ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ဘုရားသခင်ရှေ့တော်တွင် စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ လင်းကွင်း၊ တံပိုးခရာတို့ကို တီးမှုတ်လျက် အားရပျော်မြူးစွာသီချင်းဆိုကြ၏။
၂ ရာချုပ် 7:6 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်တို့သည် မိမိတို့တာဝန်ကျရာနေရာတွင် ရပ်နေရ၏။ လေဝိအမျိုးတို့ကလည်း ဒါဝိဒ်မင်းကြီးရေးဖွဲ့ခဲ့သော ထာဝရဘုရားအားချီးမွမ်းခြင်းသီချင်းကို ထာဝရဘုရားထံ ချီးမွမ်းသီဆိုရန် တူရိယာများဖြင့် ရပ်နေကြ၏။ သူတို့က “ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏”ဟု သီဆိုသောအခါ မျက်နှာချင်းဆိုင်တွင်ရပ်နေသော ယဇ်ပုရောဟိတ်တို့သည် တံပိုးများကိုမှုတ်ကြ၏။ အစ္စရေးလူမျိုးအပေါင်းတို့မူကား မတ်တတ်ရပ်လျက်နေကြ၏။ Common Language Bible ယဇ်ပုရောဟိတ်များသည်မိမိတို့အတွက် သတ်မှတ်ထားသည့်နေရာတွင်ရပ်လျက်နေ ကြ၏။ လေဝိအနွယ်ဝင်တို့သည်ယဇ်ပုရော ဟိတ်တို့နှင့်မျက်နှာချင်းဆိုင်ရပ်လျက် ဒါဝိဒ် မင်းပြုလုပ်ခဲ့သောတူရိယာများဖြင့် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ဒါဝိဒ်မင်းစီမံခဲ့သည့်အတိုင်း``ကိုယ်တော် ၏မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟူ သောဋ္ဌမ္မသီချင်းကိုသီဆိုကြလေသည်။ လူအပေါင်းတို့ရပ်လျက်နေစဉ်ယဇ်ပုရော ဟိတ်တို့သည်တံပိုးခရာများကိုမှုတ်ကြ၏။ Garrad Bible ပ ရော ဟိတ် တို့ သည် ကိုယ့် တာ ဝန် ကို ဆောင် ရွက် ကြ စဉ်၊ တီး မှုတ် သီ ဆို ခြင်း အား ဖြင့်၊ ကာ လ အ စဉ် က ရု ဏာ တော် တည် သည် ဟူ၍ ဂုဏ် တော် ကို ချီး မွမ်း လေ့ ရှိ သည့် အ တိုင်း ဒါ ဝိဒ် မင်း စီ မံ ခဲ့ သော တု ရိ ယာ မျိုး ကို လေ ဝိ ဂိုဏ်း သား တို့ တီး မှုတ် လျက် ပ ရော ဟိတ် တို့ သည် တံ ပိုး မှုတ် လျက် ဣ သ ရေ လ လူ အ ပေါင်း တို့ ရပ် နေ ကြ ကုန် ၏။ Judson Bible ယဇ်ပုရောဟိတ်တို့သည် မိမိတို့အမှုကို ဆောင်ရွက်ကြ၏။ လေဝိသားတို့သည် ထာဝရဘုရား၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းစရာဖို့ ဒါဝိဒ်မင်းကြီးစီရင်သော တူရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ်၏ ဆာလံသီချင်းကို ဆိုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ်၍ ဣသရေလ အမျိုးသားအပေါင်းတို့သည် မတ်တတ်နေကြ၏။ |
ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ဘုရားသခင်ရှေ့တော်တွင် စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ လင်းကွင်း၊ တံပိုးခရာတို့ကို တီးမှုတ်လျက် အားရပျော်မြူးစွာသီချင်းဆိုကြ၏။
ယဇ်ပုရောဟိတ် ရှေဗနိ၊ ယောရှာဖတ်၊ နာသနေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏သေတ္တာတော်ရှေ့တွင် တံပိုးခရာမှုတ်ကြရ၏။ ဩဗဒေဒုံနှင့်ယေဟိတို့သည်လည်း သေတ္တာတော်တံခါးကို စောင့်ကြပ်ရ၏။
ထာဝရဘုရားသည် ကောင်းမြတ်တော်မူပြီး မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်သည်ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
ထို့နောက် ယောယဒသည် ဒါဝိဒ်မင်းကြီးကိုယ်တိုင် ခွဲခန့်ထားခဲ့သည့် ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့အား ထာဝရဘုရား၏အိမ်တော်ကို တာဝန်ယူကြီးကြပ်ရန် ခန့်ထား၏။ သူတို့သည် မောရှေ၏ပညတ်တရားကျမ်းတွင်ရေးထားသည့်အတိုင်း ထာဝရဘုရား၏အိမ်တော်တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်ရပြီး ဒါဝိဒ်မင်းကြီးမိန့်မှာထားခဲ့သည့်အတိုင်း ဝမ်းမြောက်စွာချီးမွမ်းသီချင်း သီဆိုရသောသူများဖြစ်ကြ၏။
ဒါဝိဒ်မင်းကြီးနှင့်တကွ မင်းကြီး၏ဗျာဒိတ်ဆရာဂဒ်နှင့် ပရောဖက်နာသန်တို့ ညွှန်ကြားထားနှင့်သည့်အတိုင်း ဟေဇကိမင်းကြီးသည် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက် တီးမှုတ်တတ်သောလေဝိအမျိုးတို့ကို ထာဝရဘုရား၏အိမ်တော်တွင် နေရာချထား၏။ ထိုသို့ ထာဝရဘုရားသည် ပရောဖက်တို့မှတစ်ဆင့် မိန့်မှာထားတော်မူ၏။
ထိုအခါ ဟေဇကိမင်းကြီးသည် ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်ပူဇော်ရန် အမိန့်ပေး၏။ ထိုသို့ မီးရှို့ရာယဇ်စတင်ပူဇော်သောအခါ တံပိုးခရာများကိုမှုတ်လျက်၊ အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီး စီမံခဲ့သောတူရိယာများဖြင့် တီးမှုတ်လျက် ထာဝရဘုရားထံ ချီးမွမ်းသီချင်းကို စတင်သီဆိုကြ၏။
အာသပ်၊ ဟေမန်၊ ယေဒုသုန်နှင့် သူတို့၏သားမြေးများ၊ ညီအစ်ကိုများပါဝင်သော လေဝိအမျိုးသီချင်းသည်အပေါင်းတို့သည် ပိတ်ချောထည်ကို ဝတ်ဆင်လျက် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက်များကိုင်ဆောင်လျက် ယဇ်ပလ္လင်အရှေ့ဘက်တွင် ရပ်နေကြ၏။ တံပိုးခရာမှုတ်ရသောယဇ်ပုရောဟိတ် အပါးတစ်ရာ့နှစ်ဆယ်တို့လည်း သူတို့နှင့်အတူ ရပ်နေကြ၏။
တံပိုးမှုတ်သူများနှင့် သီချင်းဆိုသူများသည် စည်းဝါးညီညီတစ်သံတည်းဖြင့် ထာဝရဘုရားထံ ဂုဏ်တော်ချီးမွမ်းသီဆိုကြ၏။ တံပိုးသံ၊ လင်းကွင်းသံ စသောတူရိယာသံများနှင့်တကွ ထာဝရဘုရားထံ “ကိုယ်တော်ကောင်းမြတ်တော်မူ၏။ မေတ္တာကရုဏာတော် အစဉ်အမြဲတည်၏”ဟု အသံကိုလွှင့်၍ ချီးမွမ်းသီဆိုကြသောအခါ ထာဝရဘုရား၏အိမ်တော်တစ်ခုလုံး မိုးတိမ်များဖုံးလွှမ်းသွားလေ၏။
ဤသို့ မီးကျလာခြင်း၊ အိမ်တော်ပေါ်သို့ ထာဝရဘုရား၏ဘုန်းအသရေတော် ဆင်းသက်လာခြင်းတို့ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်သောအခါ ဒူးထောက်၍ ကျောက်ခင်းကြမ်းပြင်ပေါ်တွင် ပျပ်ဝပ်လျက် “ကိုယ်တော်ကောင်းမြတ်တော်မူပါ၏၊ မေတ္တာကရုဏာတော် အစဉ်တည်ပါ၏”ဟု ထာဝရဘုရားအား ရှိခိုးကိုးကွယ်လျက် ကျေးဇူးတော်ကိုချီးမွမ်းကြ၏။
ရှောလမုန်မင်းကြီးသည် နွားကောင်ရေနှစ်သောင်းနှစ်ထောင်၊ သိုးကောင်ရေတစ်သိန်းနှစ်သောင်းတို့ကို ယဇ်ပူဇော်၏။ ရှင်ဘုရင်နှင့် လူထုအပေါင်းတို့သည် ဘုရားသခင်၏အိမ်တော်ကို ဆက်ကပ်ရာတွင်
ထို့နောက် မောရှေ၏ပညတ်တရားကျမ်း၌ရေးထားသည့်အတိုင်း ဂျေရုဆလင်မြို့တွင် ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ရန် ယဇ်ပုရောဟိတ်အုပ်စု၊ လေဝိအုပ်စုတို့ကို ခန့်ထားလေ၏။
ထာဝရဘုရားကို ချီးမွမ်းကြလော့။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏ မေတ္တာကရုဏာသည် အစဉ်အမြဲတည်၏။
ထာဝရဘုရားသည် ငါ့အမှုကို ပြီးပြည့်စုံစေတော်မူလိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏။ ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာများကို ပစ်ထားတော်မမူပါနှင့်။
သီချင်းဆိုသူများနှင့်အတူ ကခုန်သူများကလည်း “ငါ၏စမ်းရေတွင်းရှိသမျှတို့သည် သင်၌ရှိ၏”ဟု ဆိုကြလိမ့်မည်။
ငါ၏လူမျိုးတော်သည် ငါ့နာမကိုသိကြရမည်။ ‘ကြည့်ရှုလော့။ ငါသည် ထိုအရှင်ဖြစ်၏’ဟု မိန့်တော်မူသောသူသည် ငါပင်ဖြစ်ကြောင်းကို ထိုနေ့ရက်၌ သိကြရမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် သေတ္တာတော်ရှေ့မှနေ၍ သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်သွားရမည်။ ခုနစ်ရက်မြောက်သောနေ့တွင် မြို့ကို ခုနစ်ပတ်လှည့်ပတ်ရမည်။ တံပိုးကိုမှုတ်ရမည်။