ထို့နောက် သူတို့သည် ပသခါသိုးသငယ်ကိုသတ်ပြီး သိုးသငယ်အရေခွံကို လေဝိအမျိုးတို့ဆုတ်နေချိန်တွင် ယဇ်ပုရောဟိတ်တို့သည် သိုးသငယ်သွေးကို ယူ၍ဖျန်းကြ၏။
၂ ရာချုပ် 29:22 - မြန်မာ့စံမီသမ္မာကျမ်း နွားတို့ကိုသတ်ကြပြီးနောက် ယဇ်ပုရောဟိတ်တို့သည် သွေးကိုယူ၍ ယဇ်ပလ္လင်ပေါ်တွင် ဖျန်းကြ၏။ သိုးထီးတို့ကိုလည်း သတ်ပြီးသွေးကို ယဇ်ပလ္လင်ပေါ်တွင် ဖျန်းကြ၏။ သိုးသငယ်တို့ကိုလည်း သတ်ပြီးသွေးကို ယဇ်ပလ္လင်ပေါ်တွင် ဖျန်းကြ၏။ Common Language Bible ယဇ်ပုရောဟိတ်တို့သည်ဦးစွာနွားများ ကိုသတ်၍ သွေးကိုယဇ်ပလ္လင်ပေါ်တွင်ပက် ဖြန်းကြ၏။ ထိုနောက်သိုးများကိုသတ်၍ သွေးကိုယဇ်ပလ္လင်ပေါ်တွင်ပက်ဖြန်းကြ၏။ ထိုနောက်သိုးငယ်များကိုသတ်၍သွေး ကိုယဇ်ပလ္လင်ပေါ်တွင်ပက်ဖြန်းကြ၏။- Garrad Bible နွား များ ကို စီ ရင်၍၊ ပ ရော ဟိတ် တို့ သည် အ သွေး ကို သယ် ယူ လျက်၊ ပ လ္လင် တော် ပေါ် တွင် သွန်း ပက် ကြ ၏။ သိုး ကြီး သိုး ငယ် တို့ ကို လည်း စီ ရင်၍၊ အ သွေး ကို ပ လ္လင် တော် ပေါ် တွင် သွန်း ပက် ကြ ပြီး မှ၊ Judson Bible နွားတို့ကိုသတ်၍ ယဇ်ပုရောဟိတ်တို့သည် အသွေးကိုခံလျက်၊ ယဇ်ပလ္လင်ပေါ်မှာ ဖျန်းကြ၏။ သိုးတို့ကိုလည်းသတ်၍၊ အသွေးကို ယဇ်ပလ္လင်ပေါ်မှာ ဖျန်းကြ၏။ သိုးသငယ်တို့ကိုလည်း သတ်၍ အသွေးကို ယဇ်ပလ္လင်ပေါ်မှာ ဖျန်းကြ၏။ |
ထို့နောက် သူတို့သည် ပသခါသိုးသငယ်ကိုသတ်ပြီး သိုးသငယ်အရေခွံကို လေဝိအမျိုးတို့ဆုတ်နေချိန်တွင် ယဇ်ပုရောဟိတ်တို့သည် သိုးသငယ်သွေးကို ယူ၍ဖျန်းကြ၏။
သူသည် နွားထီးပျိုကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် သွေးကိုယူဆောင်လာ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝရှိ ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ထိုသွေးကို ဖျန်းရမည်။
ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်ထဲ၌ရှိသည့် ယဇ်ပလ္လင်ချိုများကိုလည်း ထိုသွေးဖြင့်သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ရှိသော မီးရှို့ရာယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင်၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
သွေးအချို့ကို ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်ထဲ၌ရှိသည့် အမွှေးနံ့သာပေါင်းယဇ်ပလ္လင်၏ချိုများ၌ သုတ်လိမ်းရမည်။ နွားထီး၏ကျန်သွေးအားလုံးကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ရှိသော မီးရှို့ရာယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
မောရှေသည် အာရုန်၏သားတို့ကိုလည်းခေါ်ဆောင်လာ၍ သွေးအချို့ဖြင့် သူတို့၏ယာဘက်နားပျဉ်း၌လည်းကောင်း၊ ယာဘက်လက်မနှင့်ယာဘက်ခြေမ၌လည်းကောင်း သုတ်လိမ်း၏။ ထို့နောက် မောရှေသည် ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌လည်း သွေးကိုဖျန်း၏။