရားသခင် ဆပ်ပေး၍ တရားသဖြင့် စီရင်တော်မူလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် တရားမျှတစွာ စီရင်တော်မူသည်နှင့်အညီ သင်တို့ကို ဆင်းရဲဒုက္ခရောက်စေသောသူတို့ကို တန်ပြန် ဆင်းရဲဒုက္ခရောက်စေတော်မူလိမ့်မည်။ |
သင်သည် သူ၏စကားကို သေချာစွာနားထောင်၍ ငါမိန့်ဆိုသောအရာရှိသမျှတို့ကိုပြုကျင့်လျှင် သင့်ရန်သူတို့သည် ငါ့ရန်သူဖြစ်မည်။ သင့်ကိုရန်ပြုသောသူတို့ကို ငါရန်ပြုမည်။
“ဘုရားသခင်သည် ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူတို့ကို တရားစီရင်တော်မူမည်။ အကြောင်းမူကား ခပ်သိမ်းသောအကြောင်းကိစ္စနှင့် ခပ်သိမ်းသောအမှုအတွက် သူ့အချိန်ရှိ၏”ဟု ငါ့စိတ်နှလုံးထဲ၌ ငါမြွက်ဆို၏။
သင့်ကို နိုင်ထက်စီးနင်းပြုသောသူတို့အား ကိုယ့်အသားကိုယ်ပြန်စားစေမည်။ စပျစ်ဝိုင်ကဲ့သို့ ကိုယ့်သွေးကိုယ်ပြန်သောက်စေမည်။ သို့ဖြစ်၍ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင် ဖြစ်ကြောင်း လူအပေါင်းတို့သိကြရလိမ့်မည်”ဟု မိန့်တော်မူ၏။
ဘေဘီလုံမြို့ကိုတိုက်ခိုက်ရန် လေးပစ်ကျွမ်းသောလေးသည်တော်အပေါင်းတို့ကို ခေါ်ကြ။ မြို့ပတ်ပတ်လည်၌ တပ်ချကြ။ ထိုမြို့သည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားကို ဆန့်ကျင်သည်ဖြစ်၍ ထိုမြို့ပြုခဲ့သမျှအတိုင်း ပြန်၍ပြုကြ။ ထိုမြို့ကျင့်သည့်အတိုင်း ပြန်ပေးဆပ်စေ။ မည်သူမျှ မလွတ်မြောက်စေနှင့်။
ဘုန်းအသရေထင်ရှားတော်မူပြီးနောက်တွင် သင်တို့အားလုယူဖျက်ဆီးသောတစ်ပါးအမျိုးသားတို့ထံသို့ ငါ့ကိုစေလွှတ်တော်မူ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့အားထိပါးသောသူသည် မျက်ရှုတော်ကိုထိပါးသောသူဖြစ်၏”ဟု မိန့်တော်မူ၏။
မတရားမှုပြုသောသူမူကား မိမိပြုသောမတရားမှု၏အကျိုးကို ခံစားရလိမ့်မည်။ ဤတွင် မျက်နှာလိုက်ခြင်းမရှိ။
အကြောင်းမူကား ဘုရားသခင်သည် သင်တို့၏လုပ်ဆောင်မှုကိုလည်းကောင်း၊ သန့်ရှင်းသူတို့ကို ယခင်က သင်တို့လုပ်ကျွေးပြုစုသကဲ့သို့ ယခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်၏နာမတော်ကိုထောက်၍ သင်တို့ပြသောချစ်ခြင်းမေတ္တာတို့ကိုလည်းကောင်း မေ့လျော့သည့်တိုင်အောင် တရားမျှတမှုကင်းမဲ့တော်မူသည်မဟုတ်။
လူမျိုးတို့သည် အမျက်ထွက်ကြပါ၏။ သို့သော် ကိုယ်တော်၏အမျက်တော်သည် သက်ရောက်လာပါ၏။ သေလွန်သောသူတို့ကို တရားစီရင်ရန်လည်းကောင်း၊ ကိုယ်တော်၏အစေအပါးများ၊ ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကိုယ်တော်၏နာမတော်ကိုကြောက်ရွံ့ရိုသေသောသူအကြီးအငယ်တို့အား ဆုလာဘ်ပေးတော်မူရန်လည်းကောင်း၊ ကမ္ဘာမြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးရန်လည်းကောင်း အချိန်ရောက်လာပါ၏”ဟု လျှောက်ကြ၏။
အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကိုမကြောက်ရွံ့၊ နာမတော်ကိုလည်း မချီးမွမ်းဘဲ နေလိမ့်မည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ချက်တို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်သို့လာ၍ ရှိခိုးကြပါလိမ့်မည်”ဟု ဆိုကြ၏။
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကမ္ဘာမြေကြီးပေါ်တွင် အသေသတ်ခြင်းခံခဲ့ရသောသူအပေါင်းတို့၏သွေးကိုလည်း ထိုမြို့၌တွေ့ရ၏”ဟု ဆိုလေ၏။
အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။
ထိုသူတို့က “သန့်ရှင်း၍ ဖြောင့်မှန်တော်မူသောသခင်၊ အကျွန်ုပ်တို့၏သွေးအတွက် ကမ္ဘာမြေကြီးပေါ်မှာနေထိုင်သောသူတို့ကို တရားမစီရင်၊ လက်တုံ့လည်းမပြန်ဘဲ မည်မျှကြာအောင်နေတော်မူမည်နည်း”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။