အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ သက် 1:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​နေ့​၌ ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သူ​တို့​အားဖြင့် ဘုန်း​တော်​ထင်ရှား​စေ​ခြင်း​ကို​ခံရ​ပြီး ငါ​တို့​၏​သက်သေခံ​ချက်​ကို သင်​တို့​ယုံကြည်​ကြ​သည်​ဖြစ်၍ ယုံကြည်​သူ​အပေါင်း​တို့​၏​အံ့ဩ​ချီးမွမ်း​ခြင်း​ကို​ခံရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ကြွလာတော်မူသော​နေ့​၌ ကိုယ်တော်​သည် ယုံကြည်သူတို့​အတွက် ပြုသော​အမှု​ကြောင့် ယုံကြည်သောသူ​အားလုံး​အလယ်​၌ ဘုန်းထင်ရှား​၍ အံ့အားသင့်​ခံရ​လိမ့်မည်။ သင်တို့​သည် ထို​အရှင်​အကြောင်း ကျွန်ုပ်တို့​၏ သက်သေခံချက်​ကို ယုံကြည်​သဖြင့် ထို​သူတို့​အထဲ​တွင် ပါဝင်ကြ၏။

အခန်းကိုကြည့်ပါ။



၂ သက် 1:10
40 ပူးပေါင်းရင်းမြစ်များ  

အို ဘုရားသခင်​၊ ကိုယ်တော်​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​၌ အံ့ဩ​ဖွယ်​ဖြစ်​တော်မူ​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​သည် လူမျိုး​တော်​အား အစွမ်းသတ္တိ​နှင့်​ခွန်အား​များ​ကို​ပေး​တော်မူ​၏​။ ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော​။


ဘုရားသခင်​သည် သန့်ရှင်း​သော​သူ​တို့​၏ အစည်းအဝေး​တွင် အလွန်​ကြောက်ရွံ့ရိုသေ​ခြင်း​ကို ခံရ​သော​အရှင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​သော​သူ​အပေါင်း​တို့​ထက် အံ့ဩ​ဖွယ်​ဖြစ်​တော်မူ​၏​။


ထို​နေ့ရက်​တွင် မျက်နှာ​မောက်မာ​သော​သူ​သည် မာန်စွယ်ကျိုး​သွား​ရ​မည်​။ ထောင်လွှား​သော​သူ​သည် ဦးကျိုး​သွား​ရ​မည်​။ ထာဝရဘုရား​တစ်ပါးတည်း​သာ ချီးမြှောက်​ခြင်း​ခံရ​မည်​။


ငါ​၏​ဂုဏ်ကျေးဇူး​တော်​ကို ပြောကြား​ဖို့​ရန် လူမျိုး​တော်​ကို ငါ​ပုံဖော်ဖန်ဆင်း​ခဲ့​၏​။


အို မိုးကောင်းကင်​၊ ထိုသို့ ထာဝရဘုရား ပြု​တော်မူ​ပြီ​ဖြစ်၍ ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ မြေကြီး​၏​နက်ရှိုင်း​သော​အရပ်​တို့​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။ အို တောင်​တို့​၊ ဟစ်ကြော်​ကြ​လော့​။ တော​နှင့်တကွ သစ်ပင်​အပေါင်း​တို့​၊ သီချင်းဆို​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ယာကုပ်​အမျိုး​ကို ရွေးနုတ်​တော်မူ​ပြီ​။ အစ္စရေး​လူမျိုး​၌ ဘုန်းထင်ရှား​တော်မူ​ပြီ​။


ကိုယ်တော်​က “​အို အစ္စရေး​လူမျိုး​၊ သင်​သည် ငါ​၏​အစေအပါး​ဖြစ်​၏​။ သင့်​အားဖြင့် ငါ​ဘုန်းထင်ရှား​မည်​”​ဟု ငါ့​အား​မိန့်​တော်မူ​၏​။


သင်​၏​လူ​အပေါင်း​တို့​သည် ဖြောင့်မတ်​ကြ​လိမ့်မည်​။ ပြည်​တော်​ကို အစဉ်အမြဲ​ပိုင်ဆိုင်​ကြ​ရ​လိမ့်မည်​။ ငါ​စိုက်​သော​အကိုင်း​၊ ငါ့​လက်​ဖြင့်​ပြု​သော​အရာ​ဖြစ်၍ ငါ​၏​ဘုန်း​ကို​ထင်ရှား​စေ​ကြ​လိမ့်မည်​။


ဤ​မြို့​သည် ငါ့​အဖို့ ဝမ်းမြောက်စရာ​၊ ချီးမွမ်းစရာ​၊ ဂုဏ်ပြုစရာ ဖြစ်​လိမ့်မည်​။ ဤ​မြို့​အတွက် ငါ​ပြု​ပေး​သော​ကောင်းကျိုးချမ်းသာ​တို့​ကို ကမ္ဘာမြေ​ပေါ်ရှိ လူမျိုး​အပေါင်း​တို့​ကြားသိ​ကြ​လိမ့်မည်​။ ဤ​မြို့​ကို ကောင်းကျိုးချမ်းသာ​အတိ​၊ ငြိမ်သက်​ခြင်း​အတိ​ရှိ​စေ​သည်​ကို သူ​တို့ အံ့ဩ​တုန်လှုပ်​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ငါ​တရားစီရင်​သော​နေ့​၌ ထို​သူ​တို့​သည် ငါ​ပိုင်​တော်မူ​ရာ​ဘဏ္ဍာ​တော် ဖြစ်​ကြ​လိမ့်မည်​။ ဖခင်​၏​အမှု​ကို ဆောင်​သော​သား​အား ဖခင်​က ကရုဏာထား​သကဲ့သို့ သူ​တို့​ကို ငါ​ကရုဏာ​ထား​မည်”​ဟု မိန့်​တော်မူ​၏​။


ယာကုပ်​အမျိုး​ကို မှော်အတတ်​ဖြင့်​မ​ပြုစား​နိုင်​။ အစ္စရေး​လူမျိုး​ကို ဂမ္ဘီရပညာ​ဖြင့်​မ​လှည့်ဖြား​နိုင်​။ ယခု​တွင် ‘​ဘုရားသခင် မည်သို့​ပြု​တော်မူ​ပါ​သနည်း​’​ဟူ၍ ယာကုပ်​အမျိုး​၊ အစ္စရေး​လူမျိုး​ကို​ရည်ဆောင်​၍ ပြောဆို​ရ​လိမ့်မည်​။


အကြောင်းမူကား လူ့သား​သည် မိမိ​၏​ကောင်းကင်တမန်​များ​နှင့်အတူ မိမိ​ခမည်းတော်​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကြွလာ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​အား သူ​တို့​၏​လုပ်ဆောင်မှု​နှင့်အညီ အကျိုး​အပြစ်​ကို​ပေး​တော်မူ​လိမ့်မည်။


သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​နေရာ​၌​ရပ်​နေ​သော​သူ​တို့​တွင် လူ့သား​သည် မိမိ​၏​နိုင်ငံ​တော်​နှင့်​ကြွလာ​သည်​ကို​မ​မြင်​မီ သေ​ခြင်း​ကို မ​မြည်းစမ်း​ရ​သော​သူ​အချို့​ရှိ​၏”​ဟု မိန့်​တော်မူ​၏။


ထို​နေ့ရက်၊ ထို​အချိန်​နာရီ​နှင့်​ပတ်သက်၍​မူကား ခမည်းတော်​တစ်ပါးတည်း​မှလွဲ၍ မည်သူမျှ​မ​သိ။ ကောင်းကင်​ဘုံ​ရှိ​ကောင်းကင်တမန်​များ​လည်း​မ​သိ။ သား​တော်​လည်း​မ​သိ။


လူ့သား​သည် မိမိ​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကောင်းကင်တမန်​အပေါင်း​တို့​နှင့်တကွ ကြွလာ​သောအခါ ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော မိမိ​၏​ပလ္လင်​ပေါ်၌ ထိုင်​တော်မူ​လိမ့်မည်။


ထို​နေ့ရက်​တွင် များစွာ​သော​သူ​တို့​သည် ‘သခင်​ဘုရား၊ သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​နာမ​တော်​အားဖြင့် ပရောဖက်ပြု​ဟောပြော​လျက် ကိုယ်တော်​၏​နာမ​တော်​အားဖြင့် နတ်ဆိုး​များ​ကို​နှင်ထုတ်​ကာ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် တန်ခိုး​လက္ခဏာ​များစွာ​တို့​ကို ပြု​ခဲ့​ကြ​သည်​မ​ဟုတ်​လော’​ဟု ငါ့​အား လျှောက်​ကြ​လိမ့်မည်။


သင်​တို့​အား ငါ​ဆို​မည်။ ထို​နေ့​၌ သောဒုံ​မြို့​သည် ထို​မြို့​ထက် ခံသာ​လိမ့်မည်။


ယေရှု​သည် ထို​အကြောင်း​ကို​ကြား​လျှင်“ဤ​နာမကျန်း​ဖြစ်​ခြင်း​သည် သေ​ခြင်း​သို့​ရောက်​စေရန်​အတွက်​မ​ဟုတ်​ဘဲ ဘုရားသခင်​၏​ဘုန်း​တော်​အတွက်​ဖြစ်​ပြီး ဘုရားသခင်​၏​သား​တော်​သည် ထို​အခြင်းအရာ​အားဖြင့် ဘုန်း​တော်​ထင်ရှား​ခြင်း​ရှိ​စေရန်​အတွက်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


အကျွန်ုပ်​ပိုင်​သော​အရာ​အားလုံး​တို့​ကို ကိုယ်တော်​ပိုင်​တော်မူ​ပြီး ကိုယ်တော်​ပိုင်​သော​အရာ​တို့​ကို​လည်း အကျွန်ုပ်​ပိုင်​သည်​ဖြစ်၍ အကျွန်ုပ်​သည် ထို​အရာ​များ​အားဖြင့် ဘုန်း​ထင်ရှား​ခြင်း​ရှိ​ပါ​ပြီ။


ခရစ်တော်​နှင့်ဆိုင်သော​သက်သေခံ​ချက်​သည် သင်​တို့​၌ အတည်ပြု​ခြင်း​ခံရ​၏။


ထို​သူ​ပြုလုပ်​သော​အရာ​သည် ထင်ရှား​လာ​လိမ့်မည်။ အကြောင်းမူကား ထို​နေ့ရက်​သည် ၎င်း​ကို​ထင်ရှား​စေ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် ထို​နေ့ရက်​သည် မီး​အားဖြင့်​ပေါ်ထွန်း​လာ​၍ လူ​တစ်ဦးစီ​ပြုလုပ်​သော​အရာ​သည် မည်ကဲ့သို့​ပြုလုပ်​ထား​သည်​ကို မီး​သည်​စစ်ဆေး​လိမ့်မည်။


ထိုအခါ သူ​တို့​သည် ငါ့​ကြောင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။


ဤသည်ကား ခရစ်တော်​၌ ဦးစွာ​မျှော်လင့်​ထား​သော​ငါ​တို့​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​မည့်​အကြောင်း​တည်း။


ထို​ဝိညာဉ်​တော်​သည် ပိုင်ဆိုင်​တော်မူ​သော​သူ​တို့​ရွေးနုတ်​ခြင်း​ခံရ​သည်​အထိ ငါ​တို့​၏​အမွေ​အတွက် စရန်​ဖြစ်​တော်မူ​၏။ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​ရန်​အတွက်​လည်း​ဖြစ်​၏။


ဘုရားသခင်​သည် သင်​တို့​၏​စိတ်နှလုံး​မျက်စိ​ကို ပွင့်လင်း​စေ​၍ ခေါ်ယူ​တော်မူ​ခြင်း​နှင့်ဆိုင်သော မျှော်လင့်​ခြင်း​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​ခံရ​မည့်​အမွေ​တော်​သည် ဘုန်း​အသရေ​နှင့် မည်မျှ​ကြွယ်ဝ​သည်​ကို​လည်းကောင်း၊


ဤသည်ကား ချစ်​တော်မူ​သော​သား​တော်​အားဖြင့် ငါ​တို့​အား​ပေး​သနား​တော်မူ​သော မိမိ​ကျေးဇူး​တော်​၏​ဘုန်း​တော်​ကို ငါ​တို့​ချီးမွမ်း​ကြ​မည့်​အကြောင်း​တည်း။


ဤသည်ကား ခရစ်တော်​ယေရှု​၌ ငါ​တို့​အား​ကျေးဇူးပြု​တော်မူ​ခြင်း​အားဖြင့် မိမိ​၏​ထူးကဲ​သော​ကျေးဇူး​တော်​၏​ကြွယ်ဝ​မှု​ကို နောင်​လာမည့်​ကာလ​အစဉ်အဆက်​တို့​၌ ပြသ​ရန်​အတွက်​ဖြစ်​၏။


ဤသည်ကား ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​၌ ပြီးပြည့်စုံ​သော​ထာဝရ​အကြံအစည်​တော်​နှင့်အညီ အထက်​ကောင်းကင်​အရပ်​၌​ရှိ​သော အာဏာစက်​များ​နှင့်​အုပ်ချုပ်မှု​များ​အား ယခု​အခါ​တွင် အသင်းတော်​အားဖြင့် ဘုရားသခင်​၏​အမျိုးမျိုး​အဖုံဖုံ​သော​ဉာဏ်ပညာ​တော်​ကို သိ​စေရန်​ဖြစ်​၏။


ဘုရားသခင်​သည် မိမိ​ဘုန်း​အသရေ​တော်​၏​ကြွယ်ဝ​မှု​နှင့်အညီ မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သင်​တို့​၏​အတွင်း​ဝိညာဉ်​လူ​ကို တန်ခိုး​နှင့်တကွ ကြံ့ခိုင်​သန်စွမ်း​စေ​တော်မူ​၍


အကြောင်းမူကား ငါ​တို့​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​သည် စကား​အားဖြင့်​သာ​မ​ဟုတ်​ဘဲ တန်ခိုး​တော်​အားဖြင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​လည်းကောင်း၊ ပြည့်ဝ​သော​စိတ်ချ​မှု​အားဖြင့်​လည်းကောင်း သင်​တို့​ထံသို့​ရောက်လာ​၏။ ငါ​တို့​သည် သင်​တို့​နှင့်အတူ​ရှိ​စဉ် သင်​တို့​အတွက် မည်ကဲ့သို့သော​သူ​ဖြစ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။


ညီအစ်ကို​တို့၊ သင်​တို့​ထံသို့ ငါ​တို့​ရောက်ရှိ​လာ​ခြင်း​သည် အချည်းနှီး​မ​ဖြစ်​ကြောင်း သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။


မိမိ​နိုင်ငံ​တော်​နှင့်​ဘုန်း​အသရေ​တော်​သို့ သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​ဘုရားသခင်​နှင့် ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် သင်​တို့​တစ်​ဦး​စီ​ကို တိုက်တွန်း​နှိုးဆော်​၍ နှစ်သိမ့်​အားပေး​ကာ သတိပေး​ခဲ့​ကြ​၏။


သင်​တို့​သည် ငါ​တို့​ထံမှ​ကြားနာ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို လက်ခံ​ကြ​သောအခါ လူ​တို့​၏​စကား​အဖြစ်​မ​ဟုတ်​ဘဲ ၎င်း​၏​စစ်မှန်​သည့်​အဖြစ်​အတိုင်း တစ်နည်း​ဆိုသော် ယုံကြည်​သော​သင်​တို့​အထဲ​၌ သက်ဝင်​လှုပ်ရှား​နေ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​အဖြစ် လက်ခံ​ကြ​သောကြောင့် ငါ​တို့​သည် ဘုရားသခင်​ကို အမြဲမပြတ်​ကျေးဇူးတင်​ကြ​၏။


ဤသည်ကား ငါ​တို့​၏​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​အားဖြင့် ငါ​တို့​သခင်​ယေရှု​၏​နာမ​တော်​သည် သင်​တို့​၌​ဘုန်း​ထင်ရှား​စေ​ခြင်း​ကို​ခံရ​လျက် သင်​တို့​သည်​လည်း ကိုယ်တော်​၌​ဘုန်း​ထင်ရှား​စေ​ခြင်း​ကို​ခံရ​မည့်​အကြောင်း​တည်း။


သို့သော် သခင်​ဘုရား​ချစ်​တော်မူ​သော​ညီအစ်ကို​တို့၊ ငါ​တို့​သည် သင်​တို့​အတွက် ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​သင့်​၏။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ဝိညာဉ်​တော်​အားဖြင့်​သန့်ရှင်း​စေ​ခြင်း​ခံရ​၍ သမ္မာတရား​ကို​ယုံကြည်​ခြင်း​အားဖြင့် ကယ်တင်​ခြင်း​ရရှိ​ရန်​အတွက် ဘုရားသခင်​သည် သင်​တို့​ကို အသီးဦး​အဖြစ် ရွေးကောက်​တော်မူ​သောကြောင့်​ဖြစ်​၏။


ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် အမှန်ပင်​ကြီးမြတ်​လှ​ပေ​၏။ ကိုယ်တော်​သည် သွေးသား​အားဖြင့်​ထင်ရှား​ပြီး ဝိညာဉ်​တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လျက် ကောင်းကင်​တမန်​တို့​၏​ရှုမြင်​ခြင်း၊ သတင်းတော်​ကို​လူမျိုးခြား​တို့​ကြား​၌ ဟောပြော​ခြင်း၊ ဤ​လောက​တွင် လက်ခံ​ယုံကြည်​ခြင်း​တို့​ကို​ခံရ​လျက် ဘုန်း​အသရေ​နှင့်တကွ အထက်သို့​ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​၏။


ထို​အကြောင်း​ကြောင့် ငါ​သည် ဤ​ဒုက္ခ​ဝေဒနာ​များ​ကို​လည်း ခံစား​နေ​ရ​၏။ သို့သော် ငါ​သည် ရှက်ကြောက်​ခြင်း​မ​ရှိ။ အကြောင်းမူကား ငါ​သည် မိမိ​ယုံကြည်​သော​အရှင်​ကို​သိ​၍ ကိုယ်တော်​ထံ၌ ငါ​အပ်​ထား​သော​အရာ​ကို ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်း​နိုင်​သည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။


ထို​နေ့ရက်​၌ သခင်​ဘုရား​ထံ​တော်​မှ ကရုဏာ​တော်​ခံစား​ရ​သော​အခွင့်​ကို သခင်​ဘုရား​သည် သူ့​အား​ပေး​တော်မူ​ပါစေသော။ ဧဖက်​မြို့​၌​ရှိ​စဉ်​က​လည်း သူ​သည် ငါ့​ကို မည်မျှ​လုပ်ကျွေး​ပြုစု​ခဲ့​သည်​ကို သင်​ကောင်းစွာ​သိ​၏။


ယခု​အခါ​တွင် ဖြောင့်မတ်​ခြင်း​သရဖူ​သည် ငါ့​အတွက် အသင့်​ရှိ​နေ​၏။ ထို​နေ့​၌ ဖြောင့်မတ်​သည့်​တရား​စီရင်​သူ​ဖြစ်​တော်မူ​သော သခင်​ဘုရား​သည် ထို​သရဖူ​ကို ငါ့​အား​ပေး​တော်မူ​လိမ့်မည်။ ငါ့​ကို​သာ​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​ပေါ်ထွန်း​တော်မူ​ခြင်း​ကို လိုလား​တောင့်တ​သူ​အားလုံး​တို့​ကို​လည်း ပေး​တော်မူ​လိမ့်မည်။


သင်​တို့​မူကား ရွေးကောက်​ခံရ​သော​အမျိုးအနွယ်၊ တော်ဝင်​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်း​သော​တိုင်းသူပြည်သား၊ ပိုင်ဆိုင်​တော်မူ​သော​လူမျိုး​တော်​ဖြစ်​ကြ​၏။ ဤသည်ကား သင်​တို့​ကို အမှောင်​ထဲမှ မိမိ​၏​အံ့ဩဖွယ်​အလင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​၏​ကောင်းမြတ်​တော်မူ​ခြင်း​များ​ကို သင်​တို့​ဖော်ပြ​ကြ​မည့်​အကြောင်း​တည်း။