တောလည် 18:3 - မြန်မာ့စံမီသမ္မာကျမ်း3 သူတို့သည် သင်နှင့်ဆိုင်သောအလုပ်၊ တဲတော်တစ်ခုလုံးနှင့်ဆိုင်သောအလုပ်တို့ကို ဆောင်ရွက်ရမည်။ သန့်ရှင်းရာဌာန၏တန်ဆာပလာများနှင့်ယဇ်ပလ္လင် အနီးသို့မလာရ။ လာမိလျှင် သင်နှင့်အတူ သူတို့ပါ သေကြရမည်။ အခန်းကိုကြည့်ပါ။Common Language Bible3 သူတို့သည်သင့်ဝေယျာဝစ္စနှင့်တဲတော် ဝေယျာဝစ္စကိုဆောင်ရွက်ရကြမည်။ သို့ရာ တွင်သူတို့သည်သန့်ရှင်းရာဌာနတော်နှင့် ဆိုင်သောပစ္စည်းများကိုလည်းကောင်း၊ ယဇ် ပလ္လင်ကိုလည်းကောင်းမထိမကိုင်ရ။ အကယ် ၍ထိကိုင်မိလျှင်သင်နှင့်တကွသူတို့သည် သေဒဏ်ခံရကြမည်။- အခန်းကိုကြည့်ပါ။Garrad Bible3 သင့် ဝေ ယျာ ဝ စ္စ နှင့် တဲ တော် ဝေ ယျာ ဝ စ္စ ကို ဆောင် ရွက် ကြ ရာ သင် တို့ နှင့် တ ကွ သေ ဘေး ကင်း လွတ် ရန် သန့် ရှင်း ရာ ဌာ န အ သုံး အ ဆောင် များ သို့ လည်း ကောင်း၊ ပူ ဇော် ရာ ပ လ္လင် တော် သို့ လည်း ကောင်း မ ချဉ်း ကြ ရ။ အခန်းကိုကြည့်ပါ။Judson Bible3 လေဝိသားတို့သည် သင့်ကိုလည်းကောင်း၊ တဲတော်ရှိသမျှကိုလည်းကောင်း စောင့်ရကြမည်။ သို့ရာတွင် သင်တို့နှင့်သူတို့သည် သေဘေးလွတ်မည်အကြောင်း၊ သူတို့သည် တဲတော်တန်ဆာ၊ ယဇ်ပလ္လင်တန်ဆာများကို မချဉ်းကပ်ရကြ။ အခန်းကိုကြည့်ပါ။ |
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။