၂ ရာချုပ် 28:8 - မြန်မာ့စံမီသမ္မာကျမ်း8 အစ္စရေးအမျိုးသားတို့သည် သူတို့၏ဆွေမျိုးသားချင်းထဲမှ မိန်းမများ၊ သားသမီးများစုစုပေါင်း နှစ်သိန်းတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ သူတို့ထံမှ တိုက်ရာပါပစ္စည်းအများအပြားတို့ကိုလည်း သိမ်းယူပြီး ရှမာရိမြို့သို့ ယူဆောင်သွားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 ဣသရေလတပ်မတော်သည်မိမိတို့၏ဆွေ မျိုးသားချင်းဖြစ်ကြသောအမျိုးသားတို့ အနက် ယုဒအမျိုးသမီးနှင့်ကလေးနှစ်သိန်း ကိုဖမ်းဆီး၍လက်ရပစ္စည်းအမြောက်အမြား နှင့်တကွရှမာရိမြို့သို့သိမ်းသွားကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ဣ သ ရေ လ လူ မျိုး တို့ သည်၊ ကိုယ့် ဆွေ မျိုး သား ချင်း တို့ အ နက်၊ မိန်း မ နှင့် သား သ မီး ပါ၊ လူ ပေါင်း နှစ် သိန်း ကို သုံ့ ဘမ်း၍၊ လက် ရ ဥ စ္စာ များ နှင့် တ ကွ ရှ မာ ရိ မြို့ သို့ သိမ်း သွား လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ဣသရေလအမျိုးသားတို့သည်လည်း၊ မိမိတို့နှင့် ပေါက်ဖော်တော်သော ယောက်ျား၊ မိန်းမ၊ သား၊ သမီးပေါင်းနှစ်သိန်းကို ဖမ်းဆီးသိမ်းသွားကြ၏။ များစွာသောဥစ္စာကိုလည်း လုယူ၍ ရှာမာရိမြို့သို့ ဆောင်သွားကြ၏။ အခန်းကိုကြည့်ပါ။ |