အတွင်းတံတိုင်းကိုလည်း ဆစ်ထားသောကျောက်သုံးဆင့်၊ သစ်ကတိုးသားရက်မတစ်ဆင့်တို့ဖြင့် ဆောက်လုပ်ထား၏။
၂ ရာချုပ် 4:9 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်တို့အတွက် ဝင်းတံတိုင်း၊ အပြင်တံတိုင်းကြီးနှင့် ဝင်းတံခါးများကိုလည်း ပြုလုပ်၏။ တံခါးများကို ကြေးနီဖြင့်မွမ်းမံထား၏။ Common Language Bible သူတို့သည်ယဇ်ပုရောဟိတ်များအတွက် အတွင်းတံတိုင်းကိုဆောက်လုပ်ပြီးနောက် အပြင် တံတိုင်းကိုလည်းဆောက်လုပ်ကြ၏။ ဤတံတိုင်း နှစ်ခု၏စပ်ကြား၌ရှိသောတံခါးများကို ကြေးဝါဖြင့်ဖုံးအုပ်ကြ၏။- Garrad Bible ပ ရော ဟိတ် တို့ ဆိုင် ရာ အ တွင်း တံ တိုင်း၊ အ ပြင် မ ဟာ ရံ တံ တိုင်း၊ ဆိုင် ရာ ကြေး ပြား ဖုံး အုပ် သော တံ ခါး များ ကို လည်း လုပ် စေ ၏။ Judson Bible ယဇ်ပုရောဟိတ်တံတိုင်း၊ ပြင်တံတိုင်းကြီး၊ တံတိုင်းတံခါးရွက်များကိုလည်း လုပ်၍ တံခါးရွက်တို့ကို ကြေးဝါဖြင့် ဖုံးအုပ်လေ၏။ |
အတွင်းတံတိုင်းကိုလည်း ဆစ်ထားသောကျောက်သုံးဆင့်၊ သစ်ကတိုးသားရက်မတစ်ဆင့်တို့ဖြင့် ဆောက်လုပ်ထား၏။
ဆစ်ထားသောကျောက် သုံးဆင့်၊ သစ်ကတိုးသားရက်မ တစ်ဆင့်တို့ဖြင့် ထာဝရဘုရား၏အတွင်းအိမ်တော်ဝင်းနှင့် အိမ်တော်ဆင်ဝင်နည်းတူ ဝင်းတံတိုင်းကြီးကို ဆောက်လုပ်ထား၏။
ထာဝရဘုရား၏အိမ်တော်ဝင်းနှစ်ခုစလုံးအတွင်းတွင် ရှိသမျှကောင်းကင်တန်ဆာများအဖို့ ယဇ်ပလ္လင်များကို တည်၏။
ထာဝရဘုရား၏အိမ်တော်ဝင်းနှစ်ခုစလုံးအတွင်းတွင် ရှိသမျှကောင်းကင်တန်ဆာများအဖို့ ယဇ်ပလ္လင်များကို တည်၏။
ကိန်းဝပ်တော်မူရာတဲတော်၏ဝင်းကိုလည်း လုပ်ရမည်။ ထိုဝင်း၏တောင်ဘက်ခြမ်းတစ်ခြမ်းအတွက် အလျားအတောင်တစ်ရာရှိသောအကာကို ရက်လုပ်ထားသောပိတ်ချောထည်ဖြင့်လုပ်ရမည်။
ထိုသူသည် အိမ်တော်အတွင်းပိုင်းကို တိုင်းတာပြီးနောက် ငါ့အား အရှေ့ဘက်မုခ်ဆောင်တံခါးအပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး ပတ်ပတ်လည်ကို တိုင်းတာ၏။