ထို့နောက် သူတို့သည် ပသခါသိုးသငယ်ကိုသတ်ပြီး သိုးသငယ်အရေခွံကို လေဝိအမျိုးတို့ဆုတ်နေချိန်တွင် ယဇ်ပုရောဟိတ်တို့သည် သိုးသငယ်သွေးကို ယူ၍ဖျန်းကြ၏။
လေဝိအနွယ်ဝင်တို့သည်သိုးများဆိတ်များကို သတ်ပြီးနောက်အရေကိုခွာကြ၏။ ယဇ်ပုရော ဟိတ်တို့ကယဇ်ပလ္လင်ပေါ်တွင်သွေးကိုပက်ဖြန်း ကြ၏။-
ပ သ ခါ သိုး သား ငယ် ကို စီ ရင် ပြီး နောက်၊ အ ရေ ခွာ ရ သူ လေ ဝိ ဂိုဏ်း သား တို့ လက် မှ၊ အ သွေး ကို ပ ရော ဟိတ် တို့ ခံ ယူ ၍ သွန်း ပက် သည့် ပြင်၊
ပသခါသိုးသငယ်ကိုသတ်၍၊ ယဇ်ပုရောဟိတ်တို့သည် အသွေးကို လက်နှင့်ဖျန်းလျက်၊ လေဝိသားတို့သည် အရေကိုခွာလျက် ပြုကြ၏။
သို့သော် ယဇ်ပုရောဟိတ်အင်အားနည်းသောကြောင့် မီးရှို့ရာယဇ်ကောင်အားလုံး၏အရေခွံကို မခွာနိုင်။ ထို့ကြောင့် သူတို့၏ညီအစ်ကို လေဝိအမျိုးတို့သည် အမှုအားလုံးပြီးစီးသည်အထိ၊ အခြားယဇ်ပုရောဟိတ်တို့ မိမိကိုယ်ကို သန့်ရှင်းခြင်းဝတ်ပြုပြီးသည့်အချိန်အထိ သူတို့ကို ကူညီကြ၏။ အကြောင်းမူကား လေဝိအမျိုးတို့သည် ယဇ်ပုရောဟိတ်တို့ထက်ပင် စိတ်နှလုံးဖြောင့်မှန်၍ မိမိတို့ကိုယ်ကိုသန့်ရှင်းစေသောသူများ ဖြစ်ကြ၏။
သူတို့သည် ဘုရားသခင်၏လူမောရှေ၏ပညတ်တရားကျမ်း၌ရှိသော စီရင်ထုံးဖွဲ့ချက်အတိုင်း နေရာယူကြ၏။ ထို့နောက် ယဇ်ပုရောဟိတ်တို့သည် လေဝိအမျိုးတို့ထံမှ အသွေးကိုယူ၍ ပက်ဖျန်းကြ၏။
ယောရှိမင်းကြီးသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ဂျေရုဆလင်မြို့တွင် ကျင်းပ၏။ ပထမလ၊ တစ်ဆယ့်လေးရက်တွင် ပသခါသိုးသငယ်ကို သတ်ကြ၏။
ထို့နောက် မောရှေကျမ်းတွင်ရေးသားထားသည့်အတိုင်း ထာဝရဘုရားထံယဇ်ပူဇော်ရန် ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အုပ်စုခွဲထားသောပြည်သူပြည်သားတို့အား မီးရှို့ရာယဇ်ကို ခွဲဝေပေးကြ၏။ နွားများကိုလည်း ထိုနည်းတူပြုကြ၏။
ပသခါသိုးသငယ်ကိုသတ်၍ မိမိတို့ကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုကြလော့။ မောရှေမှတစ်ဆင့်ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ကိုယ့်ညီအစ်ကိုချင်းတို့လိုက်နာဆောင်ရွက်နိုင်ရန် သူတို့အဖို့ ပြင်ဆင်ပေးကြလော့”ဟု မှာကြား၏။
ယဇ်ပုရောဟိတ်အပါအဝင် လေဝိအမျိုးတို့သည် တစ်စိတ်တစ်သဘောတည်း ကိုယ်ကိုစင်ကြယ်စေကြပြီးဖြစ်၍ အားလုံးမှာ သန့်ရှင်းခြင်းသို့ရောက်ကြ၏။ ထို့ကြောင့် သူတို့အပါအဝင် သူတို့၏ညီအစ်ကိုယဇ်ပုရောဟိတ်တို့နှင့် သုံ့ပန်းသားသမီးတို့အဖို့ ပသခါသိုးသငယ်ကို သတ်ကြ၏။
သူတို့သည် သင်နှင့်ဆိုင်သောအလုပ်၊ တဲတော်တစ်ခုလုံးနှင့်ဆိုင်သောအလုပ်တို့ကို ဆောင်ရွက်ရမည်။ သန့်ရှင်းရာဌာန၏တန်ဆာပလာများနှင့်ယဇ်ပလ္လင် အနီးသို့မလာရ။ လာမိလျှင် သင်နှင့်အတူ သူတို့ပါ သေကြရမည်။
သင်နှင့်သင်၏သားတို့ကား ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ ယဇ်ပလ္လင်နှင့် ကန့်လန့်ကာအတွင်းရှိ အလုပ်ဟူသမျှကို လုပ်ဆောင်ရမည်။ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ခြင်းကို သင်တို့အား လက်ဆောင်အဖြစ် ငါပေး၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။