၂ ရာချုပ် 29:21 - မြန်မာ့စံမီသမ္မာကျမ်း21 သူတို့သည် တိုင်းပြည်အတွက်၊ သန့်ရှင်းရာဌာနတော်အတွက်၊ ယုဒပြည်သူတို့အတွက် အပြစ်ဖြေရာယဇ်အဖြစ် နွားထီး ခုနစ်ကောင်၊ သိုးထီး ခုနစ်ကောင်၊ သိုးသငယ် ခုနစ်ကောင်၊ ဆိတ်ထီး ခုနစ်ကောင်တို့ကို ယူဆောင်လာပြီး ဟေဇကိမင်းကြီးက အာရုန်၏သားမြေးယဇ်ပုရောဟိတ်တို့အား ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်တွင်ပူဇော်ရန် မိန့်ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible21 မင်းဆွေမင်းမျိုးများအပြစ်၊ ယုဒပြည်သူ များအပြစ်ပြေစေရန်နှင့် ဗိမာန်တော်သန့် စင်စေရန်သူတို့သည်နွားခုနစ်ကောင်၊ သိုး ခုနစ်ကောင်၊ သိုးငယ်ခုနစ်ကောင်နှင့်ဆိတ် ခုနစ်ကောင်ကိုယူဆောင်သွားကြ၏။ မင်း ကြီးသည်အာရုန်မှဆင်းသက်သောယဇ် ပုရောဟိတ်တို့အား``တိရစ္ဆာန်များကိုယဇ် ပလ္လင်ပေါ်တွင်တင်၍ပူဇော်ကြလော့'' ဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible21 မင်း မျိုး၊ ဗိ မာန် တော် နှင့် ယု ဒ လူ မျိုး တို့ အ ဖို့ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ဆောင် ခဲ့ သော ဆိတ် ထီး ခု နစ် ကောင် နှင့် တ ကွ၊ နွား၊ သိုး ထီး၊ သိုး သား ငယ် ခု နစ် ကောင် စီ ကို၊ ထာ ဝ ရ ဘု ရား၏ ပူ ဇော် ရာ ပ လ္လင် တော့် ပေါ် မှာ ဆက် ကပ် စေ ခြင်း ငှါ၊ အာ ရုန့် အ နွယ် ပ ရော ဟိတ် တို့ အား မိန့် ဆို သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible21 နန်းတော်အပြစ်၊ သန့်ရှင်းရာဌာနတော်အပြစ်၊ ယုဒပြည်အပြစ်ဖြေရာ ယဇ်ပူဇော်စရာဖို့ နွားခုနစ်ကောင်၊ သိုးခုနစ်ကောင်၊ သိုးသငယ်ခုနစ်ကောင်၊ ဆိတ်ခုနစ်ကောင်တို့ကို ဆောင်ခဲ့ကြ၏။ အာရုန်သား ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်စေခြင်းငှာ မိန့်တော်မူသည်အတိုင်း၊ အခန်းကိုကြည့်ပါ။ |
ဖမ်းခေါ်သွားခြင်းခံရသောသုံ့ပန်းတို့သည် ပြန်လာ၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။ အစ္စရေးတစ်မျိုးသားလုံးအတွက် နွားထီး တစ်ဆယ့်နှစ်ကောင်၊ သိုးထီး ကိုးဆယ့်ခြောက်ကောင်၊ သိုးသငယ် ခုနစ်ဆယ့်ခုနစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီး တစ်ဆယ့်နှစ်ကောင်တို့ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ်ပူဇော်ကြ၏။
ထို့ကြောင့် နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်ကိုယူ၍ ငါ့အစေအပါးယောဘဆီသွားပြီး မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့အစေအပါးယောဘသည် သင်တို့အဖို့ ဆုတောင်းပေးလိမ့်မည်။ သင်တို့သည် ငါ့အကြောင်းကို ယောဘကဲ့သို့ မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့မိုက်မဲခဲ့သည့်အတိုင်း သင်တို့ကိုမစီရင်မည့်အကြောင်း သူဆုတောင်းပေးလျှင် သူ့မျက်နှာကိုထောက်ပြီး ငါလက်ခံမည်”ဟု မိန့်တော်မူ၏။