ထို့နောက် ယာကုပ်သည် တောင်ပေါ်၌ယဇ်ကောင်ကိုပူဇော်၍ အစားအစာစားသောက်ရန် မိမိ၏ဆွေမျိုးသားချင်းတို့ကိုဖိတ်ခေါ်လေ၏။ သူတို့သည်လည်း အစားအစာစားသောက်ပြီးလျှင် တောင်ပေါ်၌ ညအိပ်နားကြ၏။
၂ ရာချုပ် 28:4 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် အထွတ်အမြတ်ထားရာနေရာများ၊ တောင်ကုန်းပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက်တို့တွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကိုလည်း မီးရှို့ပူဇော်၏။ Common Language Bible ရုပ်တုကိုးကွယ်ရာဌာနများ၌လည်းကောင်း၊ တောင်ကုန်းများပေါ်၌လည်းကောင်း၊ အရိပ် ကောင်းသည့်သစ်ပင်ရှိသမျှတို့အောက်၌ လည်းကောင်းအာခတ်သည်ယဇ်များကို ပူဇော်၍နံ့သာပေါင်းကိုမီးရှို့၏။ Garrad Bible မြင့် ရာ ဌာ န များ ၌ လည်း ကောင်း၊ ကုန်း များ ပေါ်၌ လည်း ကောင်း၊ အ ရပ် ရပ် ရှိ စိမ်း လန်း သော သစ် ပင် များ အောက်၌ လည်း ကောင်း၊ ပူ ဇော်၍ မီး ဖြင့် ဆက် ကပ် လေ့ ရှိ ၏။ Judson Bible မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက်တို့၌ ယဇ်ပူဇော်၍၊ နံ့သာပေါင်းကို မီးရှို့တတ်၏။ |
ထို့နောက် ယာကုပ်သည် တောင်ပေါ်၌ယဇ်ကောင်ကိုပူဇော်၍ အစားအစာစားသောက်ရန် မိမိ၏ဆွေမျိုးသားချင်းတို့ကိုဖိတ်ခေါ်လေ၏။ သူတို့သည်လည်း အစားအစာစားသောက်ပြီးလျှင် တောင်ပေါ်၌ ညအိပ်နားကြ၏။
ယေရောဗောင်က သူ့မိဖုရားအား “သင့်ကို ယေရောဗောင်၏မိဖုရားမှန်း လူတို့မသိအောင် ရုပ်ဖျက်ပြီး ရှိလောမြို့ရှိပရောဖက် အဟိယထံသို့သွားလော့။ သူက ငါ့အား သင်သည် ဤလူမျိုးကို အုပ်ချုပ်ရမည်ဟု ပြောခဲ့သောသူဖြစ်၏။
သူတို့သည် အထွတ်အမြတ်ထားရာနေရာများ၊ ကျောက်တိုင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ကုန်းမြင့်ရှိသမျှ၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ကိုယ့်အဖို့ တည်ထားကြ၏။
ထို့ပြင် အထွတ်အမြတ်ထားရာနေရာများ၊ တောင်ကုန်းပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက်တို့တွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကိုလည်း မီးရှို့ပူဇော်၏။
အာသမင်းကြီးသည် အစ္စရေးပြည်ရှိ အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့သော်လည်း သူအသက်ရှင်သမျှကာလပတ်လုံး သူ၏စိတ်နှလုံးသည် ပြည့်ဝစုံလင်ခြင်း ရှိလေ၏။
အစ္စရေးဘုရင်အာခတ်မင်းကြီးကြောင့် ယုဒပြည်သားတို့သည် ထာဝရဘုရားအပေါ် သစ္စာမရှိ ဖောက်ပြန်မှားယွင်း၍ အထိန်းအကွပ်မဲ့ပြုမူကြ၏။ ထို့ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို နှိမ့်ချတော်မူ၏။
ယုဒပြည်ရှိ မြို့တိုင်းတွင် အခြားဘုရားတို့ကို နံ့သာပေါင်းမီးရှို့ပူဇော်ရန်အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို တည်၏။ ဤသို့ဖြင့် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို အမျက်ထွက်စေ၏။
ငါသည် သင်တို့အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီး၍ သင်တို့၏နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်တို့ကို ခုတ်လှဲမည်။ သင်တို့၏အလောင်းတို့ကို သင်တို့၏သက်မဲ့ရုပ်တုများအပေါ်၌ စုပုံထားမည်။ ငါ၏စိတ်ဝိညာဉ်သည် သင်တို့ကိုရွံရှာမည်။
ဤအရာအလုံးစုံတို့သည် ယာကုပ်အမျိုးအနွယ်၏ပုန်ကန်မှု၊ အစ္စရေးအမျိုးအနွယ်၏အပြစ်ကျူးလွန်မှုကြောင့် ဖြစ်၏။ ယာကုပ်၏ပုန်ကန်မှုကား အဘယ်အရာနည်း။ ရှမာရိမြို့မဟုတ်လော။ ယုဒ၏အထွတ်အမြတ်ထားရာကား အဘယ်အရာနည်း။ ဂျေရုဆလင်မြို့မဟုတ်လော။