လူတို့သည်လည်း စေတနာစိတ်နှင့်ပေးလှူရသည်ကို ဝမ်းမြောက်ကြ၏။ စိတ်နှလုံးအကြွင်းမဲ့ စေတနာစိတ်ရှိသည့်အတိုင်း ထာဝရဘုရားထံပေးလှူကြ၏။ ဒါဝိဒ်မင်းကြီးလည်း အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလေ၏။
၂ ရာချုပ် 29:36 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် လူတို့အဖို့ ပြုပေးတော်မူသဖြင့် အချိန်အနည်းငယ်အတွင်း ထိုအမှုများဖြစ်မြောက်လာသောကြောင့် ဟေဇကိမင်းကြီးနှင့် ပြည်သူပြည်သားတို့ အလွန်ပျော်ရွှင်ဝမ်းမြောက်ကြ၏။ Common Language Bible ထာဝရဘုရားသည်ဤအမှုတို့ကိုလျင် မြန်စွာဆောင်ရွက်နိုင်ခွင့်ပေးတော်မူသဖြင့် ဟေဇကိမင်းနှင့်ပြည်သူတို့သည် ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ Garrad Bible လူ မျိုး တော် အ ဖို့ ဘု ရား သ ခင် စီ စဉ် တော် မူ သော ဝတ် မှု ကို ရုတ် တ ရက် ဆောင် ရွက် နိုင် ကြ သောကြောင့်၊ ဟေ ဇ ကိ မင်း နှင့် လူ ပ ရိ သတ် အ ပေါင်း တို့ သည်၊ အား ရ ဝမ်း မြောက် ကြ ကုန် ၏။ Judson Bible ထိုအမှုလျင်မြန်သော်လည်း၊ ဘုရားသခင်သည် လူများကို ပြင်ဆင်တော်မူသောကြောင့်၊ ဟေဇကိနှင့် လူအပေါင်းတို့သည် ဝမ်းမြောက်အားရကြ၏။ |
လူတို့သည်လည်း စေတနာစိတ်နှင့်ပေးလှူရသည်ကို ဝမ်းမြောက်ကြ၏။ စိတ်နှလုံးအကြွင်းမဲ့ စေတနာစိတ်ရှိသည့်အတိုင်း ထာဝရဘုရားထံပေးလှူကြ၏။ ဒါဝိဒ်မင်းကြီးလည်း အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလေ၏။
ဤတွင် များစွာသောမီးရှို့ရာယဇ်အပြင် အဆီဖြင့်ပူဇော်သောမိတ်သဟာယယဇ်များ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်ပူဇော်သော မီးရှို့ရာယဇ်များလည်း ပါရှိ၏။ ဤသို့ဖြင့် ထာဝရဘုရား၏အိမ်တော်အမှုကို ပြန်လည်အသက်ဝင်စေခဲ့၏။
ဂျေရုဆလင်မြို့ရှိ ထာဝရဘုရားအိမ်တော်သို့လာ၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲတော်ကျင်းပကြရန် ဟေဇကိမင်းကြီးသည် အစ္စရေးလူမျိုး၊ ယုဒလူမျိုးအပေါင်းတို့ထံ သတင်းပို့၏။ ဧဖရိမ်လူမျိုး၊ မနာရှေလူမျိုးတို့ထံသို့လည်း စာရေးအကြောင်းကြား၏။
ထာဝရဘုရားမိန့်မှာချက်အရ ရှင်ဘုရင်နှင့်မှူးမတ်တို့၏စကားကိုလိုက်နာရန် ယုဒပြည်သားတို့အား တစ်စိတ်တစ်သဘောတည်းရှိခြင်းကို ဘုရားသခင်ပေးသနားတော်မူ၏။
ထာဝရဘုရားသည် သူတို့အား ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မူ၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်အိမ်တော် တည်ဆောက်ရာတွင်လည်း သူတို့အား အဆီးရီးယားဘုရင်ထောက်ပံ့ပေးလိုသောစိတ်ရှိစေရန် ပြုတော်မူသောကြောင့် သူတို့သည် တဆေးမဲ့မုန့်ပွဲတော်ကို ခုနစ်ရက်တိုင်တိုင် ဝမ်းမြောက်စွာကျင်းပကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက် သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
စိတ်နှလုံး၏တွေးတောကြံစည်မှုတို့သည် လူနှင့်ဆိုင်၏။ လျှာဖြေကြားသောစကားမူကား ထာဝရဘုရားထံတော်မှလာ၏။
ထိုအခါ ပေတရု၏စကားကိုလက်ခံသောသူတို့သည် ဗတ္တိဇံခံကြသဖြင့် ထိုနေ့၌ လူပေါင်းသုံးထောင်ခန့်မျှတိုးပွားလာ၏။