ထိုအသုံးအဆောင်ပစ္စည်းတို့သည် အလွန့်အလွန်များပြားလွန်းသဖြင့် ရှောလမုန်မင်းကြီးသည် ချိန်တွယ်မနေတော့ဘဲ ဤအတိုင်းထားလေ၏။ ထို့ကြောင့် ကြေးနီအလေးချိန် မည်မျှရှိသည်ကို မသိရချေ။
၂ ရာချုပ် 4:18 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီးသည် များပြားလှသောအသုံးအဆောင်များကို သွန်းလုပ်သည်ဖြစ်၍ ကြေးနီအလေးချိန် မည်မျှရှိသည်ကိုပင် မသိရချေ။ Common Language Bible ပြုလုပ်ရသောပစ္စည်းအရေအတွက်မှာများ ပြားလှသဖြင့် ကုန်ကျသည့်ကြေးဝါအလေး ချိန်ကိုအဘယ်သူမျှမသိချေ။ Judson Bible ရှောလမုန်သည် ထိုတန်ဆာတို့ကို များစွာလုပ်သောကြောင့်၊ ကြေးဝါအချိန်ကို အဘယ်သူမျှမသိ။ |
ထိုအသုံးအဆောင်ပစ္စည်းတို့သည် အလွန့်အလွန်များပြားလွန်းသဖြင့် ရှောလမုန်မင်းကြီးသည် ချိန်တွယ်မနေတော့ဘဲ ဤအတိုင်းထားလေ၏။ ထို့ကြောင့် ကြေးနီအလေးချိန် မည်မျှရှိသည်ကို မသိရချေ။
ထာဝရဘုရား၏အိမ်တော်အဖို့ ရွှေတာလန်တစ်သိန်း၊ ငွေတာလန်တစ်သန်း၊ မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီ၊ သံ၊ သစ်၊ ကျောက်များကို အပင်ပန်းခံပြီး ငါပြင်ဆင်ပေးခဲ့ပြီ။ သင်သည်လည်း ထပ်ဖြည့်နိုင်၏။
ထို့ပြင် ဒါဝိဒ်မင်းကြီးသည် မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီများအပြင် ဝင်းတံခါးနှင့်ဂိတ်တံခါးတွင် သုံးရန်သံချွန်များနှင့် ပတ္တာများအတွက် သံကိုလည်း အမြောက်အမြားစီစဉ်ပေးထား၏။
ရှင်ဘုရင်သည် ထိုပစ္စည်းအားလုံးကို သုကုတ်မြို့နှင့်ဇေရဒမြို့ကြား ဂျော်ဒန်မြစ်ဝှမ်းရှိ ရွှံ့မြေထူထပ်ရာအရပ်၌ သွန်းလုပ်၏။
ထာဝရဘုရား၏အိမ်တော်၌ ရှောလမုန်မင်းကြီးပြုလုပ်ထားသော တိုင်နှစ်တိုင်၊ ရေကန်တစ်ကန်၊ ရေကန်အောက်၌ရှိသောကြေးနီနွားရုပ်တစ်ဆယ့်နှစ်ရုပ်နှင့် တွန်းလှည်းများ စသည့် ကြေးနီတန်ဆာပလာအားလုံး၏အလေးချိန်မှာ ချိန်တွယ်၍ပင်မရနိုင်ချေ။