ဖြန့်ထားသောခေရုဗိမ်တို့၏အတောင်ပံများသည် အတောင်နှစ်ဆယ် အရှည်ရှိ၏။ ခေရုဗိမ်ရုပ်တို့သည် ပင်မဆောင်ဘက်မျက်နှာမူ၍ ရပ်လျက်နေ၏။
၂ ရာချုပ် 3:14 - မြန်မာ့စံမီသမ္မာကျမ်း ကန့်လန့်ကာကိုလည်း အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ ကြက်သွေးရောင်ချည်နှင့် ချည်ချောများဖြင့် ရက်လုပ်၏။ ထိုကန့်လန့်ကာတွင် ခေရုဗိမ်ရုပ်များကို ပုံဖော်ရက်လုပ်ထား၏။ Common Language Bible အလွန်သန့်ရှင်းရာဌာနတော်အတွက်ပိတ်ချော ချည်မှစ၍အပြာ၊ အမောင်း၊ အနီချည်တို့ဖြင့် ပြီး၍ခေရုဗိမ်ရုပ်များဖြင့်ခြယ်လှယ်ထား သောကန့်လန့်ကာကိုလည်းယက်လုပ်ထား လေသည်။ Garrad Bible ပိတ် ချော မှ စ၍ အ ပြာ၊ အ မောင်း၊ အ နီ ချည် များ နှင့် ခေ ရု ဗ ပုံ ပါ ကန့် လန့် ကာ ကို ရက် လုပ် စေ ၏။ Judson Bible ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာကိုလည်း လုပ်လေ၏။ |
ဖြန့်ထားသောခေရုဗိမ်တို့၏အတောင်ပံများသည် အတောင်နှစ်ဆယ် အရှည်ရှိ၏။ ခေရုဗိမ်ရုပ်တို့သည် ပင်မဆောင်ဘက်မျက်နှာမူ၍ ရပ်လျက်နေ၏။
ဝင်းအဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကိုလုပ်၏။ ထိုလိုက်ကာ၏အလျားသည် အတောင်နှစ်ဆယ်၊ အနံသည် ဝင်းအကာ၏အမြင့်အတိုင်း ငါးတောင်ရှိ၏။
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်သောအခါ အာရုန်နှင့်သူ၏သားတို့သည်ဝင်လာ၍ ကန့်လန့်ကာကိုဖြုတ်သိမ်းပြီးလျှင် ထိုကန့်လန့်ကာဖြင့် သက်သေခံချက်သေတ္တာတော်ကို ဖုံးအုပ်ရမည်။
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။ မြေကြီးသည်လှုပ်၍ ကျောက်များသည် အက်ကွဲလေ၏။
ထိုသွေးတော်အားဖြင့် ကိုယ်တော်သည် မိမိကိုယ်ကာယတည်းဟူသော ကန့်လန့်ကာမှတစ်ဆင့် ငါတို့အတွက် အသက်ရှင်သည့်လမ်းသစ်ကို ပြင်ဆင်ပေးတော်မူ၏။
ဒုတိယကန့်လန့်ကာ၏နောက်တွင်မူကား အလွန်သန့်ရှင်းရာဌာနဟုခေါ်သောတဲတော်ရှိ၏။