၂ ရာချုပ် 28:4 - Common Language Bible4 ရုပ်တုကိုးကွယ်ရာဌာနများ၌လည်းကောင်း၊ တောင်ကုန်းများပေါ်၌လည်းကောင်း၊ အရိပ် ကောင်းသည့်သစ်ပင်ရှိသမျှတို့အောက်၌ လည်းကောင်းအာခတ်သည်ယဇ်များကို ပူဇော်၍နံ့သာပေါင်းကိုမီးရှို့၏။ အခန်းကိုကြည့်ပါ။Garrad Bible4 မြင့် ရာ ဌာ န များ ၌ လည်း ကောင်း၊ ကုန်း များ ပေါ်၌ လည်း ကောင်း၊ အ ရပ် ရပ် ရှိ စိမ်း လန်း သော သစ် ပင် များ အောက်၌ လည်း ကောင်း၊ ပူ ဇော်၍ မီး ဖြင့် ဆက် ကပ် လေ့ ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible4 မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက်တို့၌ ယဇ်ပူဇော်၍၊ နံ့သာပေါင်းကို မီးရှို့တတ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ထို့ပြင် အထွတ်အမြတ်ထားရာနေရာများ၊ တောင်ကုန်းပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက်တို့တွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကိုလည်း မီးရှို့ပူဇော်၏။ အခန်းကိုကြည့်ပါ။ |
သူသည်ယုဒပြည်မြို့ကြီးမြို့ငယ်ဟူသမျှ တွင် လူမျိုးခြားသားများ၏ဘုရားများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန် ရုပ်တုကိုးကွယ် ရာဌာနများကိုလည်းတည်ဆောက်၏။ ဤနည်း အားဖြင့်မိမိအပေါ်သို့ ဘိုးဘေးများ၏ ဘုရားသခင်ထာဝရဘုရား၏အမျက်တော် ကိုသက်ရောက်စေလေသည်။
ဣသရေလအမျိုးသားတို့သည် အပြစ် ကူးလွန်၍ဘုရားသခင်အားပုန်ကန်ကြ သောကြောင့် ဤအဖြစ်မျိုးနှင့်တွေ့ကြုံရ ကြမည်။ ဣသရေလအမျိုးသားတို့၏ ပုန်ကန်မှုအတွက် မည်သူ့ကိုအပြစ်တင် ရပါမည်နည်း။ ရှမာရိမြို့တော်မဟုတ် လော။ ယုဒလူမျိုးများကိုးကွယ်နေသည့် မြင့်ရာအရပ်ကားအဘယ်မှာနည်း။ ယေရုရှလင်မြို့တော်၌မဟုတ်လော။-