မိမိ၏ဒုတိယရထားကို စီးစေ၏။ ရှေ့တော်ပြေးတို့ကိုလည်း “ဒူးထောက်ကြလော့”ဟု ဟစ်အော်စေ၏။ ဤသို့ဖြင့် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးရန် ယောသပ်အားခန့်ထားလေ၏။
၂ ရာချုပ် 28:7 - မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်စစ်သူရဲဇိခရိသည်လည်း ဘုရင့်သားတော်မာသေယ၊ နန်းတော်အုပ်အာဇရိကံ၊ ရှင်ဘုရင်ပြီးလျှင် ရာထူးအကြီးဆုံးဧလကာနတို့ကို ကွပ်မျက်လေ၏။ Common Language Bible ဇိခရိဆိုသူဣသရေလတပ်သားတစ်ယောက် သည် အာခတ်၏သားတော်မာသေယ၊ နန်းတော် အုပ်ချုပ်ရေးမှူးအာဇရိကံနှင့်ဘုရင့်အမတ် ချုပ်ဧလကာနတို့ကိုလုပ်ကြံသတ်ဖြတ် လိုက်လေသည်။- Garrad Bible ဘု ရင် မင်း၏ သား တော် မာ သေ ယ၊ လက် သုံး တော် ချုပ် အာ ဇ ရိ ကံ၊ နန်း ရံ ဧ လ ကာ န တို့ ကို လည်း၊ ဧ ဖ ရိမ့် အ နွယ် သူ ရဲ ဇိ ခ ရိ ကွပ် မျက် သည့် ပြင်၊ Judson Bible ခွန်အားကြီးသော ဧဖရိမ်သား ဇိခရိသည်၊ ရှင်ဘုရင်သား မာသေယ၊ နန်းတော်အုပ် အာဇရိကံ၊ ရှင်ဘုရင်နောက် ဒုတိယမင်း ဧလကာနကိုသတ်၏။ |
မိမိ၏ဒုတိယရထားကို စီးစေ၏။ ရှေ့တော်ပြေးတို့ကိုလည်း “ဒူးထောက်ကြလော့”ဟု ဟစ်အော်စေ၏။ ဤသို့ဖြင့် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးရန် ယောသပ်အားခန့်ထားလေ၏။
သင်တို့လက်ထဲ၌ ငွေနှစ်ဆယူသွားကြလော့။ သင်တို့၏အိတ်ဝတွင် ပြန်ထည့်ပေးလိုက်သောငွေကိုလည်း ပြန်ယူသွားကြလော့။ မှား၍ထည့်ပေးလိုက်ခြင်းဖြစ်ကောင်းဖြစ်မည်။
ထို့ကြောင့် သူတို့သည် လက်ဆောင်တို့ကိုယူဆောင်သွား၍ သူတို့လက်ထဲ၌ ငွေနှစ်ဆနှင့်တကွ ဗင်္ယာမိန်ကိုလည်း ခေါ်ဆောင်သွားကြ၏။ သူတို့သည် ထ၍အီဂျစ်ပြည်သို့ဆင်းသွားကာ ယောသပ်ရှေ့၌ အခစားဝင်ကြ၏။
သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ယုဒပြည်တွင် ရေမလိ၏သားပေကာမင်းကြီး၏လက်ချက်ဖြင့် စစ်သူရဲအားလုံး တစ်သိန်းနှစ်သောင်း တစ်နေ့ချင်းတွင် သေကြရ၏။
အစ္စရေးအမျိုးသားတို့သည် သူတို့၏ဆွေမျိုးသားချင်းထဲမှ မိန်းမများ၊ သားသမီးများစုစုပေါင်း နှစ်သိန်းတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ သူတို့ထံမှ တိုက်ရာပါပစ္စည်းအများအပြားတို့ကိုလည်း သိမ်းယူပြီး ရှမာရိမြို့သို့ ယူဆောင်သွားကြ၏။
စင်စစ် ဂျူးလူမျိုးမော်ဒကဲသည် အာရွှေရုမင်းကြီးပြီးလျှင် ရာထူးအကြီးဆုံးဖြစ်၏။ သူသည် ကိုယ့်အမျိုးအနွယ်အပေါင်းတို့အား မေတ္တာစကားကိုသာပြောဆိုတတ်ပြီး ကိုယ့်လူမျိုးကောင်းကျိုးကို ရှာကြံတတ်သူဖြစ်သဖြင့် ဂျူးလူမျိုးတို့ထဲတွင် ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်၏။ ဆွေမျိုးသားချင်းတို့၏ချစ်မြတ်နိုးမှုကို ရရှိသူလည်း ဖြစ်၏။