၂ ရာချုပ် 29:27 - မြန်မာ့စံမီသမ္မာကျမ်း
27 ထိုအခါ ဟေဇကိမင်းကြီးသည် ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်ပူဇော်ရန် အမိန့်ပေး၏။ ထိုသို့ မီးရှို့ရာယဇ်စတင်ပူဇော်သောအခါ တံပိုးခရာများကိုမှုတ်လျက်၊ အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီး စီမံခဲ့သောတူရိယာများဖြင့် တီးမှုတ်လျက် ထာဝရဘုရားထံ ချီးမွမ်းသီချင်းကို စတင်သီဆိုကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
27 မီးရှို့ရာပူဇော်သကာများကိုဆက်သရန် မင်းကြီးအမိန့်ပေးတော်မူသဖြင့် ပူဇော် ဆက်သမှုကိုအစပြုသောအခါလူတို့ သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလေသည်။ ဂီတပညာသည်တို့လည်း တံပိုးခရာ များနှင့်အခြားတူရိယာများကိုတီး မှုတ်ကြလေသည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
27 မီး ရှို့ ရာ သ က္ကာ ကို ပ လ္လင် တော် ပေါ် မှာ ဆက် ကပ် ကြ စေ ဟု ဟေ ဇ ကိ မင်း မိန့် ဆို သည့် အ တိုင်း ပူ ဇော် လျှင် ပူ ဇော် ချင်း၊ ဣ သ ရေ လ ဘု ရင် ဒါ ဝိဒ် မင်း စီ မံ ခဲ့ သော တု ရိ ယာ မျိုး ကို အ စ ချီ၍ တံ ပိုး မှုတ် ခြင်း၊ ထာ ဝ ရ ဘုရား အား ထော မ နာ သီ ဆို ခြင်း ပြု လျက်၊
အခန်းကိုကြည့်ပါ။ ကော်ပီ
27 ဟေဇကိသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်ကို ပူဇော်စေခြင်းငှာ၊ အမိန့်တော်ရှိ၍ မီးရှို့ရာယဇ်ကို ပူဇော်စပြုသောအခါ၊ တံပိုးများနှင့် ဣသရေလရှင်ဘုရင် ဒါဝိဒ်စီရင်သော တူရိယာမျိုးများကို တီးမှုတ်လျက်၊ ထာဝရဘုရားအား သီချင်းကို ဆိုစပြုကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ